အခ်စ္ေရး

နှလုံးသားထောင့်တစ်နေရာကို ရိုက်ခတ်စေမယ့် အချစ်ဆိုရိုးစကားများ

ကမ္ဘာတစ်ဝှမ်းမှာ အချစ်နဲ့ပတ်သက်ပြီး ဆိုရိုးစကား များစွာရှိနေပါတယ်။ သင်ဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ဒီဆိုရိုးစကားလေးတွေဟာ သင့်နှလုံးသားကို ရိုက်ခတ်သွားပါလိမ့်မယ်။ အဲ့ဒီဆိုရိုစကားတွေဟာ ဘာတွေများ ဖြစ်လိမ့်မ

(ဂရိ) – အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုနေတယ်။

(အီတာလျံ) – အချစ်ဦးနဲ့ တူတဲ့ အချစ်ဆိုတာ ဘယ်သောအခါမှ မရှိနိုင်။

(ပြင်သစ်) – အချစ်အတွက် အကြောင်းပြချက်ရှာဖို့ ကြိုးစားလေလေ အကြောင်းပြချက် မဲ့သွားတတ်လေလေပါပဲ။

(အာရေဗျ) – လူတစ်ယောက်ကို မျက်စိလည်းမမြင် နားလည်းမကြားအောင် လုပ်နိုင်တာ အချစ်ပဲရှိတယ်။

(တရုတ်) – ချစ်သူတွေရဲ့ နှလုံးခုန်သံထပ်တူကျအောင် ချည်နှောင်ပေးတတ်တာက အချစ်ဖြစ်တယ်။

(အိန္ဒိယ) – မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်နိုင်တာ အချစ်ကြောင့်ပါပဲ။

(အာမေးနီးယန်း) – လူတစ်ယောက်မှာ နားရွက်သုံးခုရှိပါတယ်။နှစ်ခုကတော့ ဦးခေါင်းရဲ့ ဘယ်နဲ့ညာနှစ်ဖက်မှာ ရှိပြီး နောက်ဆုံးတစ်ခုက နှလုံးသားထဲမှာ ရှိပါတယ်။

(ရိုမေးနီးယန်း) – အချစ်က ဘာသာစကား အားလုံးကို နားလည်စေပါတယ်။

(အိန္ဒိယ) – အချစ်မှာ သူဖုန်းစားနဲ့ ရှင်ဘုရင် အတူတူပဲဖြစ်ပါတယ်။

(မက္ကဆီကန်) -အချစ်ကြောင့်ဖြစ်တဲ့ရောဂါက မသေစေနိုင်ပေမဲ့ သေလောက်အောင် နာကျင်စေပါတယ်။

(အာဂျင်တီးနား) -ကိုယ့်ကိုမျက်ရည်ကျအောင် အလုပ်နိုင်ဆုံးသူက ကိုယ်ချစ်ရတဲ့သူပါပဲ။

(ပြင်သစ်) – အချစ်နဲ့ပြည့်နေတဲ့နှလုံးသားအတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။

(အိုင်းရစ်)- အချစ်ကို ကုစားပေးနိုင်တဲ့ အရာတွေထဲမှာ လက်ထပ်ခြင်းလောက်ကောင်းတာ မရှိပါဘူး။

Credit : Trend Myanmar

 















Credit : Trend Myanmar