တစ်သက်လုံး FA (သို့) Single ဖြစ်မယ့် လက္ခဏာ(၈)ရပ်
လူတော်တော်များများကတော့ တစ်သက်လုံး FA ဘဝနဲ့နေသွားရမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ Single ဘဝကိုပျော်တဲ့လို့ပြောတဲ့သူတွေရှိပေမယ့် များသောအားဖြင့်တော့ အတွဲတွေမြင်ရင် မသိစိတ်ထဲကနေ အားကျတတ်ကြပါတယ်။ လူဆိုတာလည်း ရှုပ်ထွေးပွေလီ ဒုက္ခများတဲ့ဘဝကို မသိစိတ်က ကြိုက်တတ်တဲ့ အမျိုးပါ။ တစ်ချို့တကယ်ကို Single ဘဝနဲ့ပဲပျော်တတ်တဲ့ သူတွေလည်း ရှိပါတယ်။ သင်ရော တစ်သက်လုံး Single အဖြစ်နဲ့ နေသွားမှာလား။ အောက်ပါ လက္ခာဏာရပ်တွေသင့်မှာ ရှိနေရင်တော့ သင်တစ်သက်လုံး Single အဖြစ်နေထိုင်သွားရဖို့များပါတယ်။

(၁) သင်ဟာ သင့်ဘဝထဲကို လူအသစ်တွေ သိပ်ပေးဝင်လေ့မရှိဘူး။
သင့်အနေနဲ့ အသစ်တစ်ယောက်ယောက်နဲ့ အရမ်းရင်းနှီးမှာ ကိုလိုလားလေ့မရှိပါဘူး။ သူစိမ်းတစ်ယောက်ယောက်က ပြုံးပြရင်တောင် သင်ဟာရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ ပြန်ပြုံးမပြပဲ ရှောင်လွှဲထွက်သွားပါလိမ့်မယ်။
(၂) သင်ဟာ လက်တွဲဖော်နဲ့ပက်သက်ပြီး အရမ်းကိုမျှော်မှန်းထားတယ်။
တကယ်တော့ လက်တွဲဖော်နဲ့ ပက်သက်ပြီး စိတ်ထဲမှာ မျှော်မှန်းချက်လေးတွေရှိတာကောင်းပါတယ်။ ဒါပေမယ့် ဘယ်သူ့မှာမှမရှိနိုင်တဲ့ အရည်အချင်းမျိုးနဲ့လက်တွဲဖော်သို့မဟုတ်၊ လူတစ်သန်းမှာ တစ်ယောက်လောက်ပဲရှိနိုင်တဲ့အရည်အချင်းမျိုးနဲ့ လက်တွဲဖော်ကို သင်မျှော်လင့်နေရင်တော့ ဒီတစ်သက် Single ဖြစ်ဖို့များပါတယ်။
(၃) သင်ဟာနေရာသစ်တွေကို သွားလေ့မရှိသလို အသစ်သစ်သော အရာတွေကိုလည်း
လုပ်လေ့မရှိဘူး။
သင့်ရဲ့အားလပ်ချိန်တွေမှာ အိပ်ရာထဲလှဲပြီး ရုပ်ရှင်တစ်နေကုန်ထိုင်ကြည့်မယ်။ အပြင်ကို မသွားပဲ အိမ်ထဲမှာပဲ အချိန်ပြည့် အောင်းနေလေ့ရှိပြီး သူငယ်ချင်းတွေက တစ်နေရာရာသွားဖို့ခေါ်ရင်လည်း သင်ငြင်းပါလိမ့်မယ်။
(၄) သင်ပိုင်ဆိုင်တဲ့ အရာတွေကို မျှဝေရမှာ တွန့်တိုလေ့ရှိတယ်။
သင်ပိုင်တဲ့အိပ်ရာပေါ်မှာလည်း ဘယ်သူ့ကိုမှ ပေးမအိပ်စေချင်ဘူး။ သင့်ရဲ့ကမ္ဘာလေးထဲက ဘယ်လိုအရာကိုမှသူများနဲ့ မျှဝေခံစားချင်လေ့မရှိဘူး။

(၅) သင့်ကိုသူငယ်ချင်းတွေက ပျော်ပွဲရွှင်ပွဲပါတီတွေ မဖိတ်တော့ဘူး။
သူတို့က သင့်ကိုမခင်လို့တော့ မဟုတ်ပါဘူး။ သင်ဟာ လူတွေ အများကြီးနဲ့ ကသိကအောက်ဖြစ်တတ်မှန်းသိတာကတစ်ကြောင်း၊ ပါတီဆိုတဲ့အရာနဲ့ ရုပ်တည်ကြီးနဲ့ အေးတိအေးစက်မျက်နှာ အမူအရာမျိုးနဲ့ မလိုက်ဖက်တာက တစ်ကြောင်း မဖိတ်တာပါ။
(၆) သင်ဟာ သင့်ရဲ့အဆက်ဟောင်းကို မမေ့နိုင်ဘူး။
သင်ဟာ သင့်ရဲ့အဆက်ဟောင်းကို မမေ့နိုင်ရုံတင်မကပဲနေ့တိုင်းလည်း သူ့ရဲ့အကောင့်ကိုဝင်ကြည့်တာမျိုး အရင်တုန်းက Message တွေပြန်ဖတ်တာမျိုး တစ်နွေ့နွေ့တစ်အုံအုံနေ့တိုင်းခံစားနေတတ်ပါတယ်။ နောက်ပြီး သင်ဟာ သူမပါပဲလည်း ပျော်ရွှင်နေကြောင်း ဟန်ဆောင်ပန်ဆောင် Status တွေ ခဏခဏတင်နေပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ သူဝင်ကြည့်ရင် တွေ့အောင်ဆိုပြီးပါ။ ဒါပေမယ့်လည်း သူကဝင်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင် သလောက်ပါ။
(၇) အသစ်တစ်ယောက်က သင့်ကိုချဉ်းကပ်လာတိုင်း အရင်တစ်ယေက်နဲ့နှိုင်းယှဉ်လေ့ရှိတယ်။
အရင်တစ်ယောက်ကို စံထားပြီး ချဉ်းကပ်လာတဲ့သူတွေကို အမြဲတိုင်းတာနေပါလိမ့်မယ်။ သင့်ရဲ့အရင်တစ်ယောက် ပေးသွားတဲ့ ဒဏ်ရာကိုတော့ မသိသလိုဟန်ဆောင်ပြီး အမြဲအဲ့ဒိတစ်ယောက်နဲ့ပဲ တိုင်းတာနေပါလိမ့်မယ်။
(၈) သင်ဟာ လှဖို့ပဖို့ အပြင်းကြီးတယ်။
သင်ဟာ ရည်းစားတစ်ယောက်ရဖို့ မိမိကိုယ်ကို ဂရုမစိုက်ချင်တဲ့ သူမျိုးပါ။ သင်ဟာ အဲ့ဒိလိုအလှအပတွေပြင်မယ့် အစား အိပ်မယ်၊ စားမယ်၊သို့မဟုတ် အလုပ်ပဲလုပ်မယ်ဆိုတဲ့ လူစားမျိုးပါ။ တစ်နေ့နေ့ သင့်ရဲ့အရှိအတိုင်းကို ချစ်နိုင်မယ့်သူပေါ်လာကောင်းပေါ်လာမှာပဲ ဆိုပြီးစောင့်နေပါလိမ့်မယ်။

အထက်ပါအချက်တွေ သင့်မှာရှိနေပြီလား? မစိုးရိမ်ပါနဲ့။ သင်သေချာပြန်စဉ်းစားပါ။ သင်ဟာတစ်ယောက်ထဲနေရတာ ပျော်တာ သေချာရင် လွတ်လွတ်လပ်လပ်သာနေပါ။ ဒါပေမယ့် သင့်တစ်ဘဝလုံးကို တစ်ယောက်ထဲဖြတ်သန်းရဖို့ကြောက်နေတယ်ဆိုရင် (မညာပါနဲ့။ မသိစိတ်ကိုပြန်မေးကြည့်ပါအုံး) တော့ အထက်ပါအချက်တွေကို ပြင်ဆင်သင့်ပါတယ်။



