ဗေဒင်

အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့် စနေ

အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့် စနေ

ရက်တစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ကျရောက်သည့်နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ဆံပင်ညှပ်ခြင်း(သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ် ရေချိုးသန့်စင်ခြင်း၊

အိမ်အတွင်းရှိ အမှိုက်သရိုက်များ သန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊ အိမ်မှာထမင်းစားခန်းသီးသန့်ရှိလျှင် ထိုအခန်းအတွင်းကို သန့်ရှင်းရေးပြုလုပ်ပါ။

မိသားစုပျော်ရွှင်ရယ်မောစေသည့်ဓါတ်ပုံများ၊ကျက်သရေရှိပြီး လှပသောပန်းပုံများကို တပ်ဆင်ထားလျှင် အင်မတန် စီးပွားတက် လာဘ်ရွှင်သည်။

ပိုက်ဆံ {1000} ဖြစ်စေ {10000} ဖြစ်စေ ပံသကူပစ်လှူခြင်း၊

သံဃာတော်ဘုန်းကြီးသူတော်စင်များ၊သက်ကြီးရွယ်အိုများ ကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများလှူဒါန်းပေးရခြင်း၊

တာလီစက်များလှူပေးရခြင်း၊တိုင်ကပ်နာရီလှူပေးရခြင်း။ မြတ်စွာဘုရားရှင်အား နှမ်းဆီဖြင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကံချေကန်တော့ ၊

ငါးပါးသီလခံယူပြီး”သုဂတော” ဂုဏ်တော် ကို ပုတီး(၁၀)ပတ်တိတိ စိပ်ရခြင်း၊မေတ္တာပို့ပေးခြင်း၊ သူတော်စင် သူတော်မြတ်များ၏မေတ္တာကို ခံယူခြင်း၊

အထက်ပါအတိုင်း စနေနေ့တွင် သတိတရလုပ်ဆောင်သွား မည်ဆိုပါက ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေပြီး

ငွေအကြွေးတင်နေလို့ သောကရောက်နေသူများ အကြွေး မြန်မြန်ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ်ပိတ်နေသူများ ငွေကံမြင့်ပြီးလာဘ်ပွင့်စေမယ့် နည်းကောင်းများပါ။

ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ ပက်သက်ပြီး ကြံကြံဖန်ဖန် အဆင်ပြေသွားနေခြင်းကို မုချ တွေ့နေရပါလိမ့်မယ်။

ဖော်ပြထားသည့်လုပ်ဆောင်ချက်များကို အားလုံးမလုပ်နိုင် ခဲ့သည်ဆိုရင်တောင်မှ နည်းတစ်ခုခုတော့လုပ်ဖြစ်အောင် လုပ်ပေးသွားကြပါခင်ဗျ…..။

တစ်ခြားနေ့ရက်များတွင်လည်းအထက်ပါလုပ်ဆောင်ချက်များလုပ်လို့ရပါတယ်။အတိုက်အခိုက် အနှောင့်အယှက် ကင်းဝေးစေပြီး စိတ်ချမ်းသာစေပါတယ် ခင်ဗျ…..။

ရရက်သားသမီးများ ငွေကြေးပြသနာအခက်အခဲများ ကင်းဝေးစေပြီး စီးပွားတက် အကြွေးဆပ်နိုင်ကြပါစေ

ဆရာဦးမင်းနိုင် နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ်လေးစားကြည်ညို ရှိခိုးဦးခိုက်လျက်….

ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912














၇ရက်သားသမီးများ ငွေကြေးပြသနာအခက်အခဲများ ကင်းဝေးစေပြီး စီးပွားတက် အကြွေးဆပ်နိုင်ကြပါစေ


