ၾကားသိရသမွ်

သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော

သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော

ဇွဲပြည့် (NPNews) မေ ၁၁

အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဆိုသည့် သတင်းသည်

နားလည်မှု လွှဲမှားခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်ကNPNews သို့ မေလ (၁၁) ရက် ညနေပိုင်းတွင် ပြောသည်။

အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက အရေးယူခြင်းခံရမည်ဆိုသည့်သတင်းများသည် ယနေ့ မေလ (၁၁) ရက် နံနက်ပိုင်းမှ စတင်၍

လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းသတင်းမှာ ပြည်သူများ နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ဦးဝင်းသော်က NPNews ကို အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

“ ကျွန်တော်ပြောတဲ့အထဲမှာ အဲ့ဒီငွေပမာဏ ထက်ကျော်ရင် အရေးယူမယ်ဆိုတာ တစ်ခွန်းမှ မပါဘူး။

ကျွန်တော်ပြောတာသည် ငွေကြေးအလုံး အရင်းနဲ့ ဘဏ်ကိုမအပ်ပဲနဲ့ အိမ်မှာ ပမာဏ အများကြီးထားတယ်။

ထားပြီးတော့ Account Transfer လုပ်တာကို (၅) ရာခိ်ုင်နှုန်း (၁၀) ရာခိ်ုင်နှုန်း တွေယူပြီး ငွေကြေးကို အရောင်းအဝယ်လုပ်နေတယ်။

ဒီငွေကြေးအရောင်းအဝယ်လုပ်တဲ့အမှုက တစ်မှုဖြစ်ပြီးတော့ Banking System ထဲမှာ သွားရမယ့်ဟာကို Banking System နဲ့ မသွားပဲနဲ့ အမြတ်ထုတ်နေတဲ့သဘောသည်

နိုင်ငံတော်စီးပွားရေးတည်ငြိမ်မှုကို ပံ့ပိုးနေတဲ့ Banking System ကို ကြောခိုင်းတဲ့အတွက် အရေးယူမယ်ဆိုရတယ်။ ငွေကြေးကို ရာခိုင်နှုန်းနဲ့ ယူပြီးလုပ်တဲ့သူတွေကို အရေးယူမယ်။

အဲ့လိုပဲပြောလိုက်တာ။ ကျွန်တော်ပြောတဲ့ ဟာသည် နိုင်ငံတော်စီးပွားရေးအတွက် အနှောင့်အယှက်ဖြစ်အောင်ဝိုင်းလုပ်နေတဲ့အတွက် Banking System မှာ

ဘာပဲပြောပြော အနှောင့်အယှက်ဖြစ်နေတာပေါ့နော်။ အဲ့ဒီအနှောင့်အယှက်သည် ဘယ်သူ့ကိုသွား ခံစားရလဲဆိုတော့ ပြည်သူလူထူကိုသွားခံစားရတယ်။

ပြည်သူလူထုက တန်းတွေစီရ ဒုက္ခရောက်ရဖြစ်နေတာသည် ဘဏ်စနစ်က ပုံမှန်ငွေ ကြေးလည်ပတ်မှု မဖြစ်လို့ပဲ။ အဲ့တာကို လည်ပတ်စေချင်လို့

ဘဏ်စနစ်ထဲပြန်လာပြီး ဆောင်ရွက်ပါလို့ ဖိတ်ခေါ်တာပါ။ မရိုးသားတဲ့လူတွေကို အရေးယူမှာလို့ ပြောတာဖြစ်ပါတယ်” ဟု ဦးဝင်းသော်ကပြောသည်။

အိမ်တွင် ငွေအထုပ်လိုက်အထည်လိုက်ထားသူသည် နိုင်ငံတော်စီးပွါးရေးတည်ငြိမ်မှုကို ပျက်စီးအောင်လုပ်သည့်အမှုနှင့်ငြှိသည်ဟု

ပြည်သူများက နားလည်မှု လွဲမှားကာ စိုးရိမ်ပူပန်မှုများ ရှိခဲ့သည့်အတွက် ဗဟိုဘဏ်ဒုဥက္ကဌက ယခုကဲ့သို့ပြန်လည်ရှင်းပြခဲ့ခြင်းလည်းဖြစ်သည်။

CREDIT @NP News-Myanmar

သိန္း ၂၀ဝ ထက္အပိုထားပါက အေရးယူခံရမည္ဆိုျခင္းမွာ နားလည္မႈ လႊဲမွားျခင္းသာျဖစ္ဟု ဗဟိုဘဏ္ ဒုဥကၠဌေျပာ

ဇြဲျပည့္ (NPNews) ေမ ၁၁

အိမ္တြင္ သိန္း (၂၀ဝ) ထက္အပိုထားပါက ဥပေဒႏွင့္အညီ အေရးယူခံရမည္ဆိုသည့္ သတင္းသည္

နားလည္မႈ လႊဲမွားျခင္းသာျဖစ္ေၾကာင္း ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္ကNPNews သို႔ ေမလ (၁၁) ရက္ ညေနပိုင္းတြင္ ေျပာသည္။

အိမ္တြင္ သိန္း (၂၀ဝ) ထက္အပိုထားပါက အေရးယူျခင္းခံရမည္ဆိုသည့္သတင္းမ်ားသည္ ယေန႔ ေမလ (၁၁) ရက္ နံနက္ပိုင္းမွ စတင္၍

လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ယင္းသတင္းမွာ ျပည္သူမ်ား နားလည္မႈ လြဲမွားျခင္းသာျဖစ္သည္ဟု ဦးဝင္းေသာ္က NPNews ကို အတည္ျပဳခဲ့ျခင္းလည္းျဖစ္သည္။

“ ကြၽန္ေတာ္ေျပာတဲ့အထဲမွာ အဲ့ဒီေငြပမာဏ ထက္ေက်ာ္ရင္ အေရးယူမယ္ဆိုတာ တစ္ခြန္းမွ မပါဘူး။

ကြၽန္ေတာ္ေျပာတာသည္ ေငြေၾကးအလုံး အရင္းနဲ႔ ဘဏ္ကိုမအပ္ပဲနဲ႔ အိမ္မွာ ပမာဏ အမ်ားႀကီးထားတယ္။

ထားၿပီးေတာ့ Account Transfer လုပ္တာကို (၅) ရာခိ္ုင္ႏႈန္း (၁၀) ရာခိ္ုင္ႏႈန္း ေတြယူၿပီး ေငြေၾကးကို အေရာင္းအဝယ္လုပ္ေနတယ္။

ဒီေငြေၾကးအေရာင္းအဝယ္လုပ္တဲ့အမႈက တစ္မႈျဖစ္ၿပီးေတာ့ Banking System ထဲမွာ သြားရမယ့္ဟာကို Banking System နဲ႔ မသြားပဲနဲ႔ အျမတ္ထုတ္ေနတဲ့သေဘာသည္

ႏိုင္ငံေတာ္စီးပြားေရးတည္ၿငိမ္မႈကို ပံ့ပိုးေနတဲ့ Banking System ကို ေၾကာခိုင္းတဲ့အတြက္ အေရးယူမယ္ဆိုရတယ္။ ေငြေၾကးကို ရာခိုင္ႏႈန္းနဲ႔ ယူၿပီးလုပ္တဲ့သူေတြကို အေရးယူမယ္။

အဲ့လိုပဲေျပာလိုက္တာ။ ကြၽန္ေတာ္ေျပာတဲ့ ဟာသည္ ႏိုင္ငံေတာ္စီးပြားေရးအတြက္ အေႏွာင့္အယွက္ျဖစ္ေအာင္ဝိုင္းလုပ္ေနတဲ့အတြက္ Banking System မွာ

ဘာပဲေျပာေျပာ အေႏွာင့္အယွက္ျဖစ္ေနတာေပါ့ေနာ္။ အဲ့ဒီအေႏွာင့္အယွက္သည္ ဘယ္သူ႔ကိုသြား ခံစားရလဲဆိုေတာ့ ျပည္သူလူထူကိုသြားခံစားရတယ္။

ျပည္သူလူထုက တန္းေတြစီရ ဒုကၡေရာက္ရျဖစ္ေနတာသည္ ဘဏ္စနစ္က ပုံမွန္ေငြ ေၾကးလည္ပတ္မႈ မျဖစ္လို႔ပဲ။ အဲ့တာကို လည္ပတ္ေစခ်င္လို႔

ဘဏ္စနစ္ထဲျပန္လာၿပီး ေဆာင္႐ြက္ပါလို႔ ဖိတ္ေခၚတာပါ။ မ႐ိုးသားတဲ့လူေတြကို အေရးယူမွာလို႔ ေျပာတာျဖစ္ပါတယ္” ဟု ဦးဝင္းေသာ္ကေျပာသည္။

အိမ္တြင္ ေငြအထုပ္လိုက္အထည္လိုက္ထားသူသည္ ႏိုင္ငံေတာ္စီးပြါးေရးတည္ၿငိမ္မႈကို ပ်က္စီးေအာင္လုပ္သည့္အမႈႏွင့္ျငႇိသည္ဟု

ျပည္သူမ်ားက နားလည္မႈ လြဲမွားကာ စိုးရိမ္ပူပန္မႈမ်ား ရွိခဲ့သည့္အတြက္ ဗဟိုဘဏ္ဒုဥကၠဌက ယခုကဲ့သို႔ျပန္လည္ရွင္းျပခဲ့ျခင္းလည္းျဖစ္သည္။

CREDIT @NP News-Myanmar