ၾကားသိရသမွ်

လူအများကအရူးအလုပ်လို့ ထင်မှတ်ထားတဲ့ ငါးမွေးမြူရေးကို လုပ်ကိုင်ပြီး မီလီယံနာသူဋ္ဌေးဖြစ်လာခဲ့သူ

ဘယ်သူကမှ မတွေးထင်ထားတဲ့ ငါးမျိုးစပ်တွေကိုမွေးမြူခဲ့လို့ အရူးအလုပ်ဆိုပြီး လူအတော်အများရဲ့ ထင်မြင်ခြင်းကိုခံခဲ့ရတဲ့ မလေးရှားနိုင်ငံက အမျိုးသားဟာ အခုဆိုရင် အသက် 38 နှစ်အရွယ်သာရှိနေသေးပေမဲ့ မီလီယံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။

လုပ်ငန်းစတင်ခဲ့တဲ့ 2007 ခုနှစ်မှာ သူ့ရဲ့လက်ထဲမှာ ငွေ RM 10,000 (မြန်မာငွေ သိန်း 30 ကျော်) သာရှိခဲ့ပါတယ် ။ Hybrid grouper ဆိုတဲ့ ငါးမျိုးစိပ်ရဲ့ အကြောင်းကို လေ့လာပြီး မွေးမြူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။အစပိုင်းမှာ ရွာသားတွေက ‘ မင်းရူးနေလား ၊ 500 လီတာပဲရှိတဲ့ ရေကန်ထဲမှာ ငါးအကောင်ရေ 500 ထည့်ရင် အကုန်သေ သွားလိမ့်မယ် ‘ ဆိုပြီး သူ့အား အကြံပေးပြောဆိုခဲ့ပါတယ် ။

ထင်ထားသလိုပဲ ငါးအတော်များများ သေဆုံးသွားခဲ့ပါတယ် ။အစပိုင်းမှာ အသိပညာဗဟုသုတတွေ နဲခဲ့လို့ အဆင်မပြေပေမဲ့ နောက်ပိုင်း ငါးအဖွဲ့အစည်းတွေဆီမှ အကြံပေးစကား နဲ့ လမ်းညွန်မှုတွေကြောင့် အတော်လေး တိုးတက်လာခဲ့ပါတယ် ။

အခုဆိုရင် အဆိုပါ Hybrid grouper ငါးမျိုးဟာ အတော်လေးကို ကြီးထွားလွယ်ပြီး ငါးဥဈေး နဲ့ အကောင်ဈေးတွေဟာလည်း အတော်လေးကောင်းနေခဲ့လို့ ဝင်ငွေတွေက အတော်လေးတောင့်တင်းနေပါပြီ ။ အရင်က ငါးလှောင်ကန် 8 ကန်သာရှိပေမဲ့ အခုဆိုရင်လှောင်ကန်ပေါင်း 200 ခန့် တိုးချဲ့နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ် ။

Credit

zawgyi

ဘယ္သူကမွ မေတြးထင္ထားတဲ့ ငါးမ်ိဳးစပ္ေတြကိုေမြးျမဴခဲ့လို႔ အ႐ူးအလုပ္ဆိုၿပီး လူအေတာ္အမ်ားရဲ႕ ထင္ျမင္ျခင္းကိုခံခဲ့ရတဲ့ မေလးရွားႏိုင္ငံက အမ်ိဳးသားဟာ အခုဆိုရင္ အသက္ 38 ႏွစ္အ႐ြယ္သာရွိေနေသးေပမဲ့ မီလီယံနာသူေ႒းတစ္ေယာက္ျဖစ္ေနခဲ့ပါၿပီ ။

လုပ္ငန္းစတင္ခဲ့တဲ့ 2007 ခုႏွစ္မွာ သူ႔ရဲ႕လက္ထဲမွာ ေငြ RM 10,000 (ျမန္မာေငြ သိန္း 30 ေက်ာ္) သာရွိခဲ့ပါတယ္ ။ Hybrid grouper ဆိုတဲ့ ငါးမ်ိဳးစိပ္ရဲ႕ အေၾကာင္းကို ေလ့လာၿပီး ေမြးျမဴဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ။အစပိုင္းမွာ ႐ြာသားေတြက ‘ မင္း႐ူးေနလား ၊ 500 လီတာပဲရွိတဲ့ ေရကန္ထဲမွာ ငါးအေကာင္ေရ 500 ထည့္ရင္ အကုန္ေသ သြားလိမ့္မယ္ ‘ ဆိုၿပီး သူ႔အား အႀကံေပးေျပာဆိုခဲ့ပါတယ္ ။

ထင္ထားသလိုပဲ ငါးအေတာ္မ်ားမ်ား ေသဆုံးသြားခဲ့ပါတယ္ ။အစပိုင္းမွာ အသိပညာဗဟုသုတေတြ နဲခဲ့လို႔ အဆင္မေျပေပမဲ့ ေနာက္ပိုင္း ငါးအဖြဲ႕အစည္းေတြဆီမွ အႀကံေပးစကား နဲ႔ လမ္းၫြန္မႈေတြေၾကာင့္ အေတာ္ေလး တိုးတက္လာခဲ့ပါတယ္ ။

အခုဆိုရင္ အဆိုပါ Hybrid grouper ငါးမ်ိဳးဟာ အေတာ္ေလးကို ႀကီးထြားလြယ္ၿပီး ငါးဥေဈး နဲ႔ အေကာင္ေဈးေတြဟာလည္း အေတာ္ေလးေကာင္းေနခဲ့လို႔ ဝင္ေငြေတြက အေတာ္ေလးေတာင့္တင္းေနပါၿပီ ။ အရင္က ငါးေလွာင္ကန္ 8 ကန္သာရွိေပမဲ့ အခုဆိုရင္ေလွာင္ကန္ေပါင္း 200 ခန႔္ တိုးခ်ဲ႕ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္ ။

Credit