ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ
ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ။
အချိန်ကြာတော့ အေးစက်စက် ဆက်ဆံရေးက ဖြစ်တတ်တဲ့သဘောလား။
ချစ်ခြင်းဟာ ပူလောင်တတ်ပါရဲ့နှင့်
အပူခံ ဆုပ်ကိုင်ထားမိတာဟာဆုံးရှုံးရမှာကို ကြောက်လို့ပေါ့။

ဆန်ကျင်ဘက် ခံစားချက်တွေဟာနှလုံးသားကို
နာကျင်ရတာထက်ပိုပါတယ်။
ဘဝတခုလုံးကိုပါ ပျင်းရိချောက်သွေ့စေခဲ့တာ။
အားအင်တွေကုန်ခမ်းစေလိုက်တာ။
ဒဏ်ရာမဲ့ အနာတွေက သွေးစိမ်းတွေစီးကျစေခဲ့တာ။
ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတဲ့ လမ်းစကိုပါ
ပျောက်ပျက်သွားနိုင်တာမျိုး။ ရိုက်နှက်တာထက် ပိုနာကျင်ရပါတယ်။

ဘာပြောပြော ၊ဘာဖြစ်ဖြစ်မျက်တောင်ကိုပုတ်ခတ်
မေးကိုတချက်ကိုက် မျက်ရည်စကိုသိမ်းဆည်းရင်း ကိုယ်ဆက်ချစ်နေမိအုံးမှာ။
လက်မလွတ်နိုင်သေးဘူး။ဘာလို့လဲ..မင်းသိလား။
မင်းကို ချစ်နေရတာကိုက..ကျေနပ်နေရလို့။
Credit
Unicode