အခ်စ္ေရး ကံမေကာင္းတဲ့သူေတြအတြက္ အခ်စ္ေရးကံေကာင္းလာဖို႔ နည္းလမ္းေကာင္းေလး
တစ္ခ်ိဳ႕ လူေတြက အရမ္းခ်စ္တတ္တဲ့ သူေတြျဖစ္ေပမယ့္ အခ်စ္ေရးကံ မေကာင္းတတ္ၾကပါဘူး။ အၿမဲတမ္း ထားပစ္ခံရတာေတြ၊ အသည္းခြဲသြားတာေတြ၊ နာက်င္ ရတာေတြပဲ မ်ားေနတတ္ပါတယ္ …။
ဒီလို အခ်စ္ေရး ကံမေကာင္းတာႀကီးက ကိုယ့္အျပစ္ မဟုတ္ေပမယ့္လို႔ ကိုယ့္ဘက္ကေန ျပင္ဆင္ရမယ့္ အခ်က္ေလးေတြ ရွိေနပါတယ္။ ဒီအခ်က္ေတြက သင့္ကို အခ်စ္ေရး ကံေကာင္းသူတစ္ေယာက္ ျဖစ္လာေစမွာပါေနာ္ …။
(၁) ထားရစ္ခဲ့တဲ့ သူေတြကို ေက်းဇူးတင္လိုက္ပါ။
ကိုယ့္အေပၚ ထားရစ္ခဲ့ဖူးတယ္၊ ကိုယ့္ကိုယ္ နာက်င္ေစခဲ့ဖူးတဲ့ တစ္ခ်ိန္က လူေတြကို ေက်းဇူးတင္လိုက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာလည္း ဘဝရဲ႕ သင္ခန္းစာ တစ္ခုပါပဲ။ သူတို႔ဆီက ရလိုက္တဲ့ သင္ခန္းစာေတြနဲ႔ တစ္ခ်ိန္က ကိုယ့္ကိုယ္ ခ်စ္ေပးခဲ့တာေတြ အတြက္ ေက်းဇူးသာ တင္လိုက္ပါ …။
သူတို႔ ကိုယ့္ဆီက ထြက္သြားတာဟာ ကိုယ္နဲ႔ မထိုက္တန္လို႔ ဆိုတာပဲ မွတ္ယူလိုက္ရင္ သင့္စိတ္ေတြ သက္သာရာ ရလာပါလိမ္႔မယ္ …။
(၂) တစ္ေယာက္တည္း ခဏေနၾကည့္ပါ။
အခ်စ္ေရး ကံမေကာင္းဘူးဆိုၿပီး ပိုေကာင္းတဲ့ အခ်စ္ေရးကို ရွာေဖြေနတာမ်ိဳးက နည္းလမ္းအမွန္ မဟုတ္ေသးပါဘူး။ အရင္ဆုံး တစ္ေယာက္တည္း ခဏေနၾကည့္ပါ။ ခ်စ္သူရည္းစား မရွိလည္း ဘဝႀကီးက ေပ်ာ္စရာေတြ အမ်ားႀကီး ရွိ ေနပါေသးတယ္ …။
ဒီေတာ့ တစ္ေယာက္တည္း အခ်ိန္ျဖဳန္းၾကည့္ၿပီး အခ်စ္ေရး ကံမေကာင္းရတဲ့ အေၾကာင္းအရင္းေတြကို ျပန္လည္ သုံးသပ္ပါ။ ကိုယ့္ရဲ႕ စိတ္ကို ေသခ်ာနားလည္ေအာင္ အရင္ ျပဳလုပ္ပါ …။
(၃) ေသခ်ာေလ့လာပါ
အခ်စ္ေရး ကံမေကာင္းျခင္းရဲ႕ ေနာက္ကြယ္မွာ ေလ့လာမႈ နည္းတာလည္း ပါဝင္လို႔ ေနပါတယ္ …။
လူတစ္ေယာက္အေၾကာင္းကို ေသခ်ာမသိပဲ ခ်စ္လိုက္မိတဲ့အခါ ကိုယ့္အတြက္ အလြယ္တကူ နာက်င္ ဝမ္းနည္းစရာေတြ ျဖစ္လာေစ တတ္ပါတယ္ …။
ဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို ေ႐ြးခ်ယ္ေတာ့ မယ္ဆိုရင္ အရင္ဆုံး အခ်ိန္တစ္ခုေပးၿပီး ေလ့လာပါ။ ျမင္ျမင္ခ်င္း ခ်စ္မိသြားတဲ့ အခ်စ္ဆိုတာ ဝတၳဳေတြနဲ႔ ဇာတ္ကားေတြ ေလာက္မွာသာ ၾကည့္လို႔ေကာင္းတာပါ …။
(၄) စိတ္ထားေကာင္းၿပီး ၾကင္နာတတ္သူ ျဖစ္ေအာင္ ႀကိဳးစားပါ
ေမတၱာဆိုတာ အသြားအျပန္ ရွိပါတယ္။ တကယ္လို႔ ကိုယ္ရဲ႕ ေမတၱာေတြ မွန္ကန္ေနရင္ေတာ့ စစ္မွန္တဲ့ အခ်စ္က ကိုယ့္ဆီကို တည့္တည့္မတ္မတ္ ေရာက္လာမွာပါ။ ဒါေၾကာင့္ကိုယ္ဟာ သူမ်ားေတြအေပၚ ၾကင္နာတတ္တဲ့သူ ျဖစ္ေအာင္ ၾကိဳးစားျပီး ေနပါ …။
စိတ္ထားေကာင္းျခင္းက သင့္ကို လွပတဲ့ခ်စ္ျခင္းဆီ ေခၚေဆာင္ သြားေပးႏိုင္ပါတယ္။ ဒီအခ်က္ေလးေတြက အခ်စ္ေရး ကံမေကာင္းတဲ့သူကေန အခ်စ္ေရး ကံေကာင္းတဲ့သူတစ္ေယာက္ ျဖစ္လာေစမွာပါေနာ္ …။ ။
ခင္
Unicode
အချစ်ရေး ကံမကောင်းတဲ့သူတွေအတွက် အချစ်ရေးကံကောင်းလာဖို့ နည်းလမ်းကောင်းလေး
တစ်ချို့ လူတွေက အရမ်းချစ်တတ်တဲ့ သူတွေဖြစ်ပေမယ့် အချစ်ရေးကံ မကောင်းတတ်ကြပါဘူး။ အမြဲတမ်း ထားပစ်ခံရတာတွေ၊ အသည်းခွဲသွားတာတွေ၊ နာကျင် ရတာတွေပဲ များနေတတ်ပါတယ် …။
ဒီလို အချစ်ရေး ကံမကောင်းတာကြီးက ကိုယ့်အပြစ် မဟုတ်ပေမယ့်လို့ ကိုယ့်ဘက်ကနေ ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိနေပါတယ်။ ဒီအချက်တွေက သင့်ကို အချစ်ရေး ကံကောင်းသူတစ်ယောက် ဖြစ်လာစေမှာပါနော် …။
(၁) ထားရစ်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်လိုက်ပါ။
ကိုယ့်အပေါ် ထားရစ်ခဲ့ဖူးတယ်၊ ကိုယ့်ကိုယ် နာကျင်စေခဲ့ဖူးတဲ့ တစ်ချိန်က လူတွေကို ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာလည်း ဘဝရဲ့ သင်ခန်းစာ တစ်ခုပါပဲ။ သူတို့ဆီက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ တစ်ချိန်က ကိုယ့်ကိုယ် ချစ်ပေးခဲ့တာတွေ အတွက် ကျေးဇူးသာ တင်လိုက်ပါ …။
သူတို့ ကိုယ့်ဆီက ထွက်သွားတာဟာ ကိုယ်နဲ့ မထိုက်တန်လို့ ဆိုတာပဲ မှတ်ယူလိုက်ရင် သင့်စိတ်တွေ သက်သာရာ ရလာပါလိမ့်မယ် …။
(၂) တစ်ယောက်တည်း ခဏနေကြည့်ပါ။
အချစ်ရေး ကံမကောင်းဘူးဆိုပြီး ပိုကောင်းတဲ့ အချစ်ရေးကို ရှာဖွေနေတာမျိုးက နည်းလမ်းအမှန် မဟုတ်သေးပါဘူး။ အရင်ဆုံး တစ်ယောက်တည်း ခဏနေကြည့်ပါ။ ချစ်သူရည်းစား မရှိလည်း ဘဝကြီးက ပျော်စရာတွေ အများကြီး ရှိ နေပါသေးတယ် …။
ဒီတော့ တစ်ယောက်တည်း အချိန်ဖြုန်းကြည့်ပြီး အချစ်ရေး ကံမကောင်းရတဲ့ အကြောင်းအရင်းတွေကို ပြန်လည် သုံးသပ်ပါ။ ကိုယ့်ရဲ့ စိတ်ကို သေချာနားလည်အောင် အရင် ပြုလုပ်ပါ …။
(၃) သေချာလေ့လာပါ
အချစ်ရေး ကံမကောင်းခြင်းရဲ့ နောက်ကွယ်မှာ လေ့လာမှု နည်းတာလည်း ပါဝင်လို့ နေပါတယ် …။
လူတစ်ယောက်အကြောင်းကို သေချာမသိပဲ ချစ်လိုက်မိတဲ့အခါ ကိုယ့်အတွက် အလွယ်တကူ နာကျင် ဝမ်းနည်းစရာတွေ ဖြစ်လာစေ တတ်ပါတယ် …။
ဒါကြောင့် တစ်စုံတစ်ယောက်ကို ရွေးချယ်တော့ မယ်ဆိုရင် အရင်ဆုံး အချိန်တစ်ခုပေးပြီး လေ့လာပါ။ မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်ဆိုတာ ဝတ္ထုတွေနဲ့ ဇာတ်ကားတွေ လောက်မှာသာ ကြည့်လို့ကောင်းတာပါ …။
(၄) စိတ်ထားကောင်းပြီး ကြင်နာတတ်သူ ဖြစ်အောင် ကြိုးစားပါ
မေတ္တာဆိုတာ အသွားအပြန် ရှိပါတယ်။ တကယ်လို့ ကိုယ်ရဲ့ မေတ္တာတွေ မှန်ကန်နေရင်တော့ စစ်မှန်တဲ့ အချစ်က ကိုယ့်ဆီကို တည့်တည့်မတ်မတ် ရောက်လာမှာပါ။ ဒါကြောင့်ကိုယ်ဟာ သူများတွေအပေါ် ကြင်နာတတ်တဲ့သူ ဖြစ်အောင် ကြိုးစားပြီး နေပါ …။
စိတ်ထားကောင်းခြင်းက သင့်ကို လှပတဲ့ချစ်ခြင်းဆီ ခေါ်ဆောင် သွားပေးနိုင်ပါတယ်။ ဒီအချက်လေးတွေက အချစ်ရေး ကံမကောင်းတဲ့သူကနေ အချစ်ရေး ကံကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေမှာပါနော် …။ ။
ခင်