အပျိုကြီးဆိုတာအပျိူ လေးဘဝတုန်းက ချေခဲ့သမျှ ခုချိန်မှာ တိုင်ပတ်တာပဲ…
လေးဆယ်ကျော်မှ ဘဝက စတာ မဟုတ်ဘူး သုံးဆယ်ကျော်တာနဲ့ ဖူးစာကဆုံးတာ…
မြားနတ်မောင်က အန်ဖရန့်လုပ်ပြီးပြီ အောင်သွယ်တော်ပေ့ခ်က ဘလော့ခံရပြီ…
ဗေဒင်ဆရာတွေတောင် အပျိူ ကြီး အချစ်ရေးမဟောပါလို့ ဆိုင်းဘုတ်ထောင်ရပြီ
မခူးပဲ ကြွေမကျရဲ ခူးတော့လည်း ပဲပေးနေပြီး လှည့်ထွက်သွားမှ မှည့်နေပါပြီ အော်လည်း မရတော့ဘူး….
ခက်တယ် ခက်တယ် အပျိူ ကြီးဆိုတာ တိုင်မပေါ်တဲ့ ဆင်းကဒ်လို (Helloတစ်ခွန်းနဲ့လိုရာမရောက် )
ပရိုမိုးရှင်းကာလနဲ့လည်း မရ ဒစ်စကောင့်နဲ့လည်း မဖြစ် မိဘကို တစ်သက်လုံး ဒုက္ခပေးမယ့်အထာနဲ့အပျိုူ ကြီး လုပ်မှာလို့ ( အငိုမျက်လုံး အပြုံးမျက်နှာနဲ့ပြောသေးတာ )
မရတာပဲ ဖြစ်ဖြစ် မယူတာပဲ ဖြစ်ဖြစ် ဆွဲဖဲပဲ သေသေ ဒေါင်းဖဲပဲ မတက်မတက် ဘဝ တစ်သက်မှာ
ယောကျာၤးတစ်ယောက်ကို မစည်းရုံးနိူင်ခဲ့သူတံခွန်လည်း မရှိတက်လည်း မပိုင်နဲ့ဘဝကို အရည်မပါပဲ ထမင်းစားရသလို ခြောက်ကပ်ကပ်
ဟန်းဆက် ဘယ်လောက်မြင့်မြင့် …ချစ်ဆုံး / အာဘွား / ဘာညာ ကွိကွတွေဖုန်းထဲက အသံမထွက်ဖူးတာအပျိူ ကြီး ကိုင်တဲ့ဖုန်း
ဖေ့ဘုတ်တောင်Like နေရာမှာ Love သာပိုအသုံးပြုလို့ရအောင်ပြောင်းလာတယ်အပျိူ ကြီးတွေက တစ်ယောက်တည်းပုံတင်လိုက်
သူငယ်ချင်းတွေနဲ့ပုံတင်လိုက်တူလေးတွေထိမ်းနေတဲ့ပုံတင်လိုက် ကြောင်လေး ခွေးလေးတွေနဲ့ပုံတင်လိုက်အဆင့်က …မတိုးတက် မပြောင်းလဲလာဘူး
တကယ်တော့ …အပျိူ ကြီးတွေဆိုတာဘဝကို ကျေနပ်ချင်ယောင်ဆောင်နေတဲ့အချစ်တခြမ်းလေဖြတ်ထားတဲ့နှလုံးသားဒုက္ခိတတွေပါ ။
Credit to Original uploader