အခ်စ္နွင့္ဘဝ

တန်ဖိုးထားပုံချင်း ကွာတယ်လေ

တန်ဖိုးထားပုံချင်း ကွာတယ်လေ

သူက မအားလို့ပါဆိုပြီး ဖုန်းမခေါ်တဲ့အချိန်

ကိုယ်ကတော့ မအားတဲ့ကြားက ဖုန်းခေါ်ခဲ့တာလေး သွားပြီးသတိရမိတယ်

တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပုံချင်းကွာတယ်

သူက စိတ်ညစ်နေလို့ပါဆိုပြီး ကိုယ်နဲ့စကားမပြောတဲ့အချိန်တွေမှာ

ကိုယ်က စိတ်ညစ်နေတဲ့ကြားက သူ့အသံကြားရင် ပြုံးသွားတတ်တာကို သတိရတယ်

ဘယ်လောက်ပဲ အဆင်မပြေဖြစ်လာဖြစ်လာ ဘယ်အရာကြောင့်ပဲ နာကျင်ရနာကျင်ရ

ကိုယ်က သူ့ဘေးနားရောက်တဲ့အခါ အရာအားလုံးကို မေ့ထားနိုင်တဲ့အထိ သူ့ကို ချစ်ခဲ့မိတာလေ

သူကတော့ တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ပဲ ကျွန်မကို ပစ်ထားဖို့ပဲတွေးတော့တယ်

တစ်ယောက်တည်းနေရုံနဲ့ အဆင်ပြေသွားတယ်ထင်ပါတယ်

ကိုယ့်စိတ်နဲ့သာဆို ကိုယ်အဆင်မပြေတဲ့အချိန် သူ့ကို ပိုပြီးလွမ်းဖြစ်မှာ

သောကတွေအကြောင်းရင်ဖွင့်ပြတာမျိုးမဟုတ်ပဲ သူ့ငါ့အနားမှာရှိနေသေးပါလားဆိုတဲ့အသိနဲ့

ကျွန်မ အားတင်းထားချင်တာပါ … ဒါပေမယ့် ကွာတယ်လေ

အဲ့ဒီနေ့နဲနဲလေးနောက်ကျတဲ့နေ့ပေါ့ … ကိုယ့်ကို မစောင့်ပဲ သူအိပ်သွားတာကို ကြည့်ပြီး

သူ့ကိုစောင့်ရင်း ကိုယ်အိပ်မပျော်ခဲ့တဲ့ညတွေကို သွားပြီး သတိရမိတယ်

ကိုယ်က သူဂွဒ်နိုက်ပြောမှ အိပ်ပျော်တတ်ပြီး သူက ကိုယ့်ကို စိတ်မရှည်တတ်ဘူးလေ

တစ်ယောက်နဲ့တစ်ယောက် ချစ်ပေမယ့်လဲ တစ်ယောက်အပေါ် တစ်ယောက်တန်ဖိုးထားပုံချင်းတွေ ကွာကြတယ် ….

မိန်းမသားတို့အတွက်

Crd သျှင်ယွန်း

Unicode