အခ်စ္နွင့္ဘဝ

ထစ်ခနဲရှိ ငိုတတ်တဲ့ မိန်းကလေးတွေကို သင့်အနေနဲ့ချစ်သူတော်ထားရတာကံကောင်းခြင်းလက္ခဏာများ

ထစ်ခနဲရှိဝမ်းနည်းပြီးငိုတတ်တဲ့မိန်းကလေးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတာဟာ

သင့်အနေနဲ့ စိတ်ညစ်စရာလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။

ဒရာမာခင်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ရတဲ့အချိန်တွေလည်းရှိကောင်းရှိမှာပါပဲ။

ဒါပေမဲ့ သင့်မှာ အဲ့ဒီလိုငိုတတ်တဲ့ချစ်သူမိန်းကလေးရှိနေတာဟာ သင့်အတွက်လက်ဆောင်တစ်ခုပါ။

ဘာလို့လဲဆိုရင်…

*စိတ်ထိခိုက်လွယ်ပြီးခဏခဏငိုတတ်တဲ့မိန်းကလေးတွေဟာ သူမတို့ရဲ့ခံစားချက်ကို

ဝန်ခံပြောပြရမှာလည်းဝန်မလေးတတ်ကြပါဘူး။

ဒါကြောင့် သင့်အနေနဲ့ သူမဘာတွေဖုံးကွယ်ထားလဲဆိုတာ စိတ်ပူစရာမလိုပါဘူး။

သူမက သင့်ကိုဖြစ်သမျှအကြောင်းအရာ၊သူမစိတ်ထဲခံစားရသမျှကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပါလိမ့်မယ်။

*သူမရဲ့နှလုံးသားထဲမှာလည်း အမုန်းတွေမရှိတာသင်တွေ့ရပါလိမ့်မယ်။

သူမ တစ်ခါငိုလေ သူမရဲ့စိတ်မကောင်းစရာအတွေးတွေ၊မကောင်းမြင်စိတ်တွေက ကင်းဝေးသွားပြီး

အကောင်းမြင်စိတ်တွေအတွက် နေရာပိုဆန့်လာပါတယ်။

ငိုကြွေးတာဟာ စိတ်ခံစားချက်တွေကိုတစ်ခါတည်းဖွင့်ဟလိုက်တာဖြစ်တာကြောင့် ရန်ဖြစ်ပြီးရင်တောင်

သူမစိတ်ထဲ အငြိုးအတေးတွေကျန်နေခဲ့မှာမဟုတ်ပါဘူး။

*သူမဟာ စိတ်ဖိစီးမှုအနည်းဆုံးလူသားကောင်မလေးတောင်ဖြစ်ပါသေးတယ်။

ဘာလို့လဲဆိုရင် ငိုကြွေးတာဟာစိတ်ဖိစီးမှုတွေကိုပြေပျောက်စေလို့

ုသူမစိတ်ဆိုးဒေါသထွက်ပြီး ငိုလိုက်တဲ့အခါ အဲ့ဒီစိတ်ဖိစီးမှုတွေက

ကျန်ရစ်မနေတော့ပဲတစ်ခါတည်းလွင့်ပျောက်သွားပါတယ်။

တစ်ချို့သူတွေက ငိုလည်းမငိုသလို သူတို့ရဲ့အဆိုးမြင်စိတ်တွေ၊

မကောင်းတဲ့ခံစားချက်တွေကိုစိတ်ထဲမှာအမြဲသိမ်းထားလေ့ရှိပါတယ်။

ဒါတွေက စုပုံလာတဲ့အခါ အချစ်ရေးတစ်ခုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သူမကတော့ အဲ့ဒီလိုမဟုတ်တဲ့အတွက် သင်တို့ရဲ့အချစ်ရေးက ရန်ဖြစ်လိုက်

ပြန်ချစ်လိုက် အချစ်ရေးမျိုးပဲ ဖြစ်ပါလိမ့်မယ်။

*မကြာခဏငိုကြွေးတတ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာနူးညံ့သိမ်မွေ့တဲ့အတွက်

သူမဟာ တစ်ခြားသူအပေါ်မှာလည်းကြင်နာတတ်မယ်။

ကိုယ်ချင်းစာတတ်မယ်ဆိုတာ မလွဲပါဘူး။

စိတ်ခံစားချက်ကိုဦးစားပေးတဲ့အတွက် သူမဟာ တစ်ခြားသူတွေရဲ့စိတ်ထဲမှာလည်း

ဘယ်လိုဖြစ်နေမလဲဆိုတာ သူမက နားလည်ပေးတတ်တဲ့သူတစ်ယောက်ပါ။

ဝမ်းနည်းရတဲ့ခံစားချက်ကို ဘယ်လိုလဲဆိုတာ သူမကောင်းကောင်းသိတဲ့အတွက်

သူမဟာ တစ်ခြားသူတွေကို ဝမ်းမနည်းရအောင်၊ အားမငယ်ရအောင်ကူညီပေးတတ်သူလည်းဖြစ်ပါသေးတယ်။

*သူမဟာ သင့်ရှေ့မှာ ငိုကြွေးတယ်ဆိုရင် ဒါဟာ သင့်ကို သူမ ယုံကြည်စိတ်ချတယ်ဆိုတဲ့သဘောပါပဲ။

သူမဟာ သင့်ရှေ့မှာ သူမကိုယ်သူမ အမှန်အတိုင်း ချပြဖို့ဝန်မလေးဘူး။သူမခံစားချက်တွေဖွင့်ဟဖို့ ဝန်မလေးဘူး။

သင့်ကြောင့် ဝမ်းနည်းပြီး ငိုရင်တောင် သင့်ရှေ့မှာငိုတာက သူမအနေနဲ့ ဝမ်းနည်းပေမဲ့

ဒီလူရှေ့မှာငိုလိုက်တာက သက်တောင့်သက်သာဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်နေလို့ပါ။

*နောက်ဆုံးအချက်ကတော့ ဒီလိုခဏခဏငိုကြွေးတတ်တဲ့ချစ်သူမိန်းကလေးမျိုးရှိနေတာဟာ

သင့်အတွက် အချစ်ကိုဖော်ပြဖို့အခွင့်အရေးတစ်ခု ရှိနေတာပါပဲ။

သူမဝမ်းနည်းနေရင် ဖေးမပေးမယ်။အားပေးနှစ်သိမ့်မယ်။

ကိုယ့်ကြောင့်စိတ်ညစ်ရ၊စိတ်တိုရရင်တောင် သူမကိုနားလည်အောင်ရှင်းပြမယ်။

တစ်ခါတစ်လေ ရိုမန်တစ်ဆန်ဆန်ချော့တာမျိုးပေါ့။

အမြဲတမ်းအလျှော့ပေးနေရမယ်မဆိုလိုပါဘူး။

ဒါပေမဲ့ သူမကစိတ်ပိုင်းဆိုင်ရာနူးညံ့တဲ့အတွက် သူမကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်

သူမနားလည်သဘောပေါက်အောင်ရှင်းပြပေးဖို့လည်း ဝန်မလေးပါနဲ့။

သူမငိုတယ်ဆိုတာကလည်း သူမချစ်တဲ့သင့်ကိုဆုံးရှုံးမှာစိုးလို့ပါ။

တစ်ခုခုဖြစ်ရင်တောင် သင့်ကိုပြဿနာရှာ ရန်တွေ့ဖို့ထက် ဝမ်းနည်းပြီးငိုတတ်တဲ့မိန်းကလေးမျိုးကို

သင့်အနေနဲ့ချစ်သူတော်ထားရတာကံကောင်းပါတယ်နော်။

Unicode

ထစ်ခနဲရှိ ငိုတတ်တဲ့ မိန်းကလေးတွေကို သင့်အနေနဲ့ချစ်သူတော်ထားရတာကံကောင်းခြင်းလက္ခဏာများ

ထစ်ခနဲရှိဝမ်းနည်းပြီးငိုတတ်တဲ့မိန်းကလေးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတာဟာ

သင့်အနေနဲ့ စိတ်ညစ်စရာလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။

ဒရာမာခင်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ရတဲ့အချိန်တွေလည်းရှိကောင်းရှိမှာပါပဲ။

ဒါပေမဲ့ သင့်မှာ အဲ့ဒီလိုငိုတတ်တဲ့ချစ်သူမိန်းကလေးရှိနေတာဟာ သင့်အတွက်လက်ဆောင်တစ်ခုပါ။

ဘာလို့လဲဆိုရင်…

*စိတ်ထိခိုက်လွယ်ပြီးခဏခဏငိုတတ်တဲ့မိန်းကလေးတွေဟာ သူမတို့ရဲ့ခံစားချက်ကို ဝန်ခံပြောပြရမှာလည်းဝန်မလေးတတ်ကြပါဘူး။

ဒါကြောင့် သင့်အနေနဲ့ သူမဘာတွေဖုံးကွယ်ထားလဲဆိုတာ စိတ်ပူစရာမလိုပါဘူး။

သူမက သင့်ကိုဖြစ်သမျှအကြောင်းအရာ၊သူမစိတ်ထဲခံစားရသမျှကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပါလိမ့်မယ်။

*သူမရဲ့နှလုံးသားထဲမှာလည်း အမုန်းတွေမရှိတာသင်တွေ့ရပါလိမ့်မယ်။

သူမ တစ်ခါငိုလေ သူမရဲ့စိတ်မကောင်းစရာအတွေးတွေ၊မကောင်းမြင်စိတ်တွေက ကင်းဝေးသွားပြီး

အကောင်းမြင်စိတ်တွေအတွက် နေရာပိုဆန့်လာပါတယ်။

ငိုကြွေးတာဟာ စိတ်ခံစားချက်တွေကိုတစ်ခါတည်းဖွင့်ဟလိုက်တာဖြစ်တာကြောင့် ရန်ဖြစ်ပြီးရင်တောင်

သူမစိတ်ထဲ အငြိုးအတေးတွေကျန်နေခဲ့မှာမဟုတ်ပါဘူး။

*သူမဟာ စိတ်ဖိစီးမှုအနည်းဆုံးလူသားကောင်မလေးတောင်ဖြစ်ပါသေးတယ်။

ဘာလို့လဲဆိုရင် ငိုကြွေးတာဟာစိတ်ဖိစီးမှုတွေကိုပြေပျောက်စေလို့

ုသူမစိတ်ဆိုးဒေါသထွက်ပြီး ငိုလိုက်တဲ့အခါ အဲ့ဒီစိတ်ဖိစီးမှုတွေက

ကျန်ရစ်မနေတော့ပဲတစ်ခါတည်းလွင့်ပျောက်သွားပါတယ်။

တစ်ချို့သူတွေက ငိုလည်းမငိုသလို သူတို့ရဲ့အဆိုးမြင်စိတ်တွေ၊မကောင်းတဲ့ခံစားချက်တွေကို

စိတ်ထဲမှာအမြဲသိမ်းထားလေ့ရှိပါတယ်။

ဒါတွေက စုပုံလာတဲ့အခါ အချစ်ရေးတစ်ခုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သူမကတော့ အဲ့ဒီလိုမဟုတ်တဲ့အတွက် သင်တို့ရဲ့အချစ်ရေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်

အချစ်ရေးမျိုးပဲ ဖြစ်ပါလိမ့်မယ်။