အလွပေရးရာ

ဆံပင် (ခေါင်း) နံတာကို ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းများ

ဆံပင် (ခေါင်း) နံတာကို ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းများ

အနံ့အသက်မကောင်းတဲ့ဆံပင်ကြောင့် စိတ်ညစ်နေရသူတွေအတွက် ဆံကေ သာအနံ့အသက်ကောင်းအောင် ကူညီပေးနိုင်မယ့် သဘာဝနည်းလမ်း တစ် ချို့ကို အကြံပြုပေးချင်ပါတယ်။

ဦးရေပြားမှာဆီထွက်တာ၊ဗောက်ထတာနဲ့ခေါင်းချွေးထွက်တာ၊လေထုညစ်ညမ်းမှု၊မှိုနဲ့ဗက်တီရီးယားကူးစက်မှုတွေကြောင့် အနံ့ အသက် မကောင်းရတာပါ။

ဒါဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာေ ကြာင့်ဖြစ်နိုင် သလို တစ်ခါတစ်လေမှာ ဟော်မုန်းဓါတ်မညီမျှ တာ (ဒါမှမဟုတ်) ပတ်ဝန်းကျင် ကတခုခုနဲ့ဓါတ် မတည့်တာတွေကြောင့် ခုလိုအနံ့နံရတာပါ။

(၁)ကြက်သွန်ဖြူ ဆီ

ကြက်သွန်ဖြူ ဟာ အနံ့စူးရှပါတယ်။ဒါပေမယ့် ဒါကို ဦးရေပြားမနံအောင် အသုံးပြု လို့ရပါတယ်။မှိုနဲ့ဗက် တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း သူ့မှာရှိပါ တယ်။ကြက်သွန်ဖြူ (၃)(၄)မွှာကို အုန်းဆီလက်ဖက်ရည်ပန်းကန်လုံး တစ်ဝက် နဲ့ရောပြီး ဆူအောင်တည်ပါ။

ရလာတဲ့အရည်ကိုတော့ ဂွမ်းစနဲ့တို့ပြီး ဦးရေပြားကို လူးပေးပါ။လူးနေရင်းဦးရေပြားကို နှိပ်နယ်တာမျိုး လုပ်ပေးပါ။ အဲ့ဒီလိုလုပ်ပြီး မိနစ်(၂၀)လောက်ကြာရင်တော့ ရှန်ပူနဲ့ခေါင်းလျှော်ပစ်လိုက်ပါ။

(၂)ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ် ဟာ ဦးရေပြားဆီထွက်တာနဲ့ဗောက်တွေကို နိုင်ပါတယ်။ ဒါ့အပြင်အစိုဓါတ်နဲ့ဆံပင်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ရှားစောင်းလက်ပတ် ကိုထက်ခြမ်းခြမ်းလိုက်ပြီး ရလာတဲ့ အဆီပျစ်ကိုအသုံးပြုရမှာပါ။

ပုံမှန်လျှော်နေကျ ရှန်ပူနဲ့ခေါင်းလျှော်ပြီးရင် အဲ့ဒီအဆီပျစ်ကို ဆံပင်နဲ့ဦးရေပြားကို လိမ်းပေးရမှာပါ။ (၁၅)မိနစ်လောက် ကြာအောင်ထားပြီးရင်တော့ ခေါင်းကို ပြန် ဆေးချပစ်ရမှာဖြစ်ပါတယ်။

(၃)ၾကက္သြန္နီ

ကြက်သွန်နီ ဟာလည်း ကြက်သွန်ဖြူ လိုပါပဲ။ဗက်တီးရီးယားနဲ့မှိုတွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ဆံပင်ကိုမြန်မြန်ရှည်စေသလို ဆံပင်ကျွတ်ထိပ်ပြောင် တာတွေအတွက်လည်း ကောင်းပါတယ်။

ကြက်သွန်နီ ကို လှီးပြီး ဖျော်စက်ထဲမှာ ထည့်ဖျော်ပါ။ရလာတဲ့အရည်ကို ခေါင်းမှာလူးပေးရမှာဖြစ်ပါတယ်။နာရီဝက်လောက်ကြာအောင်ထားပြီးရင်တော့ ရှန်ပူနဲ့ခေါင်းလျှော်ပစ်ရမှာဖြစ်ပါတယ်။

(၄)ခရမ်းချဉ်သီး

ဗီတာမင် နဲ့သံဓါတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးဟာလည်း ဦးရေပြား ရဲ့ အက်စစ် ဓါတ်Level ကိုမြှင့်ပေးနိုင်တာကြောင့် ဗက်တီးရီးယားနဲ့မှိုကို နှိမ်နင်းပေးနိုင် ပါတယ်။ဆံပင်ကိုသန့်ရှင်းတောက်ပ စေနိုင်တဲ့ အစွမ်းရှိပါတယ်။

ဖျော်စက်ထဲမှာ ခရမ်းချဉ်သီးတွေကို ထည့်ဖျော်ပြီး ရလာတဲ့အရည်နဲ့ခေါင်းကိုလူးပေးရမှာဖြစ် ပါတယ်။ငါးမိနစ်လောက်ကြာအောင်ထားပြီးရင်တော့ ခေါင်းပြန် လျှော်ပစ်ရမှာဖြစ်ပါတယ်။

(၅)သံပရိုသီး

သံပရိုသီး ကိုအရည်ညှစ်ပြီး ရေလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရောရမှာဖြစ်ပါတယ်။ခေါင်းကိုရှန်ပူနဲ့လျှော်ပြီး သံပရိုအရည်ကို ဦးရေပြားပေါ်လောင်းချပေး လိုက်ပါ။ငါးမိနစ်လောက် ကြာရင်တော့ ခေါင်းကို ဆေး ချပေးရမှာဖြစ်ပါတယ်။

(၆)စမုန်ဖြူ

စမုန်ဖြူ ဟာ အနံ့အသက်အတွက်ကောင်းတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါ တယ်။ဆံပင်အနံ့နံတာတွေကို သက်သာစေပါတယ်။

အခုနောက်ပိုင်းမှာေ တာ့ ခေါင်းလျှော်ရည်တွေမှာ စမုန်ဖြူကို ထည့်သွင်းအသုံးပြုလာတာကို တွေ့ရပါ တယ်။စမုန်ဖြူ လက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရေ နှစ်လီတာကို (၁၅)မိနစ်ေ လာက် ဆူပွတ်အောင် ကျိုပါ။

တခုခုထဲမှာ အဖုံးဖုံးပြီး ကျိုရမှာဖြစ်ပါ တယ်။ပြီး ရင်တော့အအေး ခံပြီးရလာ တဲ့အရည်ကို ခေါင်းလျှော်ရာမှာ အသုံးပြုရမှာဖြစ် ပါတယ်။

Credit

ဆံပင္ (ေခါင္း) နံတာကို ေပ်ာက္ကင္းေစမယ့္ သဘာဝ နည္းလမ္းမ်ား

အနံ့အသက္မေကာင္းတဲ့ဆံပင္ေၾကာင့္ စိတ္ညစ္ေနရသူေတြအတြက္ ဆံေက သာအနံ့အသက္ေကာင္းေအာင္ ကူညီေပးနိုင္မယ့္ သဘာဝနည္းလမ္း တစ္ ခ်ိဳ႕ကို အႀကံျပဳေပးခ်င္ပါတယ္။

ဦးေရျပားမွာဆီထြက္တာ၊ေဗာက္ထတာနဲ႔ေခါင္းေခၽြးထြက္တာ၊ေလထုညစ္ညမ္းမႈ၊မွိုနဲ႔ဗက္တီရီးယားကူးစက္မႈေတြေၾကာင့္ အနံ့ အသက္ မေကာင္းရတာပါ။

ဒါဟာ တစ္ကိုယ္ရည္သန႔္ရွင္းမႈအားနည္းတာေ ၾကာင့္ျဖစ္နိုင္ သလို တစ္ခါတစ္ေလမွာ ေဟာ္မုန္းဓါတ္မညီမၽွ တာ (ဒါမွမဟုတ္) ပတ္ဝန္းက်င္ ကတခုခုနဲ႔ဓါတ္ မတည့္တာေတြေၾကာင့္ ခုလိုအနံ့နံရတာပါ။

(၁)ၾကက္သြန္ျဖဴ ဆီ

ၾကက္သြန္ျဖဴ ဟာ အနံ့စူးရွပါတယ္။ဒါေပမယ့္ ဒါကို ဦးေရျပားမနံေအာင္ အသုံးျပဳ လို႔ရပါတယ္။မွိုနဲ႔ဗက္ တီးရီးယားေတြကို ေသေစနိုင္တဲ့ အစြမ္းလည္း သူ႔မွာရွိပါ တယ္။ၾကက္သြန္ျဖဴ (၃)(၄)မႊာကို အုန္းဆီလက္ဖက္ရည္ပန္းကန္လုံး တစ္ဝက္ နဲ႔ေရာၿပီး ဆူေအာင္တည္ပါ။

ရလာတဲ့အရည္ကိုေတာ့ ဂြမ္းစနဲ႔တို႔ၿပီး ဦးေရျပားကို လူးေပးပါ။လူးေနရင္းဦးေရျပားကို ႏွိပ္နယ္တာမ်ိဳး လုပ္ေပးပါ။ အဲ့ဒီလိုလုပ္ၿပီး မိနစ္(၂၀)ေလာက္ၾကာရင္ေတာ့ ရွန္ပူနဲ႔ေခါင္းေလၽွာ္ပစ္လိုက္ပါ။

(၂)ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ ဟာ ဦးေရျပားဆီထြက္တာနဲ႔ေဗာက္ေတြကို နိုင္ပါတယ္။ ဒါ့အျပင္အစိုဓါတ္နဲ႔ဆံပင္ကို က်န္းမာႀကံ့ခိုင္ေစပါတယ္။ ရွားေစာင္းလက္ပတ္ ကိုထက္ျခမ္းျခမ္းလိုက္ၿပီး ရလာတဲ့ အဆီပ်စ္ကိုအသုံးျပဳရမွာပါ။

ပုံမွန္ေလၽွာ္ေနက် ရွန္ပူနဲ႔ေခါင္းေလၽွာ္ၿပီးရင္ အဲ့ဒီအဆီပ်စ္ကို ဆံပင္နဲ႔ဦးေရျပားကို လိမ္းေပးရမွာပါ။ (၁၅)မိနစ္ေလာက္ ၾကာေအာင္ထားၿပီးရင္ေတာ့ ေခါင္းကို ျပန္ ေဆးခ်ပစ္ရမွာျဖစ္ပါတယ္။

(၃)ၾကၾက္သႏၷီ

ၾကက္သြန္နီ ဟာလည္း ၾကက္သြန္ျဖဴ လိုပါပဲ။ဗက္တီးရီးယားနဲ႔မွိုေတြကို ဖယ္ရွား ရွင္းလင္းေပးနိုင္ပါတယ္။ဆံပင္ကိုျမန္ျမန္ရွည္ေစသလို ဆံပင္ကၽြတ္ထိပ္ေျပာင္ တာေတြအတြက္လည္း ေကာင္းပါတယ္။

ၾကက္သြန္နီ ကို လွီးၿပီး ေဖ်ာ္စက္ထဲမွာ ထည့္ေဖ်ာ္ပါ။ရလာတဲ့အရည္ကို ေခါင္းမွာလူးေပးရမွာျဖစ္ပါတယ္။နာရီဝက္ေလာက္ၾကာေအာင္ထားၿပီးရင္ေတာ့ ရွန္ပူနဲ႔ေခါင္းေလၽွာ္ပစ္ရမွာျဖစ္ပါတယ္။

(၄)ခရမ္းခ်ဥ္သီး

ဗီတာမင္ နဲ႔သံဓါတ္ေတြပါဝင္တဲ့ ခရမ္းခ်ဥ္သီးဟာလည္း ဦးေရျပား ရဲ့ အက္စစ္ ဓါတ္Level ကိုျမႇင့္ေပးနိုင္တာေၾကာင့္ ဗက္တီးရီးယားနဲ႔မွိုကို ႏွိမ္နင္းေပးနိုင္ ပါတယ္။ဆံပင္ကိုသန႔္ရွင္းေတာက္ပ ေစနိုင္တဲ့ အစြမ္းရွိပါတယ္။

ေဖ်ာ္စက္ထဲမွာ ခရမ္းခ်ဥ္သီးေတြကို ထည့္ေဖ်ာ္ၿပီး ရလာတဲ့အရည္နဲ႔ေခါင္းကိုလူးေပးရမွာျဖစ္ ပါတယ္။ငါးမိနစ္ေလာက္ၾကာေအာင္ထားၿပီးရင္ေတာ့ ေခါင္းျပန္ ေလၽွာ္ပစ္ရမွာျဖစ္ပါတယ္။

(၅)သံပရိုသီး

သံပရိုသီး ကိုအရည္ညႇစ္ၿပီး ေရလက္ဖက္ရည္ပန္းကန္လုံးႏွစ္လုံးနဲ႔ေရာရမွာျဖစ္ပါတယ္။ေခါင္းကိုရွန္ပူနဲ႔ေလၽွာ္ၿပီး သံပရိုအရည္ကို ဦးေရျပားေပၚေလာင္းခ်ေပး လိုက္ပါ။ငါးမိနစ္ေလာက္ ၾကာရင္ေတာ့ ေခါင္းကို ေဆး ခ်ေပးရမွာျဖစ္ပါတယ္။

(၆)စမုန္ျဖဴ

စမုန္ျဖဴ ဟာ အနံ့အသက္အတြက္ေကာင္းတဲ့ ေဆးဖက္ဝင္အပင္တစ္မ်ိဳးျဖစ္ပါ တယ္။ဆံပင္အနံ့နံတာေတြကို သက္သာေစပါတယ္။

အခုေနာက္ပိုင္းမွာေ တာ့ ေခါင္းေလၽွာ္ရည္ေတြမွာ စမုန္ျဖဴကို ထည့္သြင္းအသုံးျပဳလာတာကို ေတြ႕ရပါ တယ္။စမုန္ျဖဴ လက္ဖက္ရည္ပန္းကန္လုံးႏွစ္လုံးနဲ႔ေရ ႏွစ္လီတာကို (၁၅)မိနစ္ေ လာက္ ဆူပြတ္ေအာင္ က်ိဳပါ။

တခုခုထဲမွာ အဖုံးဖုံးၿပီး က်ိဳရမွာျဖစ္ပါ တယ္။ၿပီး ရင္ေတာ့အေအး ခံၿပီးရလာ တဲ့အရည္ကို ေခါင္းေလၽွာ္ရာမွာ အသုံးျပဳရမွာျဖစ္ ပါတယ္။

Credit