အခ်စ္ေရး

ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ်

Fb ပေါ်မှာ tag လိုက် ၊ ပုံတင်လိုက် ၊ comments တွေမှာ ပလူပျံလိုက်နဲ့

တအားချစ်ပြတတ်တဲ့ ယောကျ်ားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ်လက်ထပ်ယူတာ ရှားတယ်။

(မရှိဘူးမပြောဘူးနော်.. ရှားတယ် ပြောတာ.. ဟုတ်ရင်နာပေါ့.

ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်)ကိုယ်တိုင်လည်း cmt ရေးမှ ၊

အသဲပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ ။ အဲ့လိုလုပ်ပေးတဲ့သူကို ရွေးဖူးတယ် ။

သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့ ။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ်။

ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့လူကြီးက cmt မရေးဘူး ။ ဘယ်တော့မှ သူ့ post တွေကို like မပေးဘူး ။

Silent တွဲခံရတာလားဆိုပြီး စိတ်တောင်ပူမိတယ် ။ ဒါပေမယ့် အခုသူတို့ လက်ထပ်သွားကြပြီ ။

သူ့ကိုမေးကြည့်တော့ ”သူလူကြီးက fb ပေါ် မှာ အဲ့လိုလုပ်ရတာတွေ ဝါသနာမပါဘူး” တဲ့ ။ ”အပြင်မှာ အရမ်း ဂရုစိုက်တယ် ။

အချိန်မှန် ဖုန်းဆက်တယ် ။ စာပို့တယ် ။ သူမကြိုက်တာ အကုန်ရှောင်တယ် ။ သူ့စကားနားထောင်တယ် ။

သူ့ဆန္ဒကို ဦးစားပေးတယ် ။cmt မရေး ၊ like မပေးပေမယ့် သူ့ post မှာ ဘယ်သူက အသဲပေးတယ် ။

ဘယ်ကောင်လေးက ဘယ်လို cmt ရေးတယ်ဆိုတာကအစ အကုန်သိတယ် ။ ”

“တခါတလေဆို သူက ဘယ်သူလဲ ။ အသဲပေးထားတာ ဘယ်သူလဲ စသဖြင့်

မေးတတ်တော့ သူက post တွေမှာ ပြန်ရှာပြီး ဘယ်သူ ဘယ်ဝါဆိုတာ ပြောပြရတယ်” တဲ့ ။

“ဘယ်နေရာ ရောက်ရောက် vd call ခေါ်ပြတယ် ။ ကိုကို့ကို စောင့်ပေးနော်လို့ တဖွဖွပြောတယ်” တဲ့ ။

စိတ်လုံခြုံမှုဆိုတာ ဒါပဲလေ ။ ဘယ်တော့မဆို သူဟာ ကိုယ်ယုံကြည်အောင်နေတယ် ။ ကိုယ်စိတ်ချအောင်နေပေးတယ် ။

ဘယ်အခြေအနေမဆို ကိုယ့်အနား သူရှိနေပေမယ်ဆိုတဲ့ ခွန်အားမျိုးရှိအောင် ကိုယ့်ကိုထားတယ်။

Fb ပေါ်မှာ တီတီတာတာ မလုပ်တတ်ပေမယ့် သူ့စိတ်ဟာ ကိုယ့်ဆီပဲ အာရုံဝင်စားတယ် ။အခုနောက်ပိုင်း ပိုပြီး သတိထားကြည့်မိလာတယ် ။

Fb ပေါ်မှာ သိပ်ချစ်ပြနေရင် အဲ့ဒါ အယုံသွင်းနေတာလို့ ။ ဘယ်သူ့ကိုမှ ဂျင်းမမိစေချင်ဘူး ။

တကယ်ချစ်တဲ့ ယောကျ်ားလေးတွေက တီတီတာတာ ပြောဖို့ထက် လက်တွေ့ပြနိုင်ဖို့ပဲ ကြိုးစားကြတယ် ။ အမ တစ်ယောက်က ပြောဖူးတယ် ။

“ကြယ်တွေ လတွေ ခူးပေးမယ် လို့ ပြောတဲ့သူတွေကို မယုံပါနဲ့ ညီမလေး” တဲ့။ ဟုတ်ပါတယ် ။

ကိုယ့်အနားအမြဲလိုလို ရှိဖို့ အတွက်ပဲ အရင်ကြိုးစားပါစေအုံး ။ ကိုယ့်ကိုလက် မြဲအောင်ပဲ တွဲပါစေအုံး ။ချစ်ပြတာနဲ့ ချစ်တတ်တာ ခွဲခြားသိနိုင်ကြပါစေ ….။

Credit

Unicode

ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ်

Fb ပေါ်မှာ tag လိုက် ၊ ပုံတင်လိုက် ၊ comments တွေမှာ ပလူပျံလိုက်နဲ့

တအားချစ်ပြတတ်တဲ့ ယောက်ျားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ်လက်ထပ်ယူတာ ရှားတယ်။

(မရှိဘူးမပြောဘူးနော်.. ရှားတယ် ပြောတာ.. ဟုတ်ရင်နာပေါ့.

ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်)ကိုယ်တိုင်လည်း cmt ရေးမှ ၊

အသဲပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ ။ အဲ့လိုလုပ်ပေးတဲ့သူကို ရွေးဖူးတယ် ။

သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့ ။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ်။

ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့လူကြီးက cmt မရေးဘူး ။ ဘယ်တော့မှ သူ့ post တွေကို like မပေးဘူး ။

Silent တွဲခံရတာလားဆိုပြီး စိတ်တောင်ပူမိတယ် ။ ဒါပေမယ့် အခုသူတို့ လက်ထပ်သွားကြပြီ ။

သူ့ကိုမေးကြည့်တော့ ”သူလူကြီးက fb ပေါ် မှာ အဲ့လိုလုပ်ရတာတွေ ဝါသနာမပါဘူး” တဲ့ ။ ”အပြင်မှာ အရမ်း ဂရုစိုက်တယ် ။

အချိန်မှန် ဖုန်းဆက်တယ် ။ စာပို့တယ် ။ သူမကြိုက်တာ အကုန်ရှောင်တယ် ။ သူ့စကားနားထောင်တယ် ။

သူ့ဆန္ဒကို ဦးစားပေးတယ် ။cmt မရေး ၊ like မပေးပေမယ့် သူ့ post မှာ ဘယ်သူက အသဲပေးတယ် ။

ဘယ်ကောင်လေးက ဘယ်လို cmt ရေးတယ်ဆိုတာကအစ အကုန်သိတယ် ။ ”

“တခါတလေဆို သူက ဘယ်သူလဲ ။ အသဲပေးထားတာ ဘယ်သူလဲ စသဖြင့်

မေးတတ်တော့ သူက post တွေမှာ ပြန်ရှာပြီး ဘယ်သူ ဘယ်ဝါဆိုတာ ပြောပြရတယ်” တဲ့ ။

“ဘယ်နေရာ ရောက်ရောက် vd call ခေါ်ပြတယ် ။ ကိုကို့ကို စောင့်ပေးနော်လို့ တဖွဖွပြောတယ်” တဲ့ ။

စိတ်လုံခြုံမှုဆိုတာ ဒါပဲလေ ။ ဘယ်တော့မဆို သူဟာ ကိုယ်ယုံကြည်အောင်နေတယ် ။ ကိုယ်စိတ်ချအောင်နေပေးတယ် ။

ဘယ်အခြေအနေမဆို ကိုယ့်အနား သူရှိနေပေမယ်ဆိုတဲ့ ခွန်အားမျိုးရှိအောင် ကိုယ့်ကိုထားတယ်။

Fb ပေါ်မှာ တီတီတာတာ မလုပ်တတ်ပေမယ့် သူ့စိတ်ဟာ ကိုယ့်ဆီပဲ အာရုံဝင်စားတယ် ။အခုနောက်ပိုင်း ပိုပြီး သတိထားကြည့်မိလာတယ် ။

Fb ပေါ်မှာ သိပ်ချစ်ပြနေရင် အဲ့ဒါ အယုံသွင်းနေတာလို့ ။ ဘယ်သူ့ကိုမှ ဂျင်းမမိစေချင်ဘူး ။

တကယ်ချစ်တဲ့ ယောက်ျားလေးတွေက တီတီတာတာ ပြောဖို့ထက် လက်တွေ့ပြနိုင်ဖို့ပဲ ကြိုးစားကြတယ် ။ အမ တစ်ယောက်က ပြောဖူးတယ် ။