ဗဟုသုတ

ပုစွန် ချက်စားမယ့်လူတွေ ဂရုပြုရမယ့် အဓိက အချက် (အရမ်း အရေးကြီးပါတယ်)

ပင်လယ်စာ တွေဟာ စားရတာလတ်ဆတ် ပြီး အရသာ ရှိ ပေမယ့် ချက် ပြုတ်ဖို့ အတွက်ဆိုရင် အချိန် ပေးပြီး ဆေး ကြောဖယ်ရှားရတဲ့ အရာတွေ လည်း ရှိ တယ်။

ပုစွန် ဟင်းချက် တော့မယ်ဆို ရင် ပုစွန်ရဲ့အခွံရတာ ကျောခွဲပြီး အညစ်အကြေးထုတ် ပေးရတာ အပြင် အမြီးဖျားကဆူးချွန်လေးကိုလည်း ချိုးပြီး ဖယ်ရှားပေး ရပါတယ်။

ပုစွန်ဟင်းတစ်ခွက် ချက်ဖူးကြတဲ့ အိမ်ရှင်မများ ပုစွန်အမြီးဖျားက ဆူးလေး လက်ကို ဆူးမိတာ၊ ရှမိတာမျိုး ကြုံဖူးကြပါသလား။

လက်ကို ဆူးမိ၊ ရှမိပြီး အခုချိန်ထိ ကျန်းမာရေးကောင်းနေသေးရင်တော့ အလွန်ကံကောင်းနေ သေးတယ်လို့ မှတ်လိုက်ပါတော့ဗျာ။ သို့သော်လည်း နောက်တစ်ခါ ပုစွန်ကိုင်ရင်တော့ သတိထားကြဖို့ ဖော်ပြပါ သတင်းလေးက အကြောင်းရင်းကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ဂျန်ဆုစီရင်စု ဂွမ်နမ်မြို့က အသက် ၆၀ နှစ်အရွယ် အမျိုး သမီးကြီးဟာ ဟင်းချက်ဖို့ ပြင်ဆင်နေစဉ်မှာပဲ ပုစွန်ရဲ့ ဖင်ပိုင်းက အမြီးဆူး လက်ကို ပြတ်ရှခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လက်ကိုပြတ်ရှခဲ့တဲ့ ပထမရက်မှာ ခပ်မြက်မြက်လေးသာ ခံစားနေခဲ့ရပါတယ်။ ဒုတိယရက်မှာတော့ လက်ဟာ ရောင်ကိုင်းစ ပြုလာပါတယ်။

ဒါပေမယ့်လည်း မကြာခင်ပျောက်သွားမှာပါဆိုပြီး ဒီတိုင်းပဲထားလိုက်ပါတယ်။ တတိယရက် မှာတော့ အပြင်းဖျားလာတဲ့အတွက် မိသားစုက ဆေးရုံတင်ပို့ခဲ့ကြပါတယ်၊

ဆေးရုံမှာ ဆရာဝန်က စစ်ဆေးမှုများ ပြု လုပ်ပြီးနောက်မှာတော့ သူမရဲ့ အတွင်းကလီစာတွေအ ားလုံး တဖြည်းဖြည်းပျက်စီး လာနေတာကို တွေ့ ခဲ့ရပါတယ်။ ဆရာဝန်တွေက ကြိုးစားပြီး ကုသပေမယ့် ဆယ်ရက်အကြာမှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်

ဆရာဝန် တွေက မေးခိုင်ပိုးဝင်တယ်လို့ သံသယရှိပြီး ဒီပိုးဟာ လူကိုအချိန်တိုအတွင်း သေ အောင် တိုက် ခိုက်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်။

ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့ သက် ဆိုင်တဲ့ အရာတွေမှာ အများဆုံးတွေ့ရတတ်ပြီး ပင်လယ်စာတွေကို ကျက်အောင် ချက်ပြုတ်မစားတာ မျိုး၊ လူ နဲ့ထိ ခိုက်မိပြီး ပြတ်ရှခံရတာတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက် ပျံ့နှံ့ပြီး တိုက်ခိုက် တတ်တယ်လို့ ဆိုပါတယ်။

ဒီလိုပိုး ဝင်ခံရသူ အများစုဟာ ၄၈ နာရီအတွင်း သေဆုံးတတ်ကြောင်း သိရှိရပါတယ်။ အဲဒါကြောင့် အိမ်ရှင်မများအနေနဲ့ ပင်လယ်စာတွေကို မချက်ပြုတ်ခင် ဆေးကြော သန့်ရှင်းရေးလုပ်စဉ်မှာ လက်အိတ်နဲ့ သေသေချာချာ ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

ပင်လယ်စာတွေကို အစိမ်းစားတာမျိုးထက် ချက်ပြုတ်ပြီး စားသင့်တာမျိုးကို ပြုလုပ်သင့်ကြောင်း အကြံပေးလိုက်ပါရစေ ခင်ဗျာ။
credit
zawgyi

ပင္လယ္စာ ေတြဟာ စားရတာလတ္ဆတ္ ၿပီး အရသာ ရွိ ေပမယ့္ ခ်က္ ျပဳတ္ဖို႔ အတြက္ဆိုရင္ အခ်ိန္ ေပးၿပီး ေဆး ေၾကာဖယ္ရွားရတဲ့ အရာေတြ လည္း ရွိ တယ္။

ပုစြန္ ဟင္းခ်က္ ေတာ့မယ္ဆို ရင္ ပုစြန္ရဲ႕အခြံရတာ ေက်ာခြဲၿပီး အညစ္အေၾကးထုတ္ ေပးရတာ အျပင္ အၿမီးဖ်ားကဆူးခြၽန္ေလးကိုလည္း ခ်ိဳးၿပီး ဖယ္ရွားေပး ရပါတယ္။

ပုစြန္ဟင္းတစ္ခြက္ ခ်က္ဖူးၾကတဲ့ အိမ္ရွင္မမ်ား ပုစြန္အၿမီးဖ်ားက ဆူးေလး လက္ကို ဆူးမိတာ၊ ရွမိတာမ်ိဳး ႀကဳံဖူးၾကပါသလား။

လက္ကို ဆူးမိ၊ ရွမိၿပီး အခုခ်ိန္ထိ က်န္းမာေရးေကာင္းေနေသးရင္ေတာ့ အလြန္ကံေကာင္းေန ေသးတယ္လို႔ မွတ္လိုက္ပါေတာ့ဗ်ာ။ သို႔ေသာ္လည္း ေနာက္တစ္ခါ ပုစြန္ကိုင္ရင္ေတာ့ သတိထားၾကဖို႔ ေဖာ္ျပပါ သတင္းေလးက အေၾကာင္းရင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

တ႐ုတ္နိုင္ငံ ဂ်န္ဆုစီရင္စု ဂြမ္နမ္ၿမိဳ႕က အသက္ ၆၀ ႏွစ္အ႐ြယ္ အမ်ိဳး သမီးႀကီးဟာ ဟင္းခ်က္ဖို႔ ျပင္ဆင္ေနစဥ္မွာပဲ ပုစြန္ရဲ႕ ဖင္ပိုင္းက အၿမီးဆူး လက္ကို ျပတ္ရွခဲ့ၿပီးေနာက္ ရက္ပိုင္းအတြင္းမွာ ကြယ္လြန္သြားခဲ့ပါတယ္။

လက္ကိုျပတ္ရွခဲ့တဲ့ ပထမရက္မွာ ခပ္ျမက္ျမက္ေလးသာ ခံစားေနခဲ့ရပါတယ္။ ဒုတိယရက္မွာေတာ့ လက္ဟာ ေရာင္ကိုင္းစ ျပဳလာပါတယ္။

ဒါေပမယ့္လည္း မၾကာခင္ေပ်ာက္သြားမွာပါဆိုၿပီး ဒီတိုင္းပဲထားလိုက္ပါတယ္။ တတိယရက္ မွာေတာ့ အျပင္းဖ်ားလာတဲ့အတြက္ မိသားစုက ေဆး႐ုံတင္ပို႔ခဲ့ၾကပါတယ္၊

ေဆး႐ုံမွာ ဆရာဝန္က စစ္ေဆးမႈမ်ား ျပဳ လုပ္ၿပီးေနာက္မွာေတာ့ သူမရဲ႕ အတြင္းကလီစာေတြအ ားလုံး တျဖည္းျဖည္းပ်က္စီး လာေနတာကို ေတြ႕ ခဲ့ရပါတယ္။ ဆရာဝန္ေတြက ႀကိဳးစားၿပီး ကုသေပမယ့္ ဆယ္ရက္အၾကာမွာ ေဆး႐ုံေပၚမွာပဲ ေသဆုံးသြားခဲ့ပါတယ္

ဆရာဝန္ ေတြက ေမးခိုင္ပိုးဝင္တယ္လို႔ သံသယရွိၿပီး ဒီပိုးဟာ လူကိုအခ်ိန္တိုအတြင္း ေသ ေအာင္ တိုက္ ခိုက္နိုင္တဲ့အထိ ျပင္းထန္တယ္လို႔ဆိုပါတယ္။

ဒီလိုဘက္တီးရီးယားေတြကို ေရသတၱဝါေတြနဲ႕ သက္ ဆိုင္တဲ့ အရာေတြမွာ အမ်ားဆုံးေတြ႕ရတတ္ၿပီး ပင္လယ္စာေတြကို က်က္ေအာင္ ခ်က္ျပဳတ္မစားတာ မ်ိဳး၊ လူ နဲ႕ထိ ခိုက္မိၿပီး ျပတ္ရွခံရတာေတြကေနတစ္ဆင့္ ခႏၶာကိုယ္ထဲ ဝင္ေရာက္ ပ်ံ့ႏွံ႕ၿပီး တိုက္ခိုက္ တတ္တယ္လို႔ ဆိုပါတယ္။

ဒီလိုပိုး ဝင္ခံရသူ အမ်ားစုဟာ ၄၈ နာရီအတြင္း ေသဆုံးတတ္ေၾကာင္း သိရွိရပါတယ္။ အဲဒါေၾကာင့္ အိမ္ရွင္မမ်ားအေနနဲ႕ ပင္လယ္စာေတြကို မခ်က္ျပဳတ္ခင္ ေဆးေၾကာ သန႔္ရွင္းေရးလုပ္စဥ္မွာ လက္အိတ္နဲ႕ ေသေသခ်ာခ်ာ ကိုင္တြယ္ဖို႔ အေရးႀကီးပါတယ္။

ပင္လယ္စာေတြကို အစိမ္းစားတာမ်ိဳးထက္ ခ်က္ျပဳတ္ၿပီး စားသင့္တာမ်ိဳးကို ျပဳလုပ္သင့္ေၾကာင္း အႀကံေပးလိုက္ပါရေစ ခင္ဗ်ာ။
credit