ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာတွေ့ရမှာ ဖြစ်ပါတယ်။
လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။
ရှားဇောင်းလက်ပတ် အစေးကလည်း ဆားဝက်ခြံကို သက်သာစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့စေပြီး ဆားဝက်ခြံကို လျှင်မြန်စွာ ပျောက်ကင်း စေနိုင်ပါတယ်။
ကြက်ဥ အကာကို ကြေညက် အောင်ခေါက်၊ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်နဲ့ သမအောင် မွှေပေးပါ။ မျက်နှာပေါ်လိမ်းပြီး နာရီဝက် လောက်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်လိုက်ပါ။
ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။
ပျားရည်ကိုရေနွေးနွေးဖြစ်အောင်အပူပေးပြီးဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅-၂၀မိနစ်ခန့်ထားပြီး ရေနွေးလေး နဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မုှရှိပါတယ်။
မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။
အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်ကတစ်ရှုးလေးကပ်လိုက်ပါ။နာရီဝက်ဒါမှမဟုတ်ခြောက်သွားတဲ့အခါဖြေးဖြေးလေးဆွဲခွာပြီးရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင်ရ ပြီ။
ခုပြောပြတဲ့နည်းလေးတွေကို ပုံမှန်လေးသာလုပ်သွားရင် နောက်ဆိုရင် ဆားဝက်ခြံက ဘယ်လိုလဲဆိုတာမေ့သွားမယ်နော်။
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။