ၾကားသိရသမွ်

ဆင်းရဲပေမဲ့ သားလေးမျက်နှာမငယ်အောင် ကိုယ်တိုင်လက်လုပ် လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်

ကမ္ဘောဒီးယားနိုင်ငံဟာ လူအများစုမှ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့နိုင်ငံတွေထဲမှ တစ်ခုအပါအဝင်ပါ ။ မိဘတွေက သူတို့သားသမီးတွေကို ပညာလက်ဆောင်တစ်ခုပေးနိုင်ဖို့ တတ်နိုင်သမျှ ရုန်းကန် ပံ့ပိုးပေးကြရပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျောင်းသုံးပစ္စည်းတွေက သာမန်လူတန်းစားတွေအတွက် ဈေးကြီးနေတာမို့ အသုံးငွေလျော့ချနိုင်ဖို့ ဆင်းရဲနွမ်းပါးတဲ့လယ်သမားဖခင်တစ်ဦးက သားဖြစ်သူအတွက် handmade ကျောပိုးအိတ်လေး ပြုလုပ်ပေးခဲ့ပါတယ်။အတန်းပိုင်ဆရာမဖြစ်တဲ့ Sophous Suon က အပြာရောင်ဇာတိအိတ်ကို လွယ်ထားတဲ့ အသက် ၅နှစ်အရွယ် Keng အမည်ရှိတဲ့အဆိုပါလယ်သမားရဲ့သားကို သတိထားမိသွားခဲ့ပါတယ်။အဆိုပါ ကျောပိုးအိတ်လေးက ကြွတ်ကြွတ်ကြိုးနဲ့ကျစ်ထားတာပါ။

အနက်ရောင်ကြိုးတွေကို နောက်ကျောမှာ ချိတ်ထားပြီး အိတ်ရဲ့ရှေ့ဖက်က ဖွင့်ပိတ်လုပ်နိုင်အောင်လည်း တပ်ဆင်ထားပါသေးတယ်။Suon က ကျောပိုးအိတ်နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ အဆိုပါအိတ်ကို ဓာတ်ပုံရိုက်ပြီး social မှာ “ လူတွေက ဒီကျောပိုးအိတ်ကို သဘောကျကြတယ် ၊ အဖေ့ရဲ့ချစ်ခြင်းမေတ္တာဘဲ ၊ ငါ ဒီအိတ်ကို ကြိုက်တယ်” လို့ ဝေမျှပေးခဲ့ပါတယ်။သူမက ကျောပိုးအိတ်တစ်လုံးက သူတို့မှာ ဒေါ်လာ ၇ ( ၉,၀၀၀ ကျော်) အထိရှိပြီး ၎င်းက လူအများစုအတွက် မဆိုစလောက်လေး ဆိုပေမဲ့ Keng နဲ့ သူ့မိသားစုကဲ့သို့သော သာမန်လူတွေအတွက်ကတော့ ၎င်းက အစားအစာ နဲ့ အခြားပစ္စည်းများကို ရှင်သန်ရန်အတွက်ဘဲ ငွေဖြုန်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suon က ကလေးကို ထောက်ပံ့ပေးမယ့် သူစိမ်းတွေထံမှ မက်ဆေ့ချ်များစွာ လက်ခံရရှိခဲ့ပါတယ်။Suon က “နိုင်ငံခြားသားအချို့က သူ့ကိုအိတ်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတယ် ၊ ကျောင်းအုပ်ကလည်း သူတို့ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီ” လို့ မျှဝေပေးခဲ့ပါသေးတယ်။ကျောပိုးအိတ်ကို ကြည့်ရင်တော့ လယ်သမားရဲ့ သားလေးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာက ကြီးမားလွန်းတာကို ခံစားမိကြမှပါ။

1

2

3

4

Mia (Mckzone Daily)

Source : elitereaders

Unicode

ကမ္ဘောဒီးယားနိုင်ငံဟာ လူအများစုမှ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့နိုင်ငံတွေထဲမှ တစ်ခုအပါအဝင်ပါ ။ မိဘတွေက သူတို့သားသမီးတွေကို ပညာလက်ဆောင်တစ်ခုပေးနိုင်ဖို့ တတ်နိုင်သမျှ ရုန်းကန် ပံ့ပိုးပေးကြရပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျောင်းသုံးပစ္စည်းတွေက သာမန်လူတန်းစားတွေအတွက် ဈေးကြီးနေတာမို့ အသုံးငွေလျော့ချနိုင်ဖို့ ဆင်းရဲနွမ်းပါးတဲ့လယ်သမားဖခင်တစ်ဦးက သားဖြစ်သူအတွက် handmade ကျောပိုးအိတ်လေး ပြုလုပ်ပေးခဲ့ပါတယ်။

အနက်ရောင်ကြိုးတွေကို နောက်ကျောမှာ ချိတ်ထားပြီး အိတ်ရဲ့ရှေ့ဖက်က ဖွင့်ပိတ်လုပ်နိုင်အောင်လည်း တပ်ဆင်ထားပါသေးတယ်။Suon က ကျောပိုးအိတ်နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ အဆိုပါအိတ်ကို ဓာတ်ပုံရိုက်ပြီး social မှာ “ လူတွေက ဒီကျောပိုးအိတ်ကို သဘောကျကြတယ် ၊ အဖေ့ရဲ့ချစ်ခြင်းမေတ္တာဘဲ ၊ ငါ ဒီအိတ်ကို ကြိုက်တယ်” လို့ ဝေမျှပေးခဲ့ပါတယ်။

ဓာတ်ပုံပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suon က ကလေးကို ထောက်ပံ့ပေးမယ့် သူစိမ်းတွေထံမှ မက်ဆေ့ချ်များစွာ လက်ခံရရှိခဲ့ပါတယ်။Suon က “နိုင်ငံခြားသားအချို့က သူ့ကိုအိတ်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတယ် ၊ ကျောင်းအုပ်ကလည်း သူတို့ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီ” လို့ မျှဝေပေးခဲ့ပါသေးတယ်။