အခ်စ္နွင့္ဘဝ

ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် သိနိုင်မယ့်အချက်(၅)ချက်

မိန္းကေလးဆိုတာမ်ိဳးက အေခ်ာ့ႀကိဳက္တယ္၊ ကိုယ့္ကို အလိုလိုက္တာမ်ိဳးကို သေဘာက်ၾကပါတယ္။ ကိုယ့္ကို ဦးစားေပးသလို သည္းသည္းလႈပ္ ခ်စ္ျပတဲ့ ေယာက္်ားမ်ိဳးဆိုရင္ ေႂကြမွာပဲမဟုတ္လား။ ဒါေပမဲ့ ဒီလိုလူမ်ိဳးေတြဟာ ယုံခ်င္စရာမေကာင္းဆုံး ေယာက္်ားေတြပါ။ သည္းသည္းလႈပ္ခ်စ္ျပတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ေတြ႕ၿပီဆို ဒီအခ်က္ေတြကိုသာ ေတြးၾကည့္လိုက္ပါ။

၁။ ျငင္းခုံမႈမရွိတာ

ကိုယ္နဲ႔သူ႔ၾကားမွာ အျငင္းပြားစရာ တစ္ခုခု ျဖစ္လာၿပီဆိုပါစို႔။ ဥပမာ ေဘာပြဲေလာင္းမိတာမ်ိဳးေပါ့။ အဲ့ဒီအခါ ” ငါက ေယာက်္ားေလးပဲ ဒါမ်ိဳးေတာ့ အနည္းအက်ဥ္း လုပ္မိမွာပဲ” ဆိုၿပီး ေျပာလာရင္ စိတ္မဆိုးလိုက္ပါနဲ႔။ သူက အမွန္ေျပာေနတာပါ။ ဒီလိုမွမဟုတ္ဘဲ ကိုယ္ေျပာတာကို စသလိုေနာက္သလိုနဲ႔ စကားလမ္းေၾကာင္းလႊဲပစ္တာမ်ိဳးက ေနာက္ကြယ္မွာ ထင္တိုင္းႀကဲမယ့္သေဘာပါပဲ။

၂။ ကိုယ္အလုပ္မ်ားေနရင္ စိတ္ေကာက္တယ္

ခ်စ္သူေကာင္း ေယာက္်ားေကာင္းဆိုတာ ကိုယ့္ေကာင္မေလး အလုပ္မ်ားေနရင္ နားလည္ေပးတတ္တာခ်ည္းပါပဲ။ အလုပ္ေတြကို ပစ္ထားၿပီး အခ်ိန္ရွိသ၍ အနားမွာပဲေနခ်င္တယ္လို႔ ေတာင္းဆိုလာမယ္ဆို သင္ ယုံႏိုင္ပါ့မလား။

၃။ ကိုယ္မႀကိဳက္တဲ့လက္ေဆာင္ေတြဝယ္ေပးတယ္

ကိုယ္က ဒါေတြမႀကိဳက္လို႔ မသုံးပါဘူးဆိုတာေတာင္ သူက အဆက္မျပတ္ ဝယ္ေပးေနတယ္ဆိုတာ သင့္ကို သူ႔အႀကိဳက္ေျပာင္းလဲေနတာပါ။ ကိုယ္က ဆံပင္ရွည္တာ မႀကိဳက္ေပမယ့္ သူက ေခါင္းစည္းႀကိဳး ဝယ္ေပးမွေတာ့ ဆံပင္အတိုညႇပ္လို႔ မရေတာ့ဘူးေလ။ သူေပးတာေလး သုံးျပဖို႔ ဆံပင္ရွည္ထားရတယ္မဟုတ္လား။

၄။ ကိုယ့္ကိုပဲေ႐ြးခိုင္းတယ္

ဘယ္သြားမလဲ၊ ဘာလုပ္မလဲ၊ ဘာစားမလဲဆိုၿပီး ကိုယ့္ကိုပဲ ေ႐ြးခ်ယ္ခိုင္းေနတာက ခ်စ္လို႔ ဦးစားေပးတာမ်ိဳး ဟုတ္ခ်င္မွ ဟုတ္မွာပါ။ ဘာလို႔လဲဆိုေတာ့ လူတိုင္းမွာ အႀကိဳက္ကိုယ္စီရွိၾကတာခ်ည္းပါပဲ။ ကိုယ့္ေရွ႕မွာ ကိုယ့္အႀကိဳက္ေတြခ်ည္း တမင္လုပ္ျပေနတာဟာ သိပ္ၿပီးမ႐ိုးသားတဲ့သေဘာပါပဲ။

၅။ ရည္းစားေဟာင္းေတြကို မေကာင္းေျပာတယ္

ကိုယ္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ျပတ္သြားတဲ့ရည္းစားေတြကို မေကာင္းေျပာတာ ေယာက္်ားေကာင္းေတြရဲ႕အက်င့္နဲ႔ မညီပါဘူး။ သူတို႔ကို မေကာင္းေျပာၿပီး ကိုယ့္ကိုအတင္းကာေရာ အေကာင္းေျပာေနတာမ်ိဳးကို မ်က္စိမွိတ္ မယုံလိုက္ပါနဲ႔။ ကိုယ့္ဆီက တစ္ခုခုေတာင္းဆိုတာမ်ိဳး လုပ္လာပါလိမ့္မယ္။ အခန႔္မသင့္လို႔ ကိုယ္နဲ႔လမ္းခြဲလိုက္ရင္ေတာင္ ေနာက္လူကို ကိုယ့္အေၾကာင္း ဘယ္လိုေတြေျပာမလဲဆိုတာ ေတြးမိရင္ ရင္ေမာစရာႀကီးပါ။

၆။ အခ်စ္ကလြဲၿပီး တျခားမေျပာဘူး

တကယ္ခ်စ္ၿပီဆို ဘဝကို အတူျဖတ္သန္းဖို႔ ႀကိဳးစားၾကတာခ်ည္းပါပဲ။ တစ္ေန႔တစ္ေန႔ ဘယ္ေလာက္ခ်စ္တယ္၊ ဘယ္လိုခ်စ္တယ္ဆိုတာပဲ အဆက္မျပတ္ေျပာၿပီး ဘဝကို အတူရင္ဆိုင္ဖို႔ တစ္ခြန္းမွ မဟတာဟာ မေရရာတဲ့အနာဂတ္ကို ေထြးေပြ႕ထားရသလိုပါပဲ။

unicode

မိန်းကလေးဆိုတာမျိုးက အချော့ကြိုက်တယ်၊ ကိုယ့်ကို အလိုလိုက်တာမျိုးကို သဘောကျကြပါတယ်။ ကိုယ့်ကို ဦးစားပေးသလို သည်းသည်းလှုပ် ချစ်ပြတဲ့ ယောက်ျားမျိုးဆိုရင် ကြွေမှာပဲမဟုတ်လား။ ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ ယုံချင်စရာမကောင်းဆုံး ယောက်ျားတွေပါ။ သည်းသည်းလှုပ်ချစ်ပြတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ပြီဆို ဒီအချက်တွေကိုသာ တွေးကြည့်လိုက်ပါ။

၁။ ငြင်းခုံမှုမရှိတာ

ကိုယ်နဲ့သူ့ကြားမှာ အငြင်းပွားစရာ တစ်ခုခု ဖြစ်လာပြီဆိုပါစို့။ ဥပမာ ဘောပွဲလောင်းမိတာမျိုးပေါ့။ အဲ့ဒီအခါ ” ငါက ယောကျ်ားလေးပဲ ဒါမျိုးတော့ အနည်းအကျဉ်း လုပ်မိမှာပဲ” ဆိုပြီး ပြောလာရင် စိတ်မဆိုးလိုက်ပါနဲ့။ သူက အမှန်ပြောနေတာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ပြောတာကို စသလိုနောက်သလိုနဲ့ စကားလမ်းကြောင်းလွှဲပစ်တာမျိုးက နောက်ကွယ်မှာ ထင်တိုင်းကြဲမယ့်သဘောပါပဲ။

၂။ ကိုယ်အလုပ်များနေရင် စိတ်ကောက်တယ်

ချစ်သူကောင်း ယောက်ျားကောင်းဆိုတာ ကိုယ့်ကောင်မလေး အလုပ်များနေရင် နားလည်ပေးတတ်တာချည်းပါပဲ။ အလုပ်တွေကို ပစ်ထားပြီး အချိန်ရှိသ၍ အနားမှာပဲနေချင်တယ်လို့ တောင်းဆိုလာမယ်ဆို သင် ယုံနိုင်ပါ့မလား။

၃။ ကိုယ်မကြိုက်တဲ့လက်ဆောင်တွေဝယ်ပေးတယ်

ကိုယ်က ဒါတွေမကြိုက်လို့ မသုံးပါဘူးဆိုတာတောင် သူက အဆက်မပြတ် ဝယ်ပေးနေတယ်ဆိုတာ သင့်ကို သူ့အကြိုက်ပြောင်းလဲနေတာပါ။ ကိုယ်က ဆံပင်ရှည်တာ မကြိုက်ပေမယ့် သူက ခေါင်းစည်းကြိုး ဝယ်ပေးမှတော့ ဆံပင်အတိုညှပ်လို့ မရတော့ဘူးလေ။ သူပေးတာလေး သုံးပြဖို့ ဆံပင်ရှည်ထားရတယ်မဟုတ်လား။

၄။ ကိုယ့်ကိုပဲရွေးခိုင်းတယ်

ဘယ်သွားမလဲ၊ ဘာလုပ်မလဲ၊ ဘာစားမလဲဆိုပြီး ကိုယ့်ကိုပဲ ရွေးချယ်ခိုင်းနေတာက ချစ်လို့ ဦးစားပေးတာမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အကြိုက်ကိုယ်စီရှိကြတာချည်းပါပဲ။ ကိုယ့်ရှေ့မှာ ကိုယ့်အကြိုက်တွေချည်း တမင်လုပ်ပြနေတာဟာ သိပ်ပြီးမရိုးသားတဲ့သဘောပါပဲ။

၅။ ရည်းစားဟောင်းတွေကို မကောင်းပြောတယ်

ကိုယ်နဲ့တွေ့တဲ့အချိန်မှာ ပြတ်သွားတဲ့ရည်းစားတွေကို မကောင်းပြောတာ ယောက်ျားကောင်းတွေရဲ့အကျင့်နဲ့ မညီပါဘူး။ သူတို့ကို မကောင်းပြောပြီး ကိုယ့်ကိုအတင်းကာရော အကောင်းပြောနေတာမျိုးကို မျက်စိမှိတ် မယုံလိုက်ပါနဲ့။ ကိုယ့်ဆီက တစ်ခုခုတောင်းဆိုတာမျိုး လုပ်လာပါလိမ့်မယ်။ အခန့်မသင့်လို့ ကိုယ်နဲ့လမ်းခွဲလိုက်ရင်တောင် နောက်လူကို ကိုယ့်အကြောင်း ဘယ်လိုတွေပြောမလဲဆိုတာ တွေးမိရင် ရင်မောစရာကြီးပါ။

၆။ အချစ်ကလွဲပြီး တခြားမပြောဘူး

တကယ်ချစ်ပြီဆို ဘဝကို အတူဖြတ်သန်းဖို့ ကြိုးစားကြတာချည်းပါပဲ။ တစ်နေ့တစ်နေ့ ဘယ်လောက်ချစ်တယ်၊ ဘယ်လိုချစ်တယ်ဆိုတာပဲ အဆက်မပြတ်ပြောပြီး ဘဝကို အတူရင်ဆိုင်ဖို့ တစ်ခွန်းမှ မဟတာဟာ မရေရာတဲ့အနာဂတ်ကို ထွေးပွေ့ထားရသလိုပါပဲ။