အခ်စ္ေရး

အချစ်ကြီးလွန်းတဲ့ မိန်းကလေးတွေပဲ ကြုံလေ့ရှိတဲ့ အရာများ

တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ပုံစံ မတူပါဘူး။ တစ်ချို့တွေကတော့ ခံစားချက်တွေကို ခန့်ခွဲနိုင်ကြပြီး စိတ်တည်ငြိမ် ကြပါ တယ်။

တစ်ချို့တွေကတော့ ခဏပဲ ခံစားကြတယ်။ တစ်ချို့တွေကတော့ ထိလွယ် ရှလွယ်။ တစ်ချို့တွေကတော့ အချစ်ကြီးကြ တယ်။ အချစ်ကြီးတဲ့ သူတို့လို လူမျိုးတွေက ဒီလို အခြေအနေတွေ အမြဲ ကြုံရလေ့ ရှိတယ်။

(၁) အသည်းကွဲတယ်

သူတို့တွေကတော့ မကြာခဏ အသဲကွဲ တတ်ပါတယ်။ တစ်ချို့တော့ တစ်ခါ နှစ်ခါလောက်ပဲ အသည်းကွဲ ရပါတယ်။ သေချာတာကတော့ သူတို့က အချစ်ကြီးလို့ အသည်းကွဲ ခဲ့ရတာ ဖြစ်ပါတယ်။ ချစ်လွန်းလွန်းလို့ ထားခဲ့ ခံရပြီး ချစ်လွန်းလို့ပဲ သင့်ကို စိတ်ပျက်သွား တတ်ကြ တာကို ခံခဲ့ရပါတယ်။

(၂) ပူလောင်ရတယ်

 

အချစ်ကြီးတဲ့ သူတွေက အပူလောင်ရဆုံး သူတွေ လို့တောင် ပြောလို့ ရပါတယ်။ သူတို့တွေက ချစ်မိတဲ့အခါ အမြဲ အကြောင်း အမျိုးမျိုးနဲ့ ချစ်ရတဲ့သူကို စိတ်ပူနေ တတ်ပါတယ်။ ဒီလို စိတ်ပူတာကိုလည်း ချစ်သူကို

အသိပေးမိတာကြောင့် တစ်ခါတစ်လေ ပြဿနာ တတ်ကြရပါတယ်။ ချစ်သူက သူ့ကို အလွန်အမင်း တွယ်ကပ်နေတယ်။ ချုပ်ချယ်နေသလို ဖြစ်နေတယ် ထင်နေတဲ့ ပြဿနာကိုလည်း သူတို့တွေက ရင်ဆိုင်ကြရပါတယ်။

(၃) ဒေါသကြီးတယ်

သူတို့တွေရဲ့ ပုံမှန် ဗီဇမှာကိုက စိတ်ကြီးတဲ့ သဘော ရှိပါတယ်။ ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကြီး တတ်ပါတယ်။

သူတို့တွေ သူတို့ကို သစ္စာဖောက် မှာမျိုးကို စိုးရိမ်တတ်ကြပြီး သစ္စာဖောက်တာကို နည်းနည်းတောင် သည်းခံတတ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒီလို ဒေါသဖြစ်တဲ့ စိတ်ကြောင့် မကြာခဏ ချစ်သူနဲ့ စကားများရတာလည်း ရှိနေပါတယ်။

(၄) ပြဿနာတက်တယ်

 

အချစ်ကြီးတဲ့သူတွေ ချစ်မိတဲ့အခါ ချစ်သူ ရတဲ့အခါမှာ ပြဿနာတွေ တက်တတ်ပါတယ်။ များသောအားဖြင့် သဝန်တိုလွန်းတာ၊ ဂရုစိုက်မိ လွန်းတာတွေကြောင့် တစ်ဖက်က အနေကျပ်ပြီး စိတ်ညစ်လာတဲ့အခါတွေမှာ ပြဿနာ ဖြစ်နေ တတ်ကြတာပါ။

(၅) ကိုယ့်ကိုယ်ကို စိတ်ပျက်လာတယ်

သင့်ရဲ့ တစ်စုံတစ်ယောက်အပေါ် နှစ်နှစ်ကာကာ ချစ်မိတတ်တဲ့စိတ်က သင့်ကိုယ်သင်လည်း စိတ်ညစ်စေတတ်ပါတယ်။ သင်လည်း ပင်ပန်းလာတာကို ခံစားမိသလို ဒီလိုမျိုး မဖြစ်ချင်တော့ပါဘူး။

အချစ်ကြီးလွန်းတဲ့စိတ်ကြောင့် ချစ်ရတဲ့သူလည်း အဆင်မပြေဖြစ်သလို ကိုယ်လည်း စိတ်ညစ်လာရပါတယ်။ ဒါကြောင့် အချစ်ကြီးတဲ့ ကိုယ်ကိုယ်ကို စိတ်ပျက်နေမိကြပါတယ်။

Kham

Zawgyi

တစ္ေယာက္နဲ႔ တစ္ေယာက္ ခံစားရတဲ့ ပံုစံ မတူပါဘူး။ တစ္ခ်ိဳ႕ေတြကေတာ့ ခံစားခ်က္ေတြကို ခန္႔ခြဲႏိုင္ၾကၿပီး စိတ္တည္ၿငိမ္ ၾကပါ တယ္။

တစ္ခ်ိဳ႕ေတြကေတာ့ ခဏပဲ ခံစားၾကတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ထိလြယ္ ရွလြယ္။ တစ္ခ်ိဳ႕ေတြကေတာ့ အခ်စ္ႀကီးၾက တယ္။ အခ်စ္ႀကီးတဲ့ သူတို႔လို လူမ်ိဳးေတြက ဒီလို အေျခအေနေတြ အျမဲ ၾကံဳရေလ့ ရွိတယ္။

(၁) အသည္းကြဲတယ္

သူတို႔ေတြကေတာ့ မၾကာခဏ အသဲကြဲ တတ္္ပါတယ္။ တစ္ခ်ိဳ႕ေတာ့ တစ္ခါ ႏွစ္ခါေလာက္ပဲ အသည္းကြဲ ရပါတယ္။ ေသခ်ာတာကေတာ့ သူတို႔က အခ်စ္ႀကီးလို႔ အသည္းကြဲ ခဲ့ရတာ ျဖစ္ပါတယ္။ ခ်စ္လြန္းလြန္းလို႔ ထားခဲ့ ခံရၿပီး ခ်စ္လြန္းလို႔ပဲဲ သင့္ကို စိတ္ပ်က္သြား တတ္ၾက တာကို ခံခဲ့ရပါတယ္။

(၂) ပူေလာင္ရတယ္

အခ်စ္ႀကီးတဲ့ သူေတြက အပူေလာင္ရဆံုး သူေတြ လို႔ေတာင္ ေျပာလို႔ ရပါတယ္။ သူတို႔ေတြက ခ်စ္မိတဲ့အခါ အျမဲ အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ ခ်စ္ရတဲ့သူကို စိတ္ပူေန တတ္ပါတယ္။ ဒီလို စိတ္ပူတာကိုလည္း ခ်စ္သူကို

အသိေပးမိတာေၾကာင့္ တစ္ခါတစ္ေလ ျပႆနာ တတ္ၾကရပါတယ္။ ခ်စ္သူက သူ႔ကို အလြန္အမင္း တြယ္ကပ္ေနတယ္။ ခ်ဳပ္ခ်ယ္ေနသလို ျဖစ္ေနတယ္ ထင္ေနတဲ့ ျပႆနာကိုလည္း သူတို႔ေတြက ရင္ဆိုင္ၾကရပါတယ္။

(၃) ေဒါသႀကီးတယ္

သူတို႔ေတြရဲ႕ ပံုမွန္ ဗီဇမွာကိုက စိတ္ႀကီးတဲ့ သေဘာ ရွိပါတယ္။ ေဒါသထြက္တဲ့အခါမွာလည္း ေဒါသႀကီး တတ္ပါတယ္။

သူတို႔ေတြ သူတို႔ကို သစၥာေဖာက္ မွာမ်ိဳးကို စိုးရိမ္တတ္ၾကၿပီး သစၥာေဖာက္တာကို နည္းနည္းေတာင္ သည္းခံတတ္ၾကတဲ့သူေတြ မဟုတ္ပါဘူး။ ဒီလို ေဒါသျဖစ္တဲ့ စိတ္ေၾကာင့္ မၾကာခဏ ခ်စ္သူနဲ႔ စကားမ်ားရတာလည္း ရွိေနပါတယ္။

(၄) ျပႆနာတက္တယ္

အခ်စ္ႀကီးတဲ့သူေတြ ခ်စ္မိတဲ့အခါ ခ်စ္သူ ရတဲ့အခါမွာ ျပႆနာေတြ တက္တတ္ပါတယ္။ မ်ားေသာအားျဖင့္ သဝန္တိုလြန္းတာ၊ ဂရုစိုက္မိ လြန္းတာေတြေၾကာင့္ တစ္ဖက္က အေနက်ပ္ၿပီး စိတ္ညစ္လာတဲ့အခါေတြမွာ ျပႆနာ ျဖစ္ေန တတ္ၾကတာပါ။

(၅) ကိုယ့္ကိုယ္ကို စိတ္ပ်က္လာတယ္

သင့္ရဲ႕ တစ္စံုတစ္ေယာက္အေပၚ ႏွစ္ႏွစ္ကာကာ ခ်စ္မိတတ္တဲ့စိတ္က သင့္ကိုယ္သင္လည္း စိတ္ညစ္ေစတတ္ပါတယ္။ သင္လည္း ပင္ပန္းလာတာကို ခံစားမိသလို ဒီလိုမ်ိဳး မျဖစ္ခ်င္ေတာ့ပါဘူး။

အခ်စ္ႀကီးလြန္းတဲ့စိတ္ေၾကာင့္ ခ်စ္ရတဲ့သူလည္း အဆင္မေျပျဖစ္သလို ကိုယ္လည္း စိတ္ညစ္လာရပါတယ္။ ဒါေၾကာင့္ အခ်စ္ႀကီးတဲ့ ကိုယ္ကိုယ္ကို စိတ္ပ်က္ေနမိၾကပါတယ္။

Kham