ဗဟုသုတ

မဖြစ်နိုင်ဘူးထင်ရပေမယ့် တကယ်မှန်နေတဲ့ အချက်အလက်များ

လူတွေအသက်ကြီးလာလေလေ သူတို့ကို အံ့ဩအောင်လုပ်ဖို့ ခက်လာလေလေပါပဲ။ ဘာလို့လဲဆိုတော့ အံ့ဩစေတဲ့ အရာတော်တော်များများကို သူတို့ကြုံခဲ့ဖူးကြလို့ပါပဲ။ ဒါပေမယ့် သူတို့တွေ မသိသေးတဲ့ တခြား အံ့ဩဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေ ရှိနေပါသေးတယ်။ ဒီနေ့ kwee page က မဖြစ်နိုင်ဘူးထင်ရပေမယ့် တကယ်မှန်တဲ့ အချက်အလက်လေးတွေကို ဖော်ပြပေးသွားမှာပါ။

မီးခြစ်ဆံထက် မီးခြစ်က အရင်ပေါ်ခဲ့တာပါ

ရွှေငါးကို မှောင်တဲ့အခန်းထဲမှာထားမယ်ဆိုရင် အရောင်တွေ မှိန်သွားပါလိမ့်မယ်

အမျိုးသမီးတွေမှာ နာခြင်းကိုခံစားနိုင်တဲ့ အာရုံကြောတွေဟာ အမျိုးသားတွေထက် နှစ်ဆပိုမိုများပါတယ်။ နာကျင်မှုကို ခံစားနိုင်ခြင်းကလည်း ပိုမိုမြှင့်မားကြတယ်

 

ပန်းတွေဟာ သီချင်းသံနဲ့ တွဲဖက်လိုက်ရင် ပိုပြီးအကြီးမြန်ပါတယ်

ဘဲကလေးတွေဟာ ဥထဲကနေ ထွက်လာပြီး (၁၀) မိနစ်အတွင်း တွေ့တဲ့ သတ္တဝါကို သူ့အမေအဖြစ် မှတ်ယူလေ့ရှိကြတယ်

သိပ္ပံပညာရှင်တွေအဆိုအရ ညဘက်မကြာခဏ အိပ်မက်မက်လေ့ရှိသူဟာ IQ မြှင်တဲ့လူဖြစ်ပါတယ်

ပင်လယ်ဓားပြတွေဟာ ညဘက်အမြင်အာရုံကောင်းမွန်စေဖို့အတွက် သူတို့ရဲ့မျက်စိတစ်ဖက်ကို အကာတခုခုနဲ့ ပိတ်ထားလေ့ရှိတယ်

လူတစ်ယောက်ဟာ ငါးမန်းကိုက်ပြီးသေရမှာထက် သစ်ပင်ပေါ်က အုန်းသီးကြွေကျပြီး သေဆုံးရနိုင်ခြေပိုများပါတယ်

ပြုံးတာထက် မျက်မှောင်ကြုပ်ခြင်းက ကယ်လိုရီပိုမိုလောင်ကျွမ်းစေပါသတဲ့

အကယ်၍ကားတွေသာ လေပေါ်ပျံလို့ရမယ်ဆိုရင် အာကာသထဲရောက်ဖို့အတွက် အချိန် (၁) နာရီသာလိုအပ်ပါတယ်

စည်သွပ်ဗူးဖွင့်တဲ့ဟာကို စည်သွပ်ဗူးတွေပေါ်လာပြီး (၄၈) နှစ်အကြာမှ ထုတ်လုပ်ခဲ့တာပါ

သံစဉ်မှန်မှန်သီချင်းမဆိုတက်တဲ့ ဝေလငါးတွေဟာ လမ်းပျောက်လေ့ရှိပြီး အများအားဖြင့် တစ်ကောင်တည်းနေရလေ့ရှိပါတယ်

ငှက်ကုလားအုပ်ရဲ့မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်ပိုကြီးပါတယ်

ဆေးလိပ်သောက်ခြင်းကို (၁၉၅၀) ခုနှစ်အထိ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်

ဖဲချပ်တွေထဲမှာ King Hearts ဟာ နှုတ်ခမ်းမွေးမရှိတဲ့ တစ်ခုတည်းသော ဖဲချပ်ဖြစ်ပါတယ်။

၁၉၃၂ ခုနှစ်တွင် သြစတြေးလျနိုင်ငံသားတွေဟာ အီးမျူးငှက်တွေနဲ့ စစ်ဖြစ်ပွားခဲ့ပြီး ငှက်တွေက စစ်နိုင်ခဲ့ပါတယ်

ဖန်ဘောလုံးဟာ ရာဘာဘောလုံးထက် ပိုပြီးပြန်ကန်အားကောင်းပါတယ်

ကမ္ဘာ့လူဦးရေရဲ့ ၃/၂ ပုံဟာ နှင်းကိုမမြင်ဖူးကြဘူး

ကျွန်တွေက ပိရမစ်တွေကို တည်ဆောက်ခဲ့ခြင်းမဟုတ်ပါ

လေ့လာတွေ့ရှိမှု အသစ်တွေအရ ပိရမစ်တွေကို တည်ဆောက်ခဲ့တဲ့လူတွေဟာ အခကြေးငွေများရရှိခဲ့ပြီး ကောင်းမွန်စွာစားသောက်နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

Source: Bright Side