မမီးမီးဆိုသူကို ဖမ္းဆီးရမိ။ လူကုန္ကူးခံရသည့္ အမ်ိဳးသမီး(၇)ဦး ျပန္လည္ေရာက္ရွိလာ
ဒူဘိုင္းတြင္ လူကုန္ကူးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသူ ၇ ဦး ရန္ကုန္ၿမိဳ႕သို႔ျပန္လည္ေရာက္ရွိလာ
ဒူဘိုင္းရွိ အခန္းတစ္ခုအတြင္းပိတ္ေလွာင္ခံထားရသျဖင့္ လူမႈကြန္ယက္စာမ်က္ႏွာ၌ Live လႊင့္၍ အကူအညီေတာင္းခံခဲ့သည့္ ျမန္မာႏိုင္ငံသူ ၇ ဦးသည္
စက္တင္ဘာ ၉ ရက္နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ျမန္မာအမ်ိဳးသမီးမ်ားအား ဒူဘိုင္းတြင္လစာေကာင္းသည့္ အလုပ္ရမည္ဟုဆိုကာ အီရတ္၊အီရန္၊ကာတာ၊ဘာရိန္း၊
ကူဝိတ္၊ေဆာ္ဒီ၊ေဂ်ာ္ဒန္ႏွင့္အိုမန္ႏိုင္ငံမ်ားသို႔ ေရာင္းစားေနေၾကာင္းသတင္းအရ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ၾသဂုတ္ ၂၂ ရက္မွစတင္၍ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္။
ထိုသို႔ စုံစမ္းစစ္ေဆးစဥ္ ျမန္မာႏိုင္ငံသူ ၇ ဦးမွ ၾသဂုတ္ ၂၅ ရက္တြင္ ၎တို႔အား မေကသီျမင့္ဆိုသူက အီရတ္သို႔သြားရမည္ဆိုကာ အခန္းတစ္ခုအ တြင္းပိတ္ေလွာင္ထားၿပီး
ပတ္စ္ပို႔မ်ားကိုသိမ္း ထားကာ တစ္ေန႔လွ်င္ ပဲဟင္းျဖင့္ထမင္းတစ္နပ္သာေကြၽးေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာ၌ Live လႊင့္၍အကူအညီေတာင္းခံခဲ့သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဩဂုတ္ ၂၆ ရက္တြင္ အကူအညီေတာင္းခံခဲ့သည့္ အမ်ိဳးသမီး ၇ ဦးအား ဆက္သြယ္၍စုံစမ္းစစ္ေဆးၿပီးေနာက္
၎တို႔အား ပို႔ေဆာင္ခဲ့သည့္ မေကသီျမင့္အား တာေမြၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လွစ္ခဲ့သည္။
ထိုသို႔ အမႈဖြင့္ခဲ့ၿပီးေနာက္ မေကသီျမင့္အား ဒူဘိုင္းရဲတပ္ဖြဲ႕မွ ၾသဂုတ္ ၃၀ ရက္တြင္ ဖမ္းဆီးရမိခဲ့ၿပီး အင္တာပိုလ္မွလည္း လူကုန္ကူးသူအျဖစ္ေၾကညာခဲ့ကာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကလည္း
၎ထံသို႔ ရန္ကုန္ၿမိဳ႕မွတဆင့္ လူပို႔ေပးေနသည့္ မမီးမီးႏွင့္မေဆြေဆြျမင့္တို႔ကိုလည္း ဖမ္းဆီးရမိခဲ့သည္။
ထို႔ျပင္ ျမန္မာရဲတပ္ဖြဲ႕မွ အင္တာပိုလ္၊ဒူဘိုင္းရဲ တပ္ဖြဲ႕တို႔ႏွင့္ခ်ိတ္ဆက္ကာ ျမန္မာႏိုင္ငံသူ ၇ ဦးအားကယ္ဆယ္၍ ဒူဘိုင္းအမ်ိဳးသမီးေစာင့္ ေရွာက္ေရးေဂဟာသို႔ ပို႔ေဆာင္ေပးခဲ့ၾကသည္။
ထိုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ႏွင့္ဒူဘိုင္းရဲတပ္ဖြဲ႕တို႔မွ ျဖစ္စဥ္အားပူးေပါင္းစစ္ေဆးကာ ျပစ္မႈက်ဴးလြန္သူ မေကသီျမင့္ႏွင့္အတူ
လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံသူ ၇ ဦးတို႔အား ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၾကသည္။
credit
unicode
မမီးမီးဆိုသူကို ဖမ်းဆီးရမိ။ လူကုန်ကူးခံရသည့် အမျိုးသမီး(၇)ဦး ပြန်လည်ရောက်ရှိလာ
ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသူ ၇ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာ
ဒူဘိုင်းရှိ အခန်းတစ်ခုအတွင်းပိတ်လှောင်ခံထားရသဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ Live လွှင့်၍ အကူအညီတောင်းခံခဲ့သည့် မြန်မာနိုင်ငံသူ ၇ ဦးသည်
စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများအား ဒူဘိုင်းတွင်လစာကောင်းသည့် အလုပ်ရမည်ဟုဆိုကာ အီရတ်၊အီရန်၊ကာတာ၊ဘာရိန်း၊
ကူဝိတ်၊ဆော်ဒီ၊ဂျော်ဒန်နှင့်အိုမန်နိုင်ငံများသို့ ရောင်းစားနေကြောင်းသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်မှစတင်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ထိုသို့ စုံစမ်းစစ်ဆေးစဉ် မြန်မာနိုင်ငံသူ ၇ ဦးမှ သြဂုတ် ၂၅ ရက်တွင် ၎င်းတို့အား မကေသီမြင့်ဆိုသူက အီရတ်သို့သွားရမည်ဆိုကာ အခန်းတစ်ခုအ တွင်းပိတ်လှောင်ထားပြီး
ပတ်စ်ပို့များကိုသိမ်း ထားကာ တစ်နေ့လျှင် ပဲဟင်းဖြင့်ထမင်းတစ်နပ်သာကျွေးကြောင်း လူမှုကွန်ယက်စာမျက်နှာ၌ Live လွှင့်၍အကူအညီတောင်းခံခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၂၆ ရက်တွင် အကူအညီတောင်းခံခဲ့သည့် အမျိုးသမီး ၇ ဦးအား ဆက်သွယ်၍စုံစမ်းစစ်ဆေးပြီးနောက်
၎င်းတို့အား ပို့ဆောင်ခဲ့သည့် မကေသီမြင့်အား တာမွေမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည်။
ထိုသို့ အမှုဖွင့်ခဲ့ပြီးနောက် မကေသီမြင့်အား ဒူဘိုင်းရဲတပ်ဖွဲ့မှ သြဂုတ် ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး အင်တာပိုလ်မှလည်း လူကုန်ကူးသူအဖြစ်ကြေညာခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း
၎င်းထံသို့ ရန်ကုန်မြို့မှတဆင့် လူပို့ပေးနေသည့် မမီးမီးနှင့်မဆွေဆွေမြင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မြန်မာရဲတပ်ဖွဲ့မှ အင်တာပိုလ်၊ဒူဘိုင်းရဲ တပ်ဖွဲ့တို့နှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံသူ ၇ ဦးအားကယ်ဆယ်၍ ဒူဘိုင်းအမျိုးသမီးစောင့် ရှောက်ရေးဂေဟာသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့်ဒူဘိုင်းရဲတပ်ဖွဲ့တို့မှ ဖြစ်စဉ်အားပူးပေါင်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူ မကေသီမြင့်နှင့်အတူ
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသူ ၇ ဦးတို့အား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
credit



