ဘဝမှာ တစ်စုံတစ်ယောက်ကို ရင်နဲ့ရင်းပြီး ချစ်ခဲ့ဖူးတဲ့ အချိန်ဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်း မတိုက်ဆိုင်တဲ့အခါ ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ် အဆုံးသတ်က မလှခဲ့ပါဘူး။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ရင်နင့်အောင် ချစ်ခဲ့ရတဲ့ သူတွေဆီမှာ ဒီလိုခံစားချက်လေးတွေ ရှိနေတတ်ပါတယ်။
နာက်င္မႈေတြ
အချစ်ဆိုတာ ပိုချစ်တဲ့သူက ရှုံးရတယ်ဆိုသလိုပဲ ပိုချစ်မိတဲ့သူက ပိုနာကျင်တတ်ရပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဆုံးသတ်က ကိုယ့်အတွက် နာကျင်ဖို့ပဲ ဖြစ်လာတတ်ပါတယ်။ အဲဒီ့ နာကျင်မှုတွေက လွယ်လွယ် အသားမကျနိုင်သလို ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားအောင် ခံစားရတဲ့ အရာတွေ ဖြစ်လာတတ်ပါတယ်။
အချစ်အတွက် ရူးမိုက်ဖူးတယ်
ဘဝမှာ တစ်ခါလောက်တော့ ရူးရူးမူးမူးကို ချစ်ဖူးကြပြီး လူတွေဟာ အချစ်အတွက် ရူးမိုက်တဲ့ လုပ်ရပ်မျိုးတွေတောင် လုပ်ဖူးကြပါတယ်။ သူကိုယ်ကိုယ် မချစ်တော့တာ သိရက်နဲ့တောင် သူပြန်လာနိုးနိုးတဲ့ စောင့်မျှော်တတ်ကြပါသေးတယ်။ ဒါက အရမ်းချစ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိအောင် လုပ်ဖူးခဲ့တဲ့ အချစ်ရဲ့ ရူးမိုက်မှုလေးတွေပါ။
ဘယ်လောက်ပဲ သူနဲ့ကိုယ့်ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပြီပြောပြော အရမ်းချစ်တတ်တဲ့ သူတစ်ယောက်အတွက်တော့ အဲဒီ့တစ်စုံတစ်ယောက်ကို ရင်ဘတ်တစ်နေရာမှာ သိမ်းထားနေမိဆဲပါ။ အမြဲတမ်း သတိရနေတော့တာ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်ရင်တော့ ရင်ဘတ်ထဲက နာကျင်ပြီး သတိရ တမ်းတလေ့ ရှိနေရဆဲပါနော်။
အစားထိုးမရနိုင်သေးဘူး
မေတ္တာဆိုတာ အသွားအပြန်ရှိတယ်ဆိုပေမယ့် တစ်ချို့သော ချစ်ခြင်းတွေကတော့ အသိအမှတ်တောင် ပြုမခံရတတ်ပါဘူး။ ဒါပေမယ့် ကိုယ်ရင်နဲ့ရင်းပြီး ချစ်ခဲ့ရတဲ့သူ ဖြစ်နေတဲ့အတွက်ကြောင့် နာကျင်နေရသည့်တိုင်အောင် သူ့နေရာမှာ တစ်ခြားသော သူတစ်ယောက်ကို အစားထိုးနိုင်စွမ်း မရှိပဲ တစ်ယောက်တည်း ခံစားနေရဆဲပါ။ ဒါတွေက တစ်စုံတစ်ယောက်ကို အရမ်းချစ်ခဲ့ဖူးတဲ့ သူတွေသာ နားလည်နိုင်တဲ့ ခံစားချက်လေးတွေ ဖြစ်ပါတယ်။
Khin
Credit- Aunty May
Unicode
တစ်ယောက်သောသူကို ရင့်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ နားလည်မယ့် ခံစားချက်များ
ဘဝမှာ တစ်စုံတစ်ယောက်ကို ရင်နဲ့ရင်းပြီး ချစ်ခဲ့ဖူးတဲ့ အချိန်ဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်း မတိုက်ဆိုင်တဲ့အခါ ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ် အဆုံးသတ်က မလှခဲ့ပါဘူး။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ရင်နင့်အောင် ချစ်ခဲ့ရတဲ့ သူတွေဆီမှာ ဒီလိုခံစားချက်လေးတွေ ရှိနေတတ်ပါတယ်။
နာကျင်မှုတွေ