အခ်စ္နွင့္ဘဝ

သင့်ချစ်သူကို ဘယ်တော့မှ ထုတ်မပြောသင့်တဲ့ လျှို့ဝှက်ချက် (၇)ခု

ကိုယ်နဲ့ အရင်းနှီးဆုံး၊ ကိုယ့်အကြောင်း အားလုံးသိနေတဲ့ ကိုယ့်ချစ်သူကို တစ်ခါတစ်လေ လျှို့ဝှက်ထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒါလေးတွေ လျှို့ဝှက်ထားလိုက်လို့ ကိုယ့်အတွက်ရော၊ သူ့အတွက်ပါ ဘာဆိုးကျိုးမှ မရှိဘူးဆိုတာ သေချာစေတဲ့အပြင် နှစ်ဦးသားအချစ်ရေးတောင် ပိုမိုအဆင်ပြေသွားစေပါဦးမယ်။ ကဲ လျှို့ဝှက်ထားရမယ့် အရာလေးတွေက

၁။သူ့သူငယ်ချင်းက မိုက်တယ်ဆိုတာ

တစ်ခါတစ်လေ ကိုယ့်ချစ်သူ ကောင်လေးရဲ့ သူငယ်ချင်းက တော်တော်လေး အထာကျတဲ့အကြောင့် ကိုယ့်ချစ်သူကို သွားပြောလို့ မဖြစ်ဘူးဆိုတာ သိထားပါ။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ ကိုယ့်စိတ်ထဲမှာ ရှိနေပြီးသား ကိုယ့်ချစ်သူထက် ဘယ်သူ့ကိုမှ ဦးစားပေးမှာ မဟုတ်ပဲနဲ့ ဒီအတိုင်းစကား အဖြစ်တောင် ရှင့်သူငယ်ချင်းက ချောလိုက်တာ၊ အရမ်းမိုက်တာပဲ လို့ မပြောမိပါစေနဲ့။ လျှို့ဝှက်ထားသင့်တဲ့အရာပါ။

၂။ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားကို facebook မှာ သွားသွားကြည့်မိတယ်ဆိုတာ

မိန်းမသားမို့ ဘာရယ်မဟုတ် ကိုယ့်ရည်းစားရဲ့ အရင်ဆော် ဘာတွေလုပ်နေမလဲဆိုတာ သိချင်စိတ်ဖြစ်မိတာမျိုး ရှိပါတယ်။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးရဲ့ အရင်ဘဲ ဘာတွေလုပ်နေမလဲဆိုတာ သိချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Facebook ဟာ နောက်ယောင်ခံ လိုက်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့ စာမျက်နှာကို သွားကြည့်မိတယ်ဆိုရင်တောင် သင့်ချစ်သူကို မပြောမိပါစေနဲ့။

၃။ကိုယ်ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာ

ဘယ်ယောင်္ကျား၊ မိန်းမကမှ ကိုယ့်ချစ်သူ အရင်တုန်းက ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာမျိုးကို ပြန်ပြောပြတာ လိုချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငါအရင်တုန်းက ဘယ်လိုမျိုး၊ ဘယ်သူနဲ့ဘာဖြစ်တာ ဘယ်လိုဆိုတာတွေ ပြောဖို့မလိုပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။

၄။သင့်စိတ်ကူးထဲက ချစ်သူဟာ ခုလက်ရှိအပြင်က လူနဲ့ ကွဲပြားနေတယ်ဆိုတာ

ငယ်ငယ်လေးကတည်းက သင့်စိတ်ကူးအိပ်မက်ထဲက ချစ်သူပုံစံဟာ ဘယ်လိုဆိုတာရှိနေပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ ကွာခြားမှန်း သင်ကောင်းကောင်းသိလိုက်ပါပြီ။ အပိုတွေဇာချဲ့နေမယ့်အစား သင့်သူ့ကို တကယ်ချစ်လို့ လက်တွဲထားတယ်ဆိုတာကိုသာ သင်သိနေပါစေ။ သင့်အိပ်မက်ထဲက ချစ်သူက ဘယ်လိုမျိုးဆိုတာ သူ့ကို ဖွင့်ဟဖို့ မလိုပါဘူး။

၅။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို သင်မုန်းတယ်ဆိုတာ

ဘယ်သူမဆို ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို ထိရင် ခံချင်မှာ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်တယ်ဆိုပေမယ့် ဒါဟာ သူ့သူငယ်ချင်းကို သင့်လိုလိုက်မုန်းဖို့တော့ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ဒီလိုအချက်မျိုးကို ရှောင်သင့်ပါတယ်။

၆။သူ့မိဘတွေနဲ့ ကိုယ်အဆင်မပြေနိုင်ဘူးဆိုတာ

ကိုယ့်အနေနဲ့ သူ့မိဘတွေကို ဘယ်လိုမှ အကောင်းမြင်ပေးလို့မရဘူး။ သူတို့ရဲ့ပုံစံတွေကို ကြည့်မရဘူးဆိုရင်တောင် ဒါကို စိတ်ထဲမှာပဲထားပါ။ အပြင်ထုတ်ပြောဖို့တော့ အဆင်မပြေနိုင်ဘူးလေ။

၇။ကောင်လေးတစ်ယောက်က ကိုယ့်ကိုဘယ်လောက်ကြွေနေတယ်ဆိုတာ

ကိုယ်က ဘယ်လောက်မိုက်ကြောင်း၊ အထာကျလို့ ခုလိုရည်းစားရှိတာတောင် ကြွေနေတဲ့သူရှိကြောင်း ကြွားသလိုမျိုး ဖြစ်နေသလားဆိုတာ စဉ်းစားပါ။ အဲ့ဒီအရာထက် ပိုအရေးကြီးတာက ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာကို တွေးပါ။

Credit : Trend Myanmar