ၾကားသိရသမွ်

အစားအသောက်မလျော့ဘဲ ရက် 500 အတွင်း ကိုယ်အလေးချိန် 44 kg ချပြခဲ့ပြီး Mukbang YouTuber မလေး (ရုပ်သံ)

အစားအသောက်တွေ စားပြတဲ့ Mukbang အစီအစဉ်ဟာ တောင်ကိုးရီးယားနိုင်ငံမှာ 2010 ခုနှစ်ကတည်းကစတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာမှ တစ်ကမ္ဘာလုံးအနှံ့ရေပန်းစားလာခဲ့တာဖြစ်ပါတယ် ။ Yang အမည်ရှိတဲ့ ကိုးရီးယား Mukbang YouTuber မလေးဟာ 2017 ခုနှစ်ကစပြီး နာမည်ကြီးလာခဲ့ကာ သူမရဲ့အစားအသောက်အခြေအနေတွေကြောင့် ကျန်းမာရေးတွေကိုပါ ထိခိုက်လာပြီး 2019 ခုနှစ်မှာတော့ သူမရဲ့ကိုယ်အလေးချိန်ဟာ 131 kg အထိရှိလာခဲ့ပြီး ကိုယ်အလေးချိန် 53.5% အထိ အဝလွန်ပြီး ဝိတ်တက်လာခဲ့တာပါ ။ ဒါကြောင့်မို့ သူမဟာ ကိုယ်အလေးချိန်လျော့ချဖို့ အစီအစဉ်တွေ စလာခဲ့ရပါတော့တယ် ။ သူမရဲ့အလုပ်အကိုင်ကိုလည်း မထိခိုက်အောင် ၊ ကိုယ်အလေးချိန်ကိုလည်း လျော့ချနိုင်အောင် personal trainer တွေကိုခေါ်ပြီး စနစ်တကျလေ့ကျင့်ခဲ့တာပါ ။

Yang ကတော့ ” diet လုပ်တဲ့အချိန်မှာ ကိုယ်အလေးချိန်လျော့ဖို့က အဓိကဆိုတာ ကျွန်မသိပါတယ် ၊ ကိုယ်အလေးချိန်လျော့တာနဲ့ ကျန်းမာရေးအခြေအနေကလည်း ညီမျှနေဖို့ဟာ ဦးစားပေးဖြစ်ပါတယ် ၊ အလျင်လိုနေတာနဲ့ အစားအသောက်တွေကိုလျော့ချပြီး ဝိတ်ချတာမျိုးမလုပ်ပါနဲ့ ၊ ကိုယ့်အတွေးတွေကို ပြောင်းလဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ရေရှည်မှာလည်း အကျင့်အနေနဲ့ အမြဲလုပ်ဆောင်နိုင်မဲ့ နည်းလမ်းမျိုးကိုရွေးပါ ၊ အဲတာမှ ကိုယ့်အတွက် ကျန်းမာကြံခိုင်စေမဲ့ ကိုယ်အလေးချိန်လျော့ချနည်းဖြစ်မှာပါ ” ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ် ။ ရက် 500 အကြာမှာတော့ Yang ဟာ ကိုယ်အလေးချိန် 44kg ကို အောင်မြင်စွာလျော့ချနိုင်ခဲ့ပြီး သူမရဲ့ Mukbang video ကိုလည်း ဆက်ပြီး ရိုက်ကူးနေဆဲဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

&;