မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်း
အသည်းကွဲခဲ့ဖူးတဲ့ မိန်းကလေး တော်တော်များများကို သတိထားကြည့်မယ် ဆိုရင် အသည်းကွဲ ပြီးရင် အရင်ကထက် ပိုလှလာတာကို တွေ့ရမှာပါ။ ဥပမာ ပြရမယ်ဆိုရင် Justin Bieber နဲ့ပြတ်ပြီးနောက် Selena Gomez ပိုလှလာတာမျိုးပါ။ တစ်ချို့ ဆိုရင် အသည်းပြီးနောက်ပိုင်းမှာ သိသိသာသာကြီးကို ကိုယ်အလေးချိန် ကျ၊ ဝိတ်ကျသွားပြီး အရမ်းကို လှလာကြပါတယ်။ တကယ်တော့ ဒါဟာ ထင်ကြေးမဟုတ်ပါဘူး။ လေ့လာမှုတစ်ခုမှာကိုက အမျိုးသမီး (၇၇) ရာခိုင်နှုန်းဟာ အသည်းကွဲပြီးရင် ကိုယ်အလေးချိန်သိသိသာသာကျသွားတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်း ကတော့
(၁)စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားလို့
မိန်းကလေးတွေဟာ အကြာကြီးလက်တွဲလာတဲ့ relationship တစ်ခုနဲ့ လမ်း ခွဲပြတ်စဲတော့မယ်ဆိုရင် အစောကြီးတည်းက ကြိုတင် ပြင်ဆင် ထားတတ်ကြ လို့ပါ။အများရဲ့ အမြင်မှာတော့ ချက်ချင်းကြီး ပြတ်စဲ သွားတယ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် အဲ့ဒါမှားပါတယ်။ Relationship နဲ့ပတ်သက်တဲ့ပညာရှင်တွေက ပြောခဲ့တာပါ။ မိန်းကလေးတော်တော်များများဟာ အကြာကြီးတွဲလာတဲ့ ချစ်သူ (သို့) ခင်ပွန်းနဲ့ လက်တွဲမဖြုတ်ခင်အစောကြီးတည်းက သူတို့စိတ်ထဲမှာ အနည်းနဲ့ အများကြိုတင်ပြင်ဆင်ထားကြလို့ တကယ်ကြုံလာတဲ့အခါ အရမ်းကြီး မယိုင်လဲ သလို အလွယ်တကူပြန်တည်ဆောက်နိုင်တာပါ။
(၂)ပိုရင့်ကျက်သွားလို့
တကယ်တော့ အသည်းကွဲတယ်ဆိုတာ အခက်အခဲတစ်ခုကို ကျော်ဖြတ်ရတာပါ။ စိတ်မှာရသွားတဲ့ ဒဏ်ရာကို ကိုယ့်မှာရှိတဲ့ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ပြီး အနိုင်ယူရတာပါ။ အခက်အခဲတစ်ခုကို ကျော်ဖြတ်ပြီးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသွားသလိုမျိုးပဲ အသည်းကွဲပြီးရင် စိတ်က ပိုရင့်ကျက်၊ယုံကြည်မှု ပိုရှိသွားတာကြောင့် ပိုလှတာပါ။
(၃)အပြောင်းအလဲ လုပ်လိုက်လို့
အမျိုးသားတော်တော်များများကတော့ အသည်းကွဲရင် အရက်သောက်၊ ဘီယာ သောက်ပြီး စိတ်ပြေအောင်လုပ်ပေမယ့် မိန်းကလေးတွေထဲမှာတော့ အဲ့လိုလုပ်တာ ရှားပါတယ်။ အသည်းကွဲပြီဆိုတာနဲ့ အပြောင်းအလဲ ဖြစ်သွားအောင် Shopping ထွက်တာ၊ အလှပြင်ဆိုင်သွားပြီး ဆံပင်စတိုင်ပြောင်းလိုက်တာ ဒါမျိုး လုပ်တတ်ပါတယ်။ တစ်ချို့က အသည်းကွဲပြီဆိုရင် gym ကစားတာမျိုး လုပ်ကြပါတယ်။ နောက်ဆုံး ကိုယ်က စိတ်မပါရင်တောင်မှ သူငယ်ချင်းတွေက ဆွယ်လို့ ဒီလိုအရာတွေကို လုပ်ဖြစ်တတ်ပါတယ်။
(၄)မခံချင်စိတ်ကြောင့်
Ex နဲ့ ဘာကြောင့်ပဲ လမ်းခွဲခဲ့ပါစေ။ နောက်ဆုံး မျက်နှာကို ပြန်မမြင်ချင်တော့ လောက်အောင် မုန်းနေပါစေ ex ရဲ့ ရှေ့မှာ ကိုယ်လှပြီး အဆင်ပြေနေတဲ့ ပုံမျိုးပဲ ဖြစ်နေချင်တဲ့ စိတ်ကြောင့်ပါ။ သူနဲ့ပြတ်ပြီးရင် ပိုလှလာတယ်၊ ပိုအဆင်ပြေနေတယ် ဆိုတာကို တမင်သက်သက် သူသိအောင်ပြချင်တဲ့ စိတ်ကြောင့်ပါ။