ပရိသတ်တွေကြားမှာ အပျိုကြီးမမတစ်ယောက်အဖြစ်ရေပန်းစားနေတဲ့ အေးဝတ်ရည်သောင်းကတော့ မအေးသောင်းဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုတဖန်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါတုန်းက ချစ်အစ်မကြီးနှင်းဝတ်ရည်သောင်းနဲ့အတူတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး အလှမယ်သရဖူတွေကိုလည်းဆောင်းခဲ့ပါတယ်နော်။အေးဝတ်ရည်သောင်းက တစ်ချိန်ကလည်း ပရိသတ်တွေအသိအမှတ်ပြုကြသလို ယခုချိန်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတာဖြစ်ပါတယ်
ပရိသတ်တွေကတော့ ချစ်စနိုးလေးနဲ့မအေးသောင်းလို့ခေါ်ကြပြီး အသက်၃၀ကျော်အရွယ်မှာတောင် နုငယ်ပျိုမျစ်လွန်းတဲ့အလှအပတွေကို ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။မအေးသောင်းကတော့ ၂၀၁၇ခုနှစ်မှာ အနုပညာလောကထဲပြန်လည်ခြေချခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများအပြားရိုက်ကူးခဲ့ပါတယ်။မအေးသောင်းပါဝင်ထားတဲ့ “မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း အရမ်းရေပန်းစားခဲ့ပြီး မလျော့သွားတဲ့မအေးသောင်းရဲ့အိုင်တင်တွေကြောင့် ပရိသတ်တွေကတောင် အကယ်ဒမီမှန်းပေးခဲ့ကြပါသေးတယ်နော်။
မအေးသောင်းကတော့ စိတ်ထားလေးလည်းဖြူစင်ပြီး ရိုးသားအေးဆေးကာ သဘောကောင်းဖော်ရွေတတ်သူဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။မကြာသေးခင်ရက်မှာ မအေးသောင်းက အနုပညာမောင်နှမတွေနဲ့အတူ မော်ဒိုက်ကမ်းခြေကို အပန်းခြေခရီးထွက်ခဲ့ပြီး ကမ်းခြေအလှနဲ့အပြိုင် အလွင့်ဒီဇိုင်းနဲ့လန်းခဲ့ပါတယ်နော်။အခုဆိုရင်တော့ မန္တလေးကုသိုလ်တော်ဘုရားမှာ မြန်မာဆန်ဆန်လေးနဲ့ကျက်သရေရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source:Aye Wutyi Thaung’s Facebook/Photo Credit: Li John Ljl