Life Style

အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့

အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့

အဖေဆိုတာ ဝမ်းနည်းလွယ်ပြီး မမွေးခဲ့ပေမယ့် အမေ့ဗိုက်ထဲမှာ မင်းကို လွယ်ထားရတဲ့အချိန်ကစလို့

အတွေးထဲမှာ အမြဲ လွယ်ထားရတဲ့သူပါငါ့သားလေးမွေးလာရင် ငါ့သမီးလေး မွေးလာရင်ဆိုတဲ့စိတ်နဲ့

မောရပန်းရကောင်းမှန်းမသိ ပင်ပန်းရကောင်းမှန်းမသိ နေပူပူမိုးရွာရွာ

အလုပ်တွေ လုပ်ပြီး ပိုက်ဆံတွေ ရှာခဲ့တာ အလုပ်တွေ ကြိုးစားခဲ့တာ အဖေပါ

အမေ့နို့ဖိုးကို တစ်သက်ဆပ်လို့ မကုန်ဘူးတဲ့ အဲ့လိုပါပဲ အမေကျန်းကျန်မာမာနဲ့

နို့ချိုတိုက်ကျွေးနိုင်အောင် အဖေလဲ ချွေးနဲ့ ရင်းခဲ့တာပါ အဖေ့ချွေးဖိုးကိုလဲ မေ့မထားကြနဲ့

အဖေဆိုတာ သိပ်ချစ်တတ်တဲ့ လူကြီးတစ်ယောက် ကမ္ဘာမှာ အချစ်တတ်ဆုံးလူကြီးတစ်ယောက်ပါပဲ ။

သားတွေ သမီးတွေ မျက်နှာမကောင်းတဲ့ အခါ အမေ့အနားကပ်ပြီး ငါ့သားဘာဖြစ်နေလဲ မသိဘူး မေးကြည့်ပါဦး

ငါ့သမီးအဆင်မပြေဘူးလား မသိဘူး မေးကြည့်ပါဦးနဲ့ အမြဲ နားပူနာဆာလုပ်တတ်တဲ့လူလေ

မချစ်ပြတတ်ခဲ့တာ ချစ်တဲ့အကြောင်းပြောဖို့ သတိမရခဲ့တာ ထမင်းဗူးပြင်ပေးတဲ့အမေ့ကို ကျေးဇူးတင်တတ်ကြသလို

ဆန်အိုးထဲ ဆန်ရှိအောင် ရှာပေးတဲ့ အဖေ့ကိုလဲ ကျေးဇူးတင်ဖို့ မမေ့နဲ့

အရမ်းကို စိတ်ပူတတ်ပေမယ့် ဒေါသတွေပဲ ထွက်ပြတဲ့အခါ နားလည်ပေးပါ

အဖေဆိုတာ လူဆိုးကြီးမဟုတ် ကျွန်မကိုဆို အမြဲ အပြစ်ပဲတင်တယ်

အမြဲဆူတယ်ဆိုပြီး စိတ်ထဲမထားနဲ့

သူ့ဘဝမှာ ဖြစ်မလာတဲ့အရာတွေ ပိုပြီးများတဲ့ အဖေက ကိုယ့်သားကိုယ့်သမီးအပေါ်ပိုပြီး မျှော်လင့်ချက်ထားတတ်ကြတယ်

ဆင်းရဲတဲ့ မိဘတွေက ကိုယ့်သားကိုယ့်သမီးတွေကို ချမ်းချမ်းသာသာနေစေချင်တာမျိုး

စာမတတ်တဲ့ မိဘတွေက ကိုယ့်သား ကိုယ့်သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တာမျိုး

အဲ့လို သူတို့ဘဝတွေနဲ့ မတူတဲ့ ဘဝတွေကို ရစေချင် ရောက်စေချင်ကြတာလေ

တစ်ခါတစ်ရံ အဖေ ဒေါသတွေ ထွက်တယ်ဆိုရင်တောင်

အဲ့တာ ဂရုဏာဒေါသောပါ ဖြစ်စေချင်လွန်းတဲ့စိတ်နဲ့ အားမလို အားမရ ဖြစ်တတ်တာပါ

ကျွန်မတို့က အသက်အရွယ်နဲနဲလေးရလာတဲ့အခါ အဖေ့ကို ချစ်တယ်ပြောဖို့ မေ့တတ်လာကြတယ်

ငယ်ငယ်ကလို ကိုယ်လိုချင်တာရလာတဲ့အခါတိုင်း အဖေ့ပါးကို နမ်းခဲ့သလို အသက်ကြီးလာတဲ့အခါ အဖေ့ပါးကို နမ်းဖို့ မရှက်ပါနဲ့။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့်

Unicode

အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့

အဖေဆိုတာ ဝမ်းနည်းလွယ်ပြီး မမွေးခဲ့ပေမယ့် အမေ့ဗိုက်ထဲမှာ မင်းကို လွယ်ထားရတဲ့အချိန်ကစလို့

အတွေးထဲမှာ အမြဲ လွယ်ထားရတဲ့သူပါငါ့သားလေးမွေးလာရင် ငါ့သမီးလေး မွေးလာရင်ဆိုတဲ့စိတ်နဲ့

မောရပန်းရကောင်းမှန်းမသိ ပင်ပန်းရကောင်းမှန်းမသိ နေပူပူမိုးရွာရွာ

အလုပ်တွေ လုပ်ပြီး ပိုက်ဆံတွေ ရှာခဲ့တာ အလုပ်တွေ ကြိုးစားခဲ့တာ အဖေပါ

အမေ့နို့ဖိုးကို တစ်သက်ဆပ်လို့ မကုန်ဘူးတဲ့ အဲ့လိုပါပဲ အမေကျန်းကျန်မာမာနဲ့

နို့ချိုတိုက်ကျွေးနိုင်အောင် အဖေလဲ ချွေးနဲ့ ရင်းခဲ့တာပါ အဖေ့ချွေးဖိုးကိုလဲ မေ့မထားကြနဲ့

အဖဆေိုတာ သိပျခစြျတတျတဲ့ လူကွီးတဈယောကျ ကမာ်ဘမှာ အခစြျတတျဆုံးလူကွီးတဈယောကျပါပဲ ။

သားတွေ သမီးတွေ မျက်နှာမကောင်းတဲ့ အခါ အမေ့အနားကပ်ပြီး ငါ့သားဘာဖြစ်နေလဲ မသိဘူး မေးကြည့်ပါဦး

ငါ့သမီးအဆင်မပြေဘူးလား မသိဘူး မေးကြည့်ပါဦးနဲ့ အမြဲ နားပူနာဆာလုပ်တတ်တဲ့လူလေ

မချစ်ပြတတ်ခဲ့တာ ချစ်တဲ့အကြောင်းပြောဖို့ သတိမရခဲ့တာ ထမင်းဗူးပြင်ပေးတဲ့အမေ့ကို ကျေးဇူးတင်တတ်ကြသလို

ဆန်အိုးထဲ ဆန်ရှိအောင် ရှာပေးတဲ့ အဖေ့ကိုလဲ ကျေးဇူးတင်ဖို့ မမေ့နဲ့

အရမ်းကို စိတ်ပူတတ်ပေမယ့် ဒေါသတွေပဲ ထွက်ပြတဲ့အခါ နားလည်ပေးပါ

အဖေဆိုတာ လူဆိုးကြီးမဟုတ် ကျွန်မကိုဆို အမြဲ အပြစ်ပဲတင်တယ်

အမြဲဆူတယ်ဆိုပြီး စိတ်ထဲမထားနဲ့

သူ့ဘဝမှာ ဖြစ်မလာတဲ့အရာတွေ ပိုပြီးများတဲ့ အဖေက ကိုယ့်သားကိုယ့်သမီးအပေါ်ပိုပြီး မျှော်လင့်ချက်ထားတတ်ကြတယ်

ဆင်းရဲတဲ့ မိဘတွေက ကိုယ့်သားကိုယ့်သမီးတွေကို ချမ်းချမ်းသာသာနေစေချင်တာမျိုး

စာမတတ်တဲ့ မိဘတွေက ကိုယ့်သား ကိုယ့်သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တာမျိုး

အဲ့လို သူတို့ဘ၀တွေနဲ့ မတူတဲ့ ဘ၀တွေကို ရစေချင် ရောက်စေချင်ကြတာလေ