ၾကားသိရသမွ်

သူထိသွားတဲ့အချိန်မှာ သူငယ်ချင်းတွေကို ငါမရတော့ဘူး မင်းတို့ပြေး ဆိုပြီး မဆုံးခင်မှာလိုက်သေးတဲ့သူရဲကောင်း ကိုသက်ပိုင်စိုး

လူထုလှုပ်ရှားမှုတွေကိုတော့ ယနေ့ထိတိုင်ပြုလုပ်နေကြဆဲဖြစ်ပြီး လူငယ်တွေကလည်း ရှေ့ဆုံးကနေ စွမ်းစွမ်းတမံပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက မိမိတို့ရဲ့အနာဂတ်အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အမှန်တရားဘက်ကနေ ရပ်တည်နေကြတာဖြစ်ပါတယ်။

 

ကျဆုံးသွားတဲ့သူတွေထဲမှာ လူငယ်တွေလည်း အများအပြားပါဝင်တာကြောင့် သူတို့ရဲ့မိဘတွေကတော့ အရမ်းရင်ကျိုးနေကြရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ်။

(၂၀.၃.၂၀၂၁)မနေ့ကဆိုရင်လည်း ကျောက်မြောင်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း လူငယ်လေးတစ်ယောက်ကဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါတယ်။နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကြောင့် အရမ်းနှမျောဖို့ကောင်းပါတယ်။

ကျောက်မြောင်း၊မြို့သစ်(၂)လမ်း အထက(၂)ကျောင်းရှေ့မှာ ကျဆုံးသွားတဲ့ လူငယ်လေးဆိုရင် သူ့ရဲ့သူငယ်ချင်းတွေကို”ငါမရတော့ဘူးမင်းတို့ပြေး”ဆိုပြီး မဆုံးခင်လေးတောင် မှာသွားသေးတာဖြစ်ပါတယ်။

အခုလိုမျိုး သူငယ်ချင်းတွေအန္တရာယ်ဖြစ်မှာစိုးလို့ သူ့ကိုထားခဲ့ခိုင်းပြီး ပြေးခိုင်းလိုက်တဲ့ လူငယ်လေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။အဲ့ဒီလူငယ်လေးကျဆုံးသွားတဲ့ နေရာလေးမှာ သွေးတွေကလည်း မြင်မကောင်းအောင်ရှိနေပြီး ပြည်သူလူထုက ပန်းစည်းလေးတွေ၊ဖယောင်းတိုင်လေးတွေနဲ့ သေချာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့အဲ့ဒီလူငယ်လေးကို ပြည်သူလူထုကလည်း လေးစားစွာနဲ့ ဦးညွှတ်ဂါရဝပြုပြီး အရမ်းဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit

Zawgyi

လူထုလႈပ္ရွားမႈေတြကိုေတာ့ ယေန႔ထိတိုင္ျပဳလုပ္ေနၾကဆဲျဖစ္ၿပီး လူငယ္ေတြကလည္း ေရွ႕ဆုံးကေန စြမ္းစြမ္းတမံပါဝင္ေနၾကတာျဖစ္ပါတယ္။လူငယ္ေတြက မိမိတို႔ရဲ႕အနာဂတ္အတြက္ စိတ္ဓာတ္ႀကံ့ႀကံ့ခိုင္ခိုင္နဲ႔ အမွန္တရားဘက္ကေန ရပ္တည္ေနၾကတာျဖစ္ပါတယ္။

က်ဆုံးသြားတဲ့သူေတြထဲမွာ လူငယ္ေတြလည္း အမ်ားအျပားပါဝင္တာေၾကာင့္ သူတို႔ရဲ႕မိဘေတြကေတာ့ အရမ္းရင္က်ိဳးေနၾကရတာျဖစ္ပါတယ္။ဒါေပမယ့္လည္း မိဘေတြက သားသမီးေတြရဲ႕ဆႏၵကို ျဖည့္ဆည္းေပးၿပီး တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးေနတာျဖစ္ပါတယ္။

(၂၀.၃.၂၀၂၁)မေန႔ကဆိုရင္လည္း ေက်ာက္ေျမာင္းက လူထုလႈပ္ရွားမႈမွာပါဝင္ရင္း လူငယ္ေလးတစ္ေယာက္ကဦးေခါင္းက်ည္ထိၿပီး က်ဆုံးသြားခဲ့ရပါတယ္။ႏိုင္ငံအတြက္ အားကိုးအားထားျပဳရမယ့္ လူငယ္ေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေႂကြလြင့္ေနၾကတာေၾကာင့္ အရမ္းႏွေမ်ာဖို႔ေကာင္းပါတယ္။

ေက်ာက္ေျမာင္း၊ၿမိဳ႕သစ္(၂)လမ္း အထက(၂)ေက်ာင္းေရွ႕မွာ က်ဆုံးသြားတဲ့ လူငယ္ေလးဆိုရင္ သူ႔ရဲ႕သူငယ္ခ်င္းေတြကို”ငါမရေတာ့ဘူးမင္းတို႔ေျပး”ဆိုၿပီး မဆုံးခင္ေလးေတာင္ မွာသြားေသးတာျဖစ္ပါတယ္။

အခုလိုမ်ိဳး သူငယ္ခ်င္းေတြအႏၲရာယ္ျဖစ္မွာစိုးလို႔ သူ႔ကိုထားခဲ့ခိုင္းၿပီး ေျပးခိုင္းလိုက္တဲ့ လူငယ္ေလးရဲ႕စိတ္ဓာတ္က ေလးစားစရာေကာင္းပါတယ္။အဲ့ဒီလူငယ္ေလးက်ဆုံးသြားတဲ့ ေနရာေလးမွာ ေသြးေတြကလည္း ျမင္မေကာင္းေအာင္ရွိေနၿပီး ျပည္သူလူထုက ပန္းစည္းေလးေတြ၊ဖေယာင္းတိုင္ေလးေတြနဲ႔ ေသခ်ာျပင္ဆင္ေပးထားတာျဖစ္ပါတယ္။

အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္႐ြက္ရင္း အသက္ေပးသြားခဲ့ရတဲ့အဲ့ဒီလူငယ္ေလးကို ျပည္သူလူထုကလည္း ေလးစားစြာနဲ႔ ဦးၫႊတ္ဂါရဝျပဳၿပီး အရမ္းဝမ္းနည္းေနၾကေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Credit