အောင်လံလွှင့်ချီ နွေဦးထီ မိသားစုမှ ပြည်သူများသို့ အနူးအညွှတ်တောင်းပန် ချက်ထုတ်ပြန်
“အောင်လံလွှင့်ချီ နွေဦးထီ” အား တော်လှန်ရေး အောင်စိတ်ဖြင့် စွန့်စွန့်စားစား အားပေးနေကြသည့် မိဘပြည်သူများခင်ဗျား။
ပြည်သူနှင့်အတူ တသားတည်းရပ်တည်လျှက် နွေဦးတော်လှန်ရေးအောင်ပွဲ အတွက် နေ့မအား ညမနား ကျရာတာဝန်မှ ပူးပေါင်းပါဝင်ခွင့်ရရှိသည့် အတွက် ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ နွေဦးထီမိသားစုအနေဖြင့် များစွာအားတက်ဂုဏ်ယူမိပါသည်။
ကျွန်ုပ်တို့၏ နွေဦးထီသည် ပိုင်းလော့ပရောဂျက် ဖြစ်သည့်အားလျော်စွာ ပြည်သူလူထု၏ လိုလားချက်အား အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်သည့်အတွက်လည်း များစွာမချင့်မရဲဖြစ်မိပါသည်။
သို့သော် ကျွန်ုပ်တို့အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်သူအားနှင့် နွေဦးထီအားအရှိန်အဟုန်မြှင့်တင် ရောင်းချသွားရန် ကြိုးစားဆောင်ရွက်လျှက် ရှိပါသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏အစွမ်းကုန်နှောင့်ယှက်၊ ဖျက်လိုဖျက်ဆီး လုပ်ဆောင်လာနေမှုများကိုလည်း ပြည်သူလူထု၏ လုံခြုံရေးအတွက် ကြိုတင်တွက်ဆ၍ ကျော်လွှားနိုင်ရန် ပြင်ဆင် ဆောင်ရွက်လျှက်ရှိပါသည်။
သို့ပါ၍ နွေဦးထီအား နေ့စဉ်ရောင်းချရာတွင် အဆင်မပြေမှုများ၊ ဝန်ဆောင်မှု အားနည်းချက်များကို နွေဦးတော်လှန်ရေးစိတ်ဓါတ်နှင့် စိတ်ရှည်သည်းခံလျှက် နားလည်ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ် တောင်းပန်အပ်ပါသည်။
လေးစားဦးညွှတ်လျှက် နွေဦးထီမိသားစု အမျိုး သားညီညွတ်ရေးအစိုးရ
————————
ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ မိသားစုမွ ျပည္သူမ်ားသို႔ အႏူးအၫႊတ္ေတာင္းပန္ ခ်က္ထုတ္ျပန္
“ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” အား ေတာ္လွန္ေရး ေအာင္စိတ္ျဖင့္ စြန႔္စြန႔္စားစား အားေပးေနၾကသည့္ မိဘျပည္သူမ်ားခင္ဗ်ား။
ျပည္သူႏွင့္အတူ တသားတည္းရပ္တည္လွ်က္ ေႏြဦးေတာ္လွန္ေရးေအာင္ပြဲ အတြက္ ေန႔မအား ညမနား က်ရာတာဝန္မွ ပူးေပါင္းပါဝင္ခြင့္ရရွိသည့္ အတြက္ ကြၽႏ္ုပ္တို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ၊ ေႏြဦးထီမိသားစုအေနျဖင့္ မ်ားစြာအားတက္ဂုဏ္ယူမိပါသည္။
ကြၽႏ္ုပ္တို႔၏ ေႏြဦးထီသည္ ပိုင္းေလာ့ပေရာဂ်က္ ျဖစ္သည့္အားေလ်ာ္စြာ ျပည္သူလူထု၏ လိုလားခ်က္အား အျပည့္အဝ ျဖည့္ဆည္းမေပးႏိုင္သည့္အတြက္လည္း မ်ားစြာမခ်င့္မရဲျဖစ္မိပါသည္။
သို႔ေသာ္ ကြၽႏ္ုပ္တို႔အေနျဖင့္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် ျပည္သူအားႏွင့္ ေႏြဦးထီအားအရွိန္အဟုန္ျမႇင့္တင္ ေရာင္းခ်သြားရန္ ႀကိဳးစားေဆာင္႐ြက္လွ်က္ ရွိပါသည္။
ထို႔အျပင္ အၾကမ္းဖက္စစ္ေကာင္စီ၏အစြမ္းကုန္ေႏွာင့္ယွက္၊ ဖ်က္လိုဖ်က္ဆီး လုပ္ေဆာင္လာေနမႈမ်ားကိုလည္း ျပည္သူလူထု၏ လုံၿခဳံေရးအတြက္ ႀကိဳတင္တြက္ဆ၍ ေက်ာ္လႊားႏိုင္ရန္ ျပင္ဆင္ ေဆာင္႐ြက္လွ်က္ရွိပါသည္။
သို႔ပါ၍ ေႏြဦးထီအား ေန႔စဥ္ေရာင္းခ်ရာတြင္ အဆင္မေျပမႈမ်ား၊ ဝန္ေဆာင္မႈ အားနည္းခ်က္မ်ားကို ေႏြဦးေတာ္လွန္ေရးစိတ္ဓါတ္ႏွင့္ စိတ္ရွည္သည္းခံလွ်က္ နားလည္ခြင့္လႊတ္ေပးၾကပါရန္ အႏူးအၫႊတ္ ေတာင္းပန္အပ္ပါသည္။
ေလးစားဦးၫႊတ္လွ်က္ ေႏြဦးထီမိသားစု အမ်ိဳး သားညီၫြတ္ေရးအစိုးရ



