အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးက တကယ်ရှိပါတယ်။
ငါဒီအချိန်ကြီးကိုရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ “ခိုင်မာတဲ့ဆုံးဖြတ်ချက်” ရယ်၊ ဘာအခက်အခဲပဲရှိရှိတကယ်ကိုကြိုးစားမယ်ဆိုတဲ့ “သတ္တိ” ရယ်ရှိရင်ရပြီ။
ကြိုးစားနေတဲ့အချိန်မှာ “သူပြန်မလာခဲ့ရင်တို့၊ သူပြန်လာပါ့မလား” တို့ဆိုတဲ့အတွေးတွေထက် “ငါဘယ်လိုနေရင်ပိုအဆင်ပြေလာမလဲ” ဆိုတဲ့အတွေးတွေကိုပိုပြီးတွေးကြည့်ပါ။
လူတစ်ယောက်ကိုမေ့ဖို့က ချက်ချင်းကြီးဝုန်းခနဲ ဒိုင်းခနဲမမေ့သွားဘူး။ သူ့ကိုကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာရယ်၊ အချိန်ဘယ်လောက်ကြာကြာချစ်ခဲ့ရလဲဆိုတာရယ် ပေါ်မှာမူတည်ပြီး healing လုပ်ရတဲ့အချိန်ကွာသွားတာတော့ရှိမှာပေါ့။
အဲ့လိုကြိုးစားနေတဲ့အချိန်တွေအတွင်းမှာ ခဏခဏအနှောင့်အယှက်ပေါ်လာလိမ့်မယ်။
ဥပမာ – တစ်လလောက်၊ နှစ်လလောက်အဆက်အသွယ်မလုပ်ဘဲအဆင်ပြေနေရာကနေ ဖုန်းထဆက်ချင်လာတာတို့၊ သူ့အကောင့်ကိုဝင်ကြည့်မိတာတို့၊ သူရည်းစားရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ပျော်နေတဲ့သတင်းတွေကြားရတာတို့လိုမျိုးပေါ့။
အဲ့လိုတွေဖြစ်လာခဲ့ရင် စိတ်ကိုလျှော့မချပစ်လိုက်နဲ့။
အပေါ်မှာပြောခဲ့သလိုပဲ…သတ္တိရှိရှိနဲ့ ဆက်အားတင်းပြီးရအောင်ကျော်ဖြတ်ရင် တစ်နေ့ထက်တစ်နေ့ပိုအဆင်ပြေလာလိမ့်မယ်ဆိုတာကိုယုံကြည်ပေးပါ။
အမလည်းတစ်ချိန်က အဲ့ဒီအသည်းကွဲတယ်ဆိုတဲ့ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့စကားကိုယုံပါ…”တစ်နေ့နေ့မှာတော့…တကယ် အဆင်ပြေသွားမှာပါ” ❤
#Met