၁၃၈၃ခုနှစ်ကစလို့ တစ်နှစ်တာအတွင်းအဘက်ဘက်က အဆင်ပြေစေမယ့် နည်းလမ်းလေး ပြောပြချင်တာပါ။ ခေတ်စနစ်အရ လူတော်တော်များများအဆင်မပြေကြ ပါ။ ငွေကြေးရှိတဲ့သူအတွက် တောင့်ခံထားနိုင်ပေမယ့်
လက်လုပ်လက်စားသမားအတွက်တော့ ဒီလိုကာလဟာ မထောင်းသာလှပေ။
ဒါကြောင့်ပဲ လွယ်ကူရှင်းလင်းပြီး ငွေအကုန်အကျ အနည်းဆုံးနဲ့တစ်နှစ်တာအဆင်ပြေမယ့်နည်းလမ်းလေးပြောပြထားတာပါ။ လိုက်လုပ်ကြည့်ပါ။ ကံကောင်းနေသူ တွေအတွက် ပိုကောင်းနိုင်ပြီး ကံညံ့နေသူအတွက် အသက်ရှူချောင်ပါလိမ့်မယ်။ တော်ရုံအညံ့အဆိုးတွေက ပိန်းကြာရွက်ပေါ်ရေမတင်သလို ကင်းစင်သွားပါလိမ့် မယ်။
နည်းလမ်းလေးစပြောပါ့မယ်။ ပထမဦးစွာ မြေအိုးတစ်လုံးဝယ်ပါ။ ပုံပါအတိုင်း အရွယ်အစားလောက်ဆို ရပါပြီ။ မြေအိုးပဲရမှာပါ။ မြေဓာတ် (ပထဝီဓာတ်)ကိုလိုချင်လို့ပါ။ အိုးကို အဖြူရောင် (သို့)ငွေရောင် ဆေးသုတ်ပါ။ ဆေးကို အခြောက်ခံပြီးတာနဲ့ အိုးထဲ သဲသန့်သန့်လက်တစ်ဆုပ်ခန့်ထည့်ပါ။ ထိုနောက် ရေထည့်ပါ။
နောက်ဆုံးအနေနဲ့ ကန်စွန်းညွှန့်လက်တစ်ဆုပ်ခန့် အိုးထဲထည့်ပါ။ ဒါဆိုရပါပြီ။ ထိုကန်စွန်းအိုးလေးကို အလုပ်စားပွဲဖြစ်စေ၊ဆိုင်ကောင်တာမှာဖြစ်စေ၊ မိမိအိမ်ဧည့်ခန်းမှာဖြစ်စေ၊မိမိအိပ်ခန်းမှာဖြစ်စေ ထားလို့ရပါတယ်။ ကန်စွန်းညွှန့်က ရေနဲ့ဆိုတော့ ညှိုးသွားတာမျိုးမရှိပါ။
ရေကတော့ အသစ်လဲပေးပါ။ ကန်စွန်းညွှန့်အိုး စတင်စီရင်ရမယ့်အချိန်က ကြာသပတေးနေ့မနက် ၆:၀၀နာရီကနေ မနက်၇:၃၀မိနစ် အတွင်းဆောင်ရွက်ပါ
အိုးတွေဆေးသုတ်တာ သဲရှာတာ ကန်စွန်းညွှန့်ဝယ်တာတွေကကြာသပတေးနေ့ မတိုင်ခင် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ ကြာသပတေးနေ့မနက်ရောက်ရင်တော့ အဲဒါတွေအကုန်လုံး ပြောပြထားတဲ့အတိုင်းကန်စွန်းညွှန့်အိုးလေးကိုစတင်စီရင် ဆောင်ရွက်ရင်ရပါပြီ။
အဆင်ပြေတဲ့ ကြာသပတေးနေ့တစ်ရက်ရက်မှာ ဆောင်ရွက်လို့ရပါတယ်။ ဒီလောက်ဆိုရင် နားလည် သဘောပေါက်မယ် ထင်ပါတယ်။
၇ရက်သားသမီးအားလုံး တစ်နှစ်တာပတ်လုံး ကျန်းမာ ချမ်းသာပြီး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ။
ငြိမ်းအေးလူ /09775555695 09445555695
၁၃၈၃ခုႏွစ္ကစလို႔ တစ္ႏွစ္တာအတြင္းအဘက္ဘက္က အဆင္ေျပေစမယ့္ နည္းလမ္းေလး ေျပာျပခ်င္တာပါ။ ေခတ္စနစ္အရ လူေတာ္ေတာ္မ်ားမ်ားအဆင္မေျပၾက ပါ။ ေငြေၾကးရွိတဲ့သူအတြက္ ေတာင့္ခံထားႏိုင္ေပမယ့္
လက္လုပ္လက္စားသမားအတြက္ေတာ့ ဒီလိုကာလဟာ မေထာင္းသာလွေပ။
ဒါေၾကာင့္ပဲ လြယ္ကူရွင္းလင္းၿပီး ေငြအကုန္အက် အနည္းဆုံးနဲ႔တစ္ႏွစ္တာအဆင္ေျပမယ့္နည္းလမ္းေလးေျပာျပထားတာပါ။ လိုက္လုပ္ၾကည့္ပါ။ ကံေကာင္းေနသူ ေတြအတြက္ ပိုေကာင္းႏိုင္ၿပီး ကံညံ့ေနသူအတြက္ အသက္ရႉေခ်ာင္ပါလိမ့္မယ္။ ေတာ္႐ုံအညံ့အဆိုးေတြက ပိန္းၾကာ႐ြက္ေပၚေရမတင္သလို ကင္းစင္သြားပါလိမ့္ မယ္။
နည္းလမ္းေလးစေျပာပါ့မယ္။ ပထမဦးစြာ ေျမအိုးတစ္လုံးဝယ္ပါ။ ပုံပါအတိုင္း အ႐ြယ္အစားေလာက္ဆို ရပါၿပီ။ ေျမအိုးပဲရမွာပါ။ ေျမဓာတ္ (ပထဝီဓာတ္)ကိုလိုခ်င္လို႔ပါ။ အိုးကို အျဖဴေရာင္ (သို႔)ေငြေရာင္ ေဆးသုတ္ပါ။ ေဆးကို အေျခာက္ခံၿပီးတာနဲ႔ အိုးထဲ သဲသန္႔သန္႔လက္တစ္ဆုပ္ခန္႔ထည့္ပါ။ ထိုေနာက္ ေရထည့္ပါ။
ေနာက္ဆုံးအေနနဲ႔ ကန္စြန္းၫႊန္႔လက္တစ္ဆုပ္ခန္႔ အိုးထဲထည့္ပါ။ ဒါဆိုရပါၿပီ။ ထိုကန္စြန္းအိုးေလးကို အလုပ္စားပြဲျဖစ္ေစ၊ဆိုင္ေကာင္တာမွာျဖစ္ေစ၊ မိမိအိမ္ဧည့္ခန္းမွာျဖစ္ေစ၊မိမိအိပ္ခန္းမွာျဖစ္ေစ ထားလို႔ရပါတယ္။ ကန္စြန္းၫႊန္႔က ေရနဲ႔ဆိုေတာ့ ညႇိဳးသြားတာမ်ိဳးမရွိပါ။
ေရကေတာ့ အသစ္လဲေပးပါ။ ကန္စြန္းၫႊန္႔အိုး စတင္စီရင္ရမယ့္အခ်ိန္က ၾကာသပေတးေန႔မနက္ ၆:၀၀နာရီကေန မနက္၇:၃၀မိနစ္ အတြင္းေဆာင္႐ြက္ပါ
အိုးေတြေဆးသုတ္တာ သဲရွာတာ ကန္စြန္းၫႊန္႔ဝယ္တာေတြကၾကာသပေတးေန႔ မတိုင္ခင္ ႀကိဳတင္ျပင္ဆင္ထားလို႔ရပါတယ္။ ၾကာသပေတးေန႔မနက္ေရာက္ရင္ေတာ့ အဲဒါေတြအကုန္လုံး ေျပာျပထားတဲ့အတိုင္းကန္စြန္းၫႊန႔္အိုးေလးကိုစတင္စီရင္ ေဆာင္႐ြက္ရင္ရပါၿပီ။
အဆင္ေျပတဲ့ ၾကာသပေတးေန႔တစ္ရက္ရက္မွာ ေဆာင္႐ြက္လို႔ရပါတယ္။ ဒီေလာက္ဆိုရင္ နားလည္ သေဘာေပါက္မယ္ ထင္ပါတယ္။
၇ရက္သားသမီးအားလုံး တစ္ႏွစ္တာပတ္လုံး က်န္းမာ ခ်မ္းသာၿပီး ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝႏိုင္ၾကပါေစ။
ၿငိမ္းေအးလူ /09775555695 09445555695