ကိုယ့်ကို လိုတဲ့အချိန်မှာ လူတိုင်းသတိရကြတယ် အကူအညီတစ်ခုခုတောင်းဖို့ပဲ ဖြစ်ဖြစ် အဆင်မပြေတဲ့အခါပဲ ဖြစ်ဖြစ်ပေါ့ ။
ဒါပေမယ့် ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ကိုယ်ကိုယ်တိုင်မသိဘူး အကူအညီတောင်းဖို့ မဟုတ်ပါဘူး
ရင်ဖွင့်ဖို့လေးသက်သက်ကိုတောင် ဘယ် နားကမှ အလုပ်မအားကြဘူး ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ်ကိုယ်တိုင် မြိုချပစ်လိုက်ရတာပါပဲ
ဒုက္ခတွေဖြစ်တဲ့အခါ . . .ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ အမှန်အတိုင်းဝန်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး ကိုယ့်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ
ကိုယ်ကိုယ်တိုင်ပဲ လမ်းပြရတယ် ပြီးတော့ ကိုယ်ကိုယ်တိုင်ပဲ ဆက်လျှောက်ရတယ် နားခိုစရာဆိုလို့ ကိုယ့်လက်မောင်းပေါ်ကိုယ် ခေါင်းအုံးအိပ်ခဲ့ရတဲ့အချိန်တွေပဲ တွေ့ပါတယ်
မွေးကတည်းက တစ်ယောက်တည်းပဲလေ အခုတစ်ယောက်တည်း ရှိတော့ကော ဘာများ ဆက်ပြီး ပြောင်းလဲသွားမှာမို့လဲ
ဝမ်းနည်းစရာတွေ ကြုံလာတဲ့အခါ အားပေးတတ်တယ် ကိုယ်ရှိတယ်
လဲကျသွားတဲ့အခါ ကိုယ်ကိုယ်တိုင် ကုန်းထတတ်တဲ့ လက်တစ်စုံရှိတယ်
ခလုတ်တွေ အတိုက်ခံရတဲ့ ပြန်ပြီး ဆက်လျှောက်တတ်တဲ့ ခြေထောက်တွေ ရှိတယ်
ကိုယ့်အနားမှာ ကိုယ် ရှိတယ်ဆိုတဲ့အသိနဲ့ ကိုယ်ရဲ့ရပ်တည်မှုတိုင်းမှာ ကိုယ်ကိုယ်တိုင်နဲ့ပဲ အဖော်ပြုပါတယ်
ကျွန်တော် ဘယ်သူ့လက်ကို ပြေးဆွဲရမလဲဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့ဘူး အကူအညီလိုတဲ့အခါ ပြေးလာတတ်တဲ့ လူတွေအပေါ်လဲ စေတနာမပျက်တော့ဘူး
ကိုယ်ပေးနိုင်တဲ့အရာ အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့အရာကို လိပ်ပြာသန့်သန့် စေတနာသန့်သန့်နဲ့သာပေးပါတယ်
ကိုယ် ဒုက္ခတွေ ဖြစ်လာတဲ့အခါ ဘယ်သူ့ကို အပြစ်တင်မနေတော့ဘူး ကိုယ်ညံ့လို့ ကိုယ်ခံရတယ်လို့ပဲ မှတ်ပါတယ် ဘယ်သူများလာကူမလဲဆိုတဲ့ ကလေးအတွေးတွေနဲ့လဲ မမျှော်ဖြစ်တော့ဘူး ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ
တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင် တကယ့်နားခိုရာကို တွေ့မှာပါဆိုတဲ့ပုံပြင်တွေကို မယုံကြည်တော့ဘူး
မအားလို့ပါဆိုတဲ့ စကားတွေကို နေသားကျတဲ့ထိ သုံးသွားကြတဲ့ မိတ်ဆွေတွေကိုလဲ ကျေးဇူးတင်ပါတယ် ဒုက္ခတွေအလယ် တွန်းချခဲ့တဲ့ ရန်သူတွေကိုလဲ ကျေးဇူးတင်ပါတယ်
ရင့်ကျက်လာမှုဆိုတာထက် အရင်တုန်းကလောက် အသည်းမငယ်တော့တာတွေ အမှန်ပဲ ။
ဒုက္ခတွေ ကြုံလာတဲ့အခါ ကျွန်တော် ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ဆိုတဲ့ အတွေးတွေ ဆက်ပြီး မတွေးတော့ဘူး ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေအတွက် သင်ခန်းစာပဲ ယူပါတယ် နောက်တစ်ခါ ဒီ့ထက်ပိုဆင်ခြင်နိုင်အောင်ပေါ့ ။
PStar
Unicode
ဒုက္ခတွေဖြစ်တဲ့အခါ . . .ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ အမှန်အတိုင်းဝန်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး