ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့
လူတိုင်းကတော့ လှတာာမက်တာပါပဲ။ အထူးသဖြင့် ယောကျ်ားလေးတွေက လှတာလေးတွေ၊
ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။
တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ ။
လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူးတဲ့။
သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲ ။
ပျော်ရွှင်မှုတွေပေးနိုင်သူ
မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။
ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါ။
အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့ ။
သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။
ဒီလိုခံစားချက်မျိုးမိန်းကလေး တိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။
မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင်မှာပါနော် ။
ရိုးသားသူ
ဒီခေတ်ကြီးမှာ ရိုးသားတဲ့လူဆိုတာ မရှိသလောက်ပါပဲ။
မရိုးသားတဲ့ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
အားလုံးက ဆက်စပ်နေပါတယ်။ မင်းအနေနဲ့ သူ့အပေါ် မယုံရရင်ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။
တကယ်လို့ ရိုးသားသူကို တွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ်လိုက်ပါနဲ့
အကောင်းမြင်သူ
ဒီလိုလူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ရှိတယ်။
အရာရာတိုင်းအပေါ် အကောင်းမြင်တတ်ပြီး မနာလိုစိတ်ကင်းတဲ့ မိန်းကလေးဆို တာရှားပါတယ်။
အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင်စိတ်တွေ ပေါက်ဖွားကြမှာပါပဲ ။
ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ် တဲ့မိန်းမမျိုးဆို မင်းအတွက် မွန်းကြပ်စေမှာပါ။
သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေရ ပါလိမ့်မယ် ။
မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေး
မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့်သူမျိုးပေါ့။
ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင်သူမျိုး ဖြစ်ပါတယ် ။
ယောကျ်ားလေးတွေဟာ ဘယ်လောက်ပဲကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ အမြဲလိုအပ်ပါတယ်နော် ။
ဆက်ဆံရေးကောင်းသူ
အပေါ်ယံပေါင်းသင်း တတ်တာမျိုးပြောတာမဟုတ်ပါဘူး။
လူတိုင်းနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဝင်ဆံံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။
စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာမျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူပေါ့ ။
ဆက်ဆံရေးကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ မင်းအတွက်ဆုလာဘ်တစ်ခုပါပဲနော် ။
ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ်ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါ ကဲ…. ဘာများလိုဦးမလဲ…??
Credit : မေသြင်္ကန်ဟိန်(မြစ်မခ)
Unicode
ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့
လူတိုင်းကတော့ လှတာမက်တာပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေက လှတာလေးတွေ၊
ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။
တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ ။
လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူးတဲ့။
သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲ ။
ပျော်ရွှင်မှုတွေပေးနိုင်သူ
မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။
ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါ။
အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့ ။
သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။
ဒီလိုခံစားချက်မျိုးမိန်းကလေး တိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။
မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင်မှာပါနော် ။
ရိုးသားသူ
ဒီခေတ်ကြီးမှာ ရိုးသားတဲ့လူဆိုတာ မရှိသလောက်ပါပဲ။
မရိုးသားတဲ့ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။
အားလုံးက ဆက်စပ်နေပါတယ်။ မင်းအနေနဲ့ သူ့အပေါ် မယုံရရင်ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။
တကယ်လို့ ရိုးသားသူကို တွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ်လိုက်ပါနဲ့
အကောင်းမြင်သူ
ဒီလိုလူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ရှိတယ်။
အရာရာတိုင်းအပေါ် အကောင်းမြင်တတ်ပြီး မနာလိုစိတ်ကင်းတဲ့ မိန်းကလေးဆို တာရှားပါတယ်။
အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင်စိတ်တွေ ပေါက်ဖွားကြမှာပါပဲ ။
ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ် တဲ့မိန်းမမျိုးဆို မင်းအတွက် မွန်းကြပ်စေမှာပါ။
သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေရ ပါလိမ့်မယ် ။
မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေး
မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့်သူမျိုးပေါ့။
ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင်သူမျိုး ဖြစ်ပါတယ် ။
ယောက်ျားလေးတွေဟာ ဘယ်လောက်ပဲကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ အမြဲလိုအပ်ပါတယ်နော် ။
ဆက်
ဆံရေးကောင်းသူ
အပေါ်ယံပေါင်းသင်း တတ်တာမျိုးပြောတာမဟုတ်ပါဘူး။
လူတိုင်းနဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဝင်ဆံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။
စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာမျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီး အဆင်ပြေအောင် နေတတ်သူပေါ့ ။
ဆက်ဆံရေးကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ မင်းအတွက်ဆုလာဘ်တစ်ခုပါပဲနော် ။
ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ်ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါ ကဲ…. ဘာများလိုဦးမလဲ…??
Credit : မေသင်္ကြန်ဟိန်(မြစ်မခ)