အခ်စ္ေရး

ချစ်ခြင်းတရားခိုင်မြဲဖို့နဲ့ ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်ခြင်တယ်ဆိုခဲ့ရင်

ပါးနပ်သော ချစ်ခြင်းတရား

ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ” ဟောဒီ လက်မောင်းကို တွဲခိုပါ ” ဆိုတာမျိုး မလိုဘူးကျွန်မ မောပန်းလာရင် ပခုံးလေးကိုမှီထားခွင့် လေးဘဲပေးပါ …

” ကိုယ့် ကျောကိုတက်နင်းပြီး ဒီလမ်းကိုသွားပါ ” ဆိုတာမျိုးမလိုချင်ဘူး ကျွန်မလျှောက်နေတဲ့ ခြေလှမ်း ယိမ်းယိုင်သွားတဲ့အခိုက်တန့် ဘေးကလှမ်းထိန်းပေးရုံလေး ထိန်းပေးပါ ………

” ချစ်ကြိုက်ရင်ကိုယ်လည်း ကြိုက်တယ် ချစ်သဘော ” ဆိုတဲ့အခွင့်ရေး မပေးပါနဲ့ ကျွန်မရွေးချယ် ထားတဲ့အရာတွေကိုကြိုက်၏ မကြိုက်၏ ပွင့်လင်းစွာ ပြောပြ ပေးပါ …

” မင်းက အရင်အတိုင်း အကျင့်ကိုမပြင်ဘူး ” ဆိုတဲ့ စကားနဲ့အတိတ်ကို လာမဖော်ပါနဲ့ ကျွန်မဖက်က မှားနေတယ်ဆိုရင်နောက်တကြိမ် ထပ်မမှားဖို့ အမှားတွေကို ထောက်ပြပေးပါ …

” မင်း စိတ်ညစ်ရင် ငါပါ စိတ်ညစ်တယ်ဟာ ” ဆိုတဲ့ လေသံနဲ့လာမနှစ်သိမ့်ပါနဲ့ ကျွန်မစိတ်ညစ်နေရတဲ့ အကြောင်းရင်းကိုအဖြေရှာကူပေးပါ ………

ကျွန်မဝမ်းနည်းစရာရှိလို့ ငိုမိတဲ့အခါ ” ငိုမနေစမ်းနဲ့ဟာ “ဆိုတဲ့ စကားနဲ့ လာမပိတ်ပင်ပါနဲ့ ရင်ခွင်ထဲဝင် အားပါးတရငိုကျွေးခွင့်ပြုပါ ပြီးမှ တခြားစကားတွေနဲ့ နှစ်သိမ့်ပေးပါ ……

ကျွန်မဖက်က တစ်စုံတစ်ခုမှားခဲ့ရင် လိုအပ်ချက်တွေရှိခဲ့ရင်”မင်းနဲ့တော့ စိတ်ကုန်ဖို့ ကောင်းလိုက်တာ ” ဆိုတဲ့စကားနဲ့ မပစ်ပယ် လိုက်ပါနဲ့ ” ကိုယ့်စကားလေးကို သေချာလိုက်နာပေးပါ ” ဆိုတဲ့ စကားနဲ့ လက်တွဲခေါ်ပေးပါ ………

ကျွန်မစိတ်ဆိုးဒေါသထွက်နေရင် ” စိတ်ပျက်ဖို့ ကောင်းတယ်ကွာ ” ဆိုတဲ့စကားနဲ့ လမ်းမှားကို မတွန်းပို့ပါနဲ့အကျိုးအကြောင်းသေချာရှင်းပြပြီး စကားအလိမ်မာသုံးကျွန်မဒေါသတွေကို လမ်းကြောင်းပြောင်းလိုက်ပါ …

စရိုက်မတူတဲ့ မိသားစုနှစ်ခုက လူသားနှစ်ယောက်တစ်မိုးအောက် အတူနေဖို့ ဆိုတာ စိတ်ကူးနဲ့သာပေါင်းဖက်ဖို့ ကောင်းတာပါ ……

တကယ်တမ်း တစ်မိုးအောက်အတူနေကြချိန်မှာ ကွဲလွဲမှုများစွာ ရှိနေပါတယ် ဒီလိုကွဲလွဲမှုတွေကို အချိန်ကြာလာရင်အပြစ်တစ်ခု အဖြင့် ပြောင်းလဲ သွားတတ်တဲ့လောကနိယာမကြီးကို လိမ်မာ ပါးနပ်စွာ ရှောင်ရှားတတ်ဖို့လိုအပ်လာပါလိမ့်မယ် ……

ကိုယ်ချစ်လို့ လက်ထပ်မဲ့ ချစ်သူကို လက်မထပ်ခင်ကကွဲပြာမှုတွေ ” ကိုယ်ဖြစ်ခြင်တဲ့ ပုံစံ ” အယူအဆတွေ “ကို ကြိုတင်ပြီး ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ထားသင့်ပါတယ် ……………

ချစ်လို့လက်ထပ်ခဲ့ကြပါတယ် တစ်အိမ်ထဲနေချိန်မှ မတူညီတဲ့စရိုက်တွေ ပေါ်လာကြတယ်ချစ်သူဘဝမှ မပွင့်လင်းခဲ့လို့ အခုကျ အပြစ်တွေဖြစ်လာတယ်” တစ်ယောက်အပြစ် တစ်ယောက်ကဖော် “” တစ်ယောက်ရဲ့ အမှားတစ်ယောက်က ခွင့်မလွှတ်နိုင် “ဖြစ်အချစ်ဆိုတဲ့နေရာမှာ အပြစ်တွေက နေရာယူ ထားပြီး ဘယ်မှာလည်း အရင်တချိန်က ” မိုးလောက်ကြီးချစ်ပါတယ် “ဆိုတဲ့ အချစ်တွေ “………………………

ချစ်ခြင်းတရားခိုင်မြဲဖို့နဲ့ ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်ခြင်တယ်ဆိုခဲ့ရင် သစ္စာရှိရှိနဲ့ ” တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးမှာ ပါးနပ်စွာ ဆက်ဆံတတ်ကြပါစေ ………

#MayNoe

စာကိုနှစ်သက်ရင် လွတ်လပ်စွာ Share နိုင်ပါတယ်ရှင် copy ယူလျှင် credit ပေးပေးပါ