Life Style

အဆင့်အတန်း ရှိတဲ့ အမျိုးသမီးဖြစ်ဖို့ ရောက်လေရာမှာလိုက်နာသင့်တဲ့ အချက် (၅) ချက်

အဆင့်အတန်း ရှိတဲ့သူတစ်ယောက်မှန်း သိရှိနိုင်မယ့်အချက်ကတော့ လူအများရှေ့မှာ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာကနေပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး လူကြားသူကြားထဲမှာ ပစ်စလက်ခက် မနေတဲ့သူတွေဖြစ်ပါတယ်။ သင့်ကို ရောက်လေရာတိုင်းမှာ လူတွေက အဆင့်အတန်း ရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်စေချင်ရင် ဒီအချက်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ်

(၁) မိတ်ကပ် နဲ့ဆံပင်

လူကြားသူကြားထဲမှာ ခေါင်းဖီးတာတွေ၊ မိတ်ကပ်ဖို့တာတွေက ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။ တကယ်လို့ ပြင်ဆင်ချင်တယ်ဆိုရင်တောင် သန့်စင်ခန်းထဲမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) ကြိုတင်ဆက်သွယ်ပါ

တစ်ယောက်ယောက်ထံကို အလည်သွားတော့မယ်ဆိုရင် သူ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားထားပါ။ နောက်ပြီး သင်မစားတဲ့ အစားအစာရှိရင်လည်း ကြိုပြီးပြောထားဖို့လိုပါတယ်။ ချိန်းထားတဲ့အခါမှာလည်း အရမ်းစောပြီး မသွားပါနဲ့။ စောစောသွားချင်ရင်တောင် ၁၅ မိနစ်လောက်စောတာပဲကောင်းပါတယ်။ သင့်ကို ထမင်းစားဖိတ်တယ်၊ လာလည်ဖို့ဖိတ်တယ်ဆိုရင် ပြန်ခါနီးမှာ ဖိတ်တဲ့အတွက် ကျေးဇူးတင်ကြောင်းမဖြစ်မနေပြောရပါမယ်။

(၃) ဖုန်းပြောရင်ဆင်ခြင်ပါ

လူကြားသူကြားထဲမှာ ဖုန်းအကြာကြီးပြောတာကတော့ မယဉ်ကျေးရာရောက်ပါတယ်။ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့အချိန်တွေမှာ ဖုန်းအသံကိုပိတ်ထားဖို့ မမေ့ပါနဲ့။ ထမင်းစားနေတဲ့အချိန်မှာ ဖုန်းကို စားပွဲပေါ်တင်တာလည်း ရှောင်ပါ။

(၄) အိတ်

စားသောက်နေတဲ့ အချိန်တွေမှာ သေးငယ်တဲ့အိတ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် လက်ကိုင်အိတ်လိုမျိုးအိတ်တွေကိုတော့ ထမင်းစားစားပွဲပေါ် လုံးဝမတင်ပါနဲ့။ ထိုင်ခုံမှာချိတ်တာ ဒါမှမဟုတ် ပေါင်ပေါ်မှာပဲတင်ပါ။ နောက်ပြီး ပစ္စည်းရှာတဲ့အခါမှာလည်း အိတ်ကို ခလောက်ပြီးရှာတာမျိုး မလုပ်ပါနဲ့။ သင်မသိလိုက်ခင်မှာပဲ သင့်ကို အဆင့်အတန်းမရှိတဲ့အသွင် ပေါ်စေလို့ပါ။

သင်ဝတ်တဲ့အဝတ်အစားဟာ သင်သွားမယ့်နေရာ၊ သင်သွားမယ့် ပွဲနဲ့ကိုက်ညီနေရပါမယ်။ အလုပ်မှာအလုပ်လို ဝတ်ရမှာဖြစ်ပြီး၊ မင်္ဂလာဆောင်ပွဲတွေမှာ ကျက်သရေရှိရှိဝတ်ရမှာဖြစ်သလို၊ အတိုအပြတ်၊ ရင်ဟိုက်တွေကိုတော့ ပါတီသွားမှ ဝတ်တာအကောင်းဆုံးပါ။ နေရာအလိုက်ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်း အဆင့်အတန်းမြင့်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

Unicode