ယောကျ်ားလေးတိုင်းသိထားသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ ကျင့်ဝတ်များ
မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို
အလုပ်မှာလည်း ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။
ထို့နည်းတူစွာပဲ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သင့်တာပဲ မဟုတ်လား၊
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းလိုက်နာသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ အမူအကျင့်လေးတွေကို ပြောပြပေးလိုက် ပါတယ်နော် …။
(၁) ကိုယ့်ချစ်သူက အချိန်ပေးတာကို မနှစ်သက်တဲ့ မိန်းကလေး မ ရှိပါဘူး။ ဒါကြောင့် သူမအတွက် အချိန်ပိုပေးပါ။
သူမကို ဘယ်လောက်လွမ်းကြောင်း စာတွေပို့နေတာထက် သူမနဲ့အတူတူရှိနေခြင်းက ပိုပြီးကောင်းတယ်ဆိုတာ ပြောပြပေးပါ …။
(၂) မိန်းကလေးတွေက များသောအားဖြင့် ဂရုစိုက်တက်ကြပါတယ်။
သူတို့ချစ်တဲ့သူတစ်ယောက်ကို အမြဲကျန်းမာတဲ့ သူတစ်ယောက်အဖြစ်မြင်ချင်ကြပါတယ်။
သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ခြင်းက သူမကိုပိုပြီး စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆေးလိပ်သောက်တာ အရက်သောက်တာ ကျန်းမာရေးထိခိုက်အောင်နေတာတွေကို ရှောင်ပြီး ကိုယ့်ကိုယ့်ကို ဂရုစိုက်ပေးပါ …။
(၃) သူမကိုတကယ်ချစ်တယ်ဆိုရင် သူမရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ချစ်ခင်ကြောင်း ပြသဖို့ လိုပါတယ် …။
မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူကောင်လေးကနေ သူမပတ်ဝန်းကျင်ကလူတွေကို
ချစ်ခင်ကြောင်း ကြင်နာကြောင်းပြသတာကို နှစ်သက်ကြပါတယ်။ ဒီလိုလုပ်တာက သူမကို ပိုမို စိတ်ချမ်းသာစေနိုင်မှာပဲ ဖြစ်ပါတယ် …။
သူမမိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးပြီဆိုရင်
သင့်မိသားစုနဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကြားမှာလည်း သူမကို အသိမှတ်ပြုကြောင်း ပြသဖို့ လိုပါလိမ့်မယ်။
ဒါဟာ သူမကိုအလေးအနက်ထားတယ် ၊ ချစ်မြတ်နိုးတယ်ဆိုတဲ့ သဘောကို ပြသရာရောက်ပါတယ် …။
(၅) သူမကို ချစ်မြတ်နိုးတာအပြင် တန်ဖိုးထားတယ် ဆိုတာကိုလည်း လက်တွေ့လုပ်ဆောင်ပြသင့်ပါတယ်။
သင်တို့ရဲ့ အမှတ်တရနေ့တွေကို မမေ့တာ၊ နှစ်ဦးစတင်တွေ့ဆုံချိန်က အမှတ်တရတွေကို မမေ့တာ စသည်ဖြင့်
သူမနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သင်ခေါင်းထဲမှာစွဲစွဲမြဲမြဲမှတ်မိနေတာက သူမကိုတန်ဖိုးထားတယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ …။
(၆) အပြန်အလှန်လေးစားမှုကလည်း ချစ်သူရည်းစားဆက်ဆံရေးမှာ မရှိမဖြစ်အရေးပါတဲ့ လိုအပ်ချက်တစ်ခုပါပဲ။
ကိုယ်ရဲ့အကြိုက်နဲ့ မကြိုက်တဲ့အရာတွေပြောပြထားပါ။ သူမရဲ့ အကြိုက်နဲ့ မကြိုက်တဲ့အရာတွေကို လေ့လာပါ။
အသေးအမွှားလေးတွေက စတင်ပြီး တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားမှုကို တည်ဆောက် ထားပါ …။
(၇) အရေးကြီးဆုံးအချက်ကတော့ မဖောက်ပြန်ပါနဲ့။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမအပေါ် စည်းဖောက်တဲ့ အလုပ်မျိုး လုံးဝမလုပ်ပါနဲ့ …။
နောက်ဆုံးဒီဆက်ဆံရေးက အဆင်မပြေတော့ဘူးဆိုရင်တောင်
သူမနဲ့ လမ်းခွဲပြတ်စဲပြီးမှသာ နောက်ထပ်အသစ်သစ်ထားတာမျိုး လုပ်ပါ။
အတူရှိနေစဉ်မှာတော့ စည်းမကျော်မိဖို့ တကယ် လိုပါတယ် …။
(၈) ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် တစ်ကိုယ်ကောင်းမဆန်ဖို့က အရေးကြီးပါတယ်။
လူတိုင်းက အမြဲမှန်နေတယ်ဆိုတာမရှိပါဘူး။ အမှားတစ်ခုခု လုပ်မိရင် ဝန်ခံပါ။
ကိုယ့်အမှားကို တဖက်လူအပေါ်ပုံချတာမျိုး မလုပ်မိပါစေနဲ့ …။
(၉) အမျိုးသားကောင်းတို့မည်သည် ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးနိုင်ရမယ်ဆိုတာလည်း မမေ့သင့်ပါဘူး။
ဘယ်လိုအန္တရာယ်မျိုးပဲကြုံလာပါစေ သူမရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။
သတိထားရမှာတစ်ခုက အလွန်အကျွံကာကွယ်ပေးမှု မလုပ်မိဖို့ပါပဲ။
သူမရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်မိတဲ့ကာကွယ်မှုမျိုးတွေကိုတော့ အထူး သတိပြု ရှောင်ကြဉ်သင့်ပါတယ်နော် …။ ။
Credit
Unicode
ယောက်ျားလေးတိုင်းသိထားသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ ကျင့်ဝတ်များ