အခ်စ္ေရးဆိုတာ ႐ိုးရွင္းမလိုနဲ႔ အေတာ္ေလး ရႈပ္ေထြးတဲ့ အရာတစ္ခုပါေနာ္
တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ အခ်စ္ေတြဟာ ဘယ္ေလာက္ပဲ မွန္ကန္ေနပါေစ တစ္ျခားသူအတြက္ေတာ့ ကိုယ့္အခ်စ္ေတြက ကစားစရာတစ္ခုသက္သက္သာ ျဖစ္ေနတတ္ပါတယ္။
ဒီအခ်က္ေတြက သူ သင့္ကို တကယ္မခ်စ္ပဲ အသုံးခ်႐ုံသက္သက္သာ ကစားေနတယ္ဆိုတာကို သိႏိုင္ပါတယ္။
အခ်ိန္အၾကာႀကီး ေပ်ာက္ေနတတ္တယ္
တစ္ခါတစ္ေလမွာ သင့္နားကို အခ်ိန္အၾကာႀကီး ေရာက္မလာတာမ်ိဳး ျဖစ္တတ္ၿပီးမွ ျပန္ေပၚလာတတ္တာမ်ိဳးက သူ သင့္အေပၚ အေလးမထားဘူးဆိုတာကို ေဖာ္ျပေနတာပါေနာ္။
အဆက္အသြယ္ ဘာမွမလုပ္ပဲ၊ အေၾကာင္းျပခ်က္ ေရေရရာရာမရွိပဲ အခ်ိန္အၾကာႀကီး ေပ်ာက္ေနတတ္သလို သူလိုအပ္လာတဲ့အခ်ိန္က်မွ ျပန္ေရာက္ေရာက္လာတတ္ပါတယ္။
တကယ္ခ်စ္တဲ့သူေတြကေတာ့ ကိုယ္ခ်စ္ရတဲ့သူကို အခ်ိန္အၾကာႀကီး ပစ္မထားတတ္ပါဘူးေနာ္။
ဖုန္းတစ္လုံးနဲ႔ အလုပ္ရႈပ္ေနတတ္တယ္
သင့္ေရွ႕မွာေတာင္ သူက ဖုန္းတစ္လုံးနဲ႔ အၿမဲတမ္း စာေတြပို႔ေနတတ္တာ၊ ဖုန္းေျပာေနတတ္တာေတြ လုပ္ေနတတ္ၿပီး အေၾကာင္းျပခ်က္ကို ေမးလိုက္ရင္လည္း အေျဖေသခ်ာမေပးတာမ်ိဳး လုပ္ေနတတ္ပါတယ္။
အၿမဲတမ္းလိုလို ဖုန္းနဲ႔စာေတြ ပို႔ေနတတ္တာက သူ႔ရဲ႕မ႐ိုးသားမႈေတြကို သင္သိသင့္တဲ့အေျခအေနပါ။
ေလးနက္တဲ့ စကားလုံးေတြ မရွိဘူး
သင္နဲ႔ ဆုံတဲ့အခ်ိန္တိုင္း အေပၚယံ စကားေတြကိုပဲ ေျပာတတ္ၿပီး အနာဂတ္ဆိုတဲ့ အေၾကာင္းအရာမ်ိဳးကို လုံးဝေျပာေလ့မရွိပါဘူး။
သင့္ဘက္က ေျပာလာရင္ေတာင္ စကားလမ္းေၾကာင္းလြဲတာေတြ၊ စိတ္မဝင္စားသလို လုပ္ေနတာမ်ိဳးေတြ ႀကဳံေနရၿပီဆိုရင္ေတာ့ သူ သင့္ကို တကယ္မခ်စ္လို႔ပဲ ျဖစ္ပါတယ္။
အသုံးခ်ေနတယ္လို႔ ခံစားရတတ္တယ္
သင္ကိုယ္တိုင္က သူ ငါ့ကို အသုံးခ်ေနတာမ်ားလားလို႔ ေတြးမိလာၿပီဆိုရင္ေတာ့ သင္တို႔ရဲ႕ ဆက္ဆံေရးကို ျပန္လည္ဆန္းစစ္သင့္ေနပါၿပီ။
လူေတြရဲ႕ စိတ္ဟာ မွားယြင္းေနမႈေတြကို အလိုလိုသိႏိုင္စြမ္းရွိသလို သူ႔ရဲ႕ အျပဳအမူေတြ၊ သင့္အေပၚ ဆက္ဆံတဲ့ ပုံစံေတြကေန အသုံးခ်ခံေနရၿပီဆိုတာကို သိႏိုင္ပါတယ္။
ဒီလိုသာ ျဖစ္လာခဲ့ရင္ေတာ့ ဒီ relationship ကို အျမန္ဆုံး အဆုံးသတ္လိုက္သင့္ပါၿပီ မဟုတ္ရင္ သင့္္အတြက္ ပိုနာက်င္ခံစားရမွာပါ။
#Credit
Unicode
အချစ်ရေးဆိုတာ ရိုးရှင်းမလိုနဲ့ အတော်လေး ရှုပ်ထွေးတဲ့ အရာတစ်ခုပါနော်။
တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အချစ်တွေဟာ ဘယ်လောက်ပဲ မှန်ကန်နေပါစေ တစ်ခြားသူအတွက်တော့ ကိုယ့်အချစ်တွေက ကစားစရာတစ်ခုသက်သက်သာ ဖြစ်နေတတ်ပါတယ်။
ဒီအချက်တွေက သူ သင့်ကို တကယ်မချစ်ပဲ အသုံးချရုံသက်သက်သာ ကစားနေတယ်ဆိုတာကို သိနိုင်ပါတယ်။
အချိန်အကြာကြီး ပျောက်နေတတ်တယ်
တစ်ခါတစ်လေမှာ သင့်နားကို အချိန်အကြာကြီး ရောက်မလာတာမျိုး ဖြစ်တတ်ပြီးမှ ပြန်ပေါ်လာတတ်တာမျိုးက သူ သင့်အပေါ် အလေးမထားဘူးဆိုတာကို ဖော်ပြနေတာပါနော်။
အဆက်အသွယ် ဘာမှမလုပ်ပဲ၊ အကြောင်းပြချက် ရေရေရာရာမရှိပဲ အချိန်အကြာကြီး ပျောက်နေတတ်သလို သူလိုအပ်လာတဲ့အချိန်ကျမှ ပြန်ရောက်ရောက်လာတတ်ပါတယ်။
တကယ်ချစ်တဲ့သူတွေကတော့ ကိုယ်ချစ်ရတဲ့သူကို အချိန်အကြာကြီး ပစ်မထားတတ်ပါဘူးနော်။
ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်
သင့်ရှေ့မှာတောင် သူက ဖုန်းတစ်လုံးနဲ့ အမြဲတမ်း စာတွေပို့နေတတ်တာ၊ ဖုန်းပြောနေတတ်တာတွေ လုပ်နေတတ်ပြီး အကြောင်းပြချက်ကို မေးလိုက်ရင်လည်း အဖြေသေချာမပေးတာမျိုး လုပ်နေတတ်ပါတယ်။
အမြဲတမ်းလိုလို ဖုန်းနဲ့စာတွေ ပို့နေတတ်တာက သူ့ရဲ့မရိုးသားမှုတွေကို သင်သိသင့်တဲ့အခြေအနေပါ။
လေးနက်တဲ့ စကားလုံးတွေ မရှိဘူး
သင်နဲ့ ဆုံတဲ့အချိန်တိုင်း အပေါ်ယံ စကားတွေကိုပဲ ပြောတတ်ပြီး အနာဂတ်ဆိုတဲ့ အကြောင်းအရာမျိုးကို လုံးဝပြောလေ့မရှိပါဘူး။
သင့်ဘက်က ပြောလာရင်တောင် စကားလမ်းကြောင်းလွဲတာတွေ၊ စိတ်မဝင်စားသလို လုပ်နေတာမျိုးတွေ ကြုံနေရပြီဆိုရင်တော့ သူ သင့်ကို တကယ်မချစ်လို့ပဲ ဖြစ်ပါတယ်။
အသုံးချနေတယ်လို့ ခံစားရတတ်တယ်
သင်ကိုယ်တိုင်က သူ ငါ့ကို အသုံးချနေတာများလားလို့ တွေးမိလာပြီဆိုရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်သင့်နေပါပြီ။
လူတွေရဲ့ စိတ်ဟာ မှားယွင်းနေမှုတွေကို အလိုလိုသိနိုင်စွမ်းရှိသလို သူ့ရဲ့ အပြုအမူတွေ၊ သင့်အပေါ် ဆက်ဆံတဲ့ ပုံစံတွေကနေ အသုံးချခံနေရပြီဆိုတာကို သိနိုင်ပါတယ်။
ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဒီ relationship ကို အမြန်ဆုံး အဆုံးသတ်လိုက်သင့်ပါပြီ မဟုတ်ရင် သင့်အတွက် ပိုနာကျင်ခံစားရမှာပါ။
Khin