အခ်စ္ေရး

ချစ်သူကို အသက်လောက်ချစ်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ

ချစ်သူကို အသက်လောက်ချစ်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ

မိန်းကလေးတွေဟာ တကယ်ချစ်မိပြီဆိုရင် ပေးဆပ်နိုင်စွမ်း အမြင့်မားဆုံးလူသားတွေ ဖြစ်ကြပါတယ်။

ခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ ချစ်သူကို အသက်ထက်မကချစ်တဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေ၊ လက္ခဏာတွေနဲ့ ခံယူချက်တွေပဲဖြစ်ပါတယ်။

တကယ်လို့ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ ကံအကောင်းဆုံးလူဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို ဂရုစိုက်ပေးဖို့၊ တန်ဖိုးထားပေးဖို့ မမေ့ပါနဲ့။

(၁) အမြဲတမ်းဂရုစိုက်နိုင်တယ်

သင့်ချစ်သူဟာ မအားတဲ့ကြားကတောင်၊ တခြားအရာတွေနဲ့ အလုပ်အရမ်းရှုပ်နေချိန်မှာတောင် သင့်ကိုဂရုစိုက်ဖို့၊ ဖုန်းဆက်ဖို့၊ စာပို့ဖို့၊ ဆက်သွယ်ဖို့ မပျက်ကွက်ဘူးဆိုရင်တော့ သင့်ကို တော်တော်ကြီးချစ်လို့ပါ။

ဒီလိုမိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုတောင် ဂရုစိုက်နိုင်ချင်မှစိုက်မယ်၊ ချစ်သူကိုတော့ ဂရုစိုက်ဖို့ ဘယ်တော့မှပျက်ကွက်မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ သူ့ရဲ့အသက်ထက် သင့်ကိုချစ်လို့ပါ။

 

(၂) အရာရာရင်ဆိုင်နိုင်တယ်

ချစ်သူအတွက်အရာရာကို ရင်ဆိုင်ရဲတာ ချစ်သူကို အသက်ထက်ချစ်တဲ့ မိန်းကလေးတွေပါ။

ချစ်သူဘေးတွေ့နေတဲ့အချိန်တွေမှာ ဘယ်လောက် အန္တရာယ်ရှိရှိ၊ ဘယ်လိုနေရာမျိုးကိုမဆို ချစ်သူအတွက် သွားရဲကြတဲ့သူတွေဖြစ်ပြီး ဖြစ်လာသမျှကိုလည်း ရင်ဆိုင်ဖို့ သတ္တိအပြည့်ရှိကြသူတွေဖြစ်ပါတယ်။

တစ်ချို့ကတော့ မိုက်ရူးရဲဆန်တယ်လို့ပြောကြပေမယ့် ချစ်သူကို အသက်ထက်ချစ်တဲ့ မိန်းကလေးအဖို့ ဒါက သူ့အချစ်ကိုဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

(၃) အရာအားလုံးကိုပေးနိုင်တယ်

ချစ်သူကို အသက်ထက်ချစ်တဲ့ မိန်းကလေးအဖို့ ချစ်သူကို မပေးနိုင်တာ ဘာမှမရှိပါဘူး။

ချစ်သူအတွက် ကိုယ့်မှာရှိတဲ့ ပစ္စည်းအားလုံး၊ ပိုင်ဆိုင်သမျှအားလုံးသာမက လိုအပ်ရင် ချစ်သူအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုသာမက အသက်ကိုတောင် ပေးလိုက်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုထက် သူ့ကို အမြဲတမ်းဦးစားပေးပြီး ကိုယ့်ကြောင့် သူပျော်ရွှင်နေတာ၊ အဆင်ပြေနေတာမြင်ရရင်ကို ပင်ပန်းသမျှ၊ နာကျင်သမျှ ပျောက်ကွယ်သွားသလို ခံစားကြရပါတယ်။

(၄) ချစ်သူအတွက်ဘာမဆိုလုပ်ရဲတယ်

ချစ်သူက အကျဉ်းအကျပ်ထဲရောက်နေတဲ့အချိန်၊ ကူညီမယ့်သူတစ်ယောက်မှမရှိတဲ့အချိန်တွေမှာ တကယ်အနစ်နာခံ၊ ကြီးမားတဲ့ စွန့်စားမှုတွေနဲ့ ဘာမဆိုလုပ်ပေးဖို့ သတ္တိရှိတာ ချစ်သူကို အသက်ထက်ချစ်တဲ့ မိန်းကလေးတွေပါ။

ဒီအရာကိုလုပ်လိုက်ရင် ထိခိုက်နစ်နာစရာ အရမ်းကြီးမားတာကိုသိပေမယ့်လည်း ချစ်သူတစ်ယောက်တည်းကိုပဲ စဉ်းစားပေးပြီး ကိုယ့်ကိုယ်ကို စတေးပစ်လိုက်ဖို့ ဝန်မလေးတဲ့သူတွေပါ။

သူ့လောက်ချစ်နိုင်တဲ့သူဆိုတာ ကမ္ဘာပေါ်မှာ ရှားပါတယ်။

 

(၅) အစွန်းနှစ်ဖက်မှာရှိနေတယ်

ချစ်သူကို အသက်ထက်မက ချစ်တဲ့မိန်းကလေးတွေဟာ ချစ်သူနဲ့ပတ်သက်လာရင် အရမ်းကို ခံစားချက်ကြီးမားပြင်းထန် ကြပါတယ်။

ချစ်သူနဲ့ပတ်သက်ရင် နည်းနည်းလေးမှ အထိခိုက်မခံနိုင်လောက်အောင် ထိရှလွယ်ကြပါတယ်။

တစ်ခုခုဆို အဆုံးထိတွေးတတ်ကြတာကြောင့် ချစ်သူက ဖုန်းမကိုင်တာတို့၊ ဆက်သွယ်လို့မရတာတို့လို အသေးအမွှားလေးကအစ သေမလောက်ရင်တွေတုန်ပြီး မနေနိုင်မထိုင်နိုင်တွေ ဖြစ်နေတတ်ကြပါတယ်။

ဖြစ်နိုင်ရင် ချစ်သူသွားလေရာ၊ လုပ်လေရာ အရာရာတိုင်းမှာ အတူပါချင်တဲ့သူတွေဖြစ်ပါတယ်။

အကြောင်းကတော့ ကိုယ့်အသက်ထက်တောင် ချစ်ရတဲ့ချစ်သူကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ကြလို့ ဖြစ်ပါတယ်။

Em Em(Auntymay)

Zawgyi

ခ်စ္သူကို အသက္ေလာက္ခ်စ္တဲ့ မိန္းကေလးေတြဆိုတာ ဒီလိုမ်ိဳးပါ

မိန္းကေလးေတြဟာ တကယ္ခ်စ္မိၿပီဆိုရင္ ေပးဆပ္ႏိုင္စြမ္း အျမင့္မားဆုံးလူသားေတြ ျဖစ္ၾကပါတယ္။

ခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကေတာ့ ခ်စ္သူကို အသက္ထက္မကခ်စ္တဲ့ မိန္းကေလးေတြရဲ႕ အမူအက်င့္ေတြ၊ လကၡဏာေတြနဲ႔ ခံယူခ်က္ေတြပဲျဖစ္ပါတယ္။

တကယ္လို႔ ဒီလိုခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားတယ္ဆိုရင္ သင္ဟာ ကံအေကာင္းဆုံးလူျဖစ္ပါတယ္။ ဒါေၾကာင့္သူ႔ကို ဂ႐ုစိုက္ေပးဖို႔၊ တန္ဖိုးထားေပးဖို႔ မေမ့ပါနဲ႔။

(၁) အၿမဲတမ္းဂ႐ုစိုက္ႏိုင္တယ္

သင့္ခ်စ္သူဟာ မအားတဲ့ၾကားကေတာင္၊ တျခားအရာေတြနဲ႔ အလုပ္အရမ္းရႈပ္ေနခ်ိန္မွာေတာင္ သင့္ကိုဂ႐ုစိုက္ဖို႔၊ ဖုန္းဆက္ဖို႔၊ စာပို႔ဖို႔၊ ဆက္သြယ္ဖို႔ မပ်က္ကြက္ဘူးဆိုရင္ေတာ့ သင့္ကို ေတာ္ေတာ္ႀကီးခ်စ္လို႔ပါ။

ဒီလိုမိန္းကေလးေတြဟာ ကိုယ့္ကိုယ္ကိုေတာင္ ဂ႐ုစိုက္ႏိုင္ခ်င္မွစိုက္မယ္၊ ခ်စ္သူကိုေတာ့ ဂ႐ုစိုက္ဖို႔ ဘယ္ေတာ့မွပ်က္ကြက္မွာ မဟုတ္ပါဘူး။

အေၾကာင္းကေတာ့ သူ႔ရဲ႕အသက္ထက္ သင့္ကိုခ်စ္လို႔ပါ။

(၂) အရာရာရင္ဆိုင္ႏိုင္တယ္

ခ်စ္သူအတြက္အရာရာကို ရင္ဆိုင္ရဲတာ ခ်စ္သူကို အသက္ထက္ခ်စ္တဲ့ မိန္းကေလးေတြပါ။

ခ်စ္သူေဘးေတြ႕ေနတဲ့အခ်ိန္ေတြမွာ ဘယ္ေလာက္ အႏၲရာယ္ရွိရွိ၊ ဘယ္လိုေနရာမ်ိဳးကိုမဆို ခ်စ္သူအတြက္ သြားရဲၾကတဲ့သူေတြျဖစ္ၿပီး ျဖစ္လာသမွ်ကိုလည္း ရင္ဆိုင္ဖို႔ သတၱိအျပည့္ရွိၾကသူေတြျဖစ္ပါတယ္။

တစ္ခ်ိဳ႕ကေတာ့ မိုက္႐ူးရဲဆန္တယ္လို႔ေျပာၾကေပမယ့္ ခ်စ္သူကို အသက္ထက္ခ်စ္တဲ့ မိန္းကေလးအဖို႔ ဒါက သူ႔အခ်စ္ကိုေဖာ္ျပလိုက္ျခင္းပဲ ျဖစ္ပါတယ္။

 

(၃) အရာအားလုံးကိုေပးႏိုင္တယ္

ခ်စ္သူကို အသက္ထက္ခ်စ္တဲ့ မိန္းကေလးအဖို႔ ခ်စ္သူကို မေပးႏိုင္တာ ဘာမွမရွိပါဘူး။

ခ်စ္သူအတြက္ ကိုယ့္မွာရွိတဲ့ ပစၥည္းအားလုံး၊ ပိုင္ဆိုင္သမွ်အားလုံးသာမက လိုအပ္ရင္ ခ်စ္သူအတြက္ ကိုယ္အဂၤါအစိတ္အပိုင္းေတြကိုသာမက အသက္ကိုေတာင္ ေပးလိုက္ႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုထက္ သူ႔ကို အၿမဲတမ္းဦးစားေပးၿပီး ကိုယ့္ေၾကာင့္ သူေပ်ာ္႐ႊင္ေနတာ၊ အဆင္ေျပေနတာျမင္ရရင္ကို ပင္ပန္းသမွ်၊ နာက်င္သမွ် ေပ်ာက္ကြယ္သြားသလို ခံစားၾကရပါတယ္။

(၄) ခ်စ္သူအတြက္ဘာမဆိုလုပ္ရဲတယ္

ခ်စ္သူက အက်ဥ္းအက်ပ္ထဲေရာက္ေနတဲ့အခ်ိန္၊ ကူညီမယ့္သူတစ္ေယာက္မွမရွိတဲ့အခ်ိန္ေတြမွာ တကယ္အနစ္နာခံ၊ ႀကီးမားတဲ့ စြန႔္စားမႈေတြနဲ႔ ဘာမဆိုလုပ္ေပးဖို႔ သတၱိရွိတာ ခ်စ္သူကို အသက္ထက္ခ်စ္တဲ့ မိန္းကေလးေတြပါ။

ဒီအရာကိုလုပ္လိုက္ရင္ ထိခိုက္နစ္နာစရာ အရမ္းႀကီးမားတာကိုသိေပမယ့္လည္း ခ်စ္သူတစ္ေယာက္တည္းကိုပဲ စဥ္းစားေပးၿပီး ကိုယ့္ကိုယ္ကို စေတးပစ္လိုက္ဖို႔ ဝန္မေလးတဲ့သူေတြပါ။

သူ႔ေလာက္ခ်စ္ႏိုင္တဲ့သူဆိုတာ ကမာၻေပၚမွာ ရွားပါတယ္။

(၅) အစြန္းႏွစ္ဖက္မွာရွိေနတယ္

ခ်စ္သူကို အသက္ထက္မက ခ်စ္တဲ့မိန္းကေလးေတြဟာ ခ်စ္သူနဲ႔ပတ္သက္လာရင္ အရမ္းကို ခံစားခ်က္ႀကီးမားျပင္းထန္ ၾကပါတယ္။

ခ်စ္သူနဲ႔ပတ္သက္ရင္ နည္းနည္းေလးမွ အထိခိုက္မခံႏိုင္ေလာက္ေအာင္ ထိရွလြယ္ၾကပါတယ္။

တစ္ခုခုဆို အဆုံးထိေတြးတတ္ၾကတာေၾကာင့္ ခ်စ္သူက ဖုန္းမကိုင္တာတို႔၊ ဆက္သြယ္လို႔မရတာတို႔လို အေသးအမႊားေလးကအစ ေသမေလာက္ရင္ေတြတုန္ၿပီး မေနႏိုင္မထိုင္ႏိုင္ေတြ ျဖစ္ေနတတ္ၾကပါတယ္။

ျဖစ္ႏိုင္ရင္ ခ်စ္သူသြားေလရာ၊ လုပ္ေလရာ အရာရာတိုင္းမွာ အတူပါခ်င္တဲ့သူေတြျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ကိုယ့္အသက္ထက္ေတာင္ ခ်စ္ရတဲ့ခ်စ္သူကို ဘယ္လိုနည္းနဲ႔မွ အဆုံးရႈံးမခံႏိုင္ၾကလို႔ ျဖစ္ပါတယ္။

Em Em(Auntymay)