အမေရိကန်သယ်ပိုလေယာဉ်ဘီးအတွင်း သေဆုံးခဲ့သူမှာ အာဖဂန်လူငယ်ဘောလုံသမားတစ်ဦးဖြစ်နေ
အာဖဂန်လူငယ်ဘောလုံးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူဟာ ကဘူးလ်လေဆိပ်က ထွက်ခွာခဲ့တဲ့ အမေရိကန်လေတပ်ဖွဲရဲ့ သယ်ပိုလေယာဉ်က Landing Gear အတွင်းမှာ သေဆုံးခဲ့တယ်လို သိရပါတယ်။တာလီဘန်တို ထိန်းချုပ်ခဲ့တဲ့ အာဖဂန်ကနေ ထွက်ပြေးဖိုအတွက် ကြိုးစားရင်းကနေ သေဆုံးခဲ့ရတာဖြစ်တယ်လိုလည်း New York Post က ဖော်ပြခဲ့ပါတယ်။…
အသက် ၁၉ နှစ်အရွယ် Zaki Anwari ဆိုသူဖြစ်ပြီး သူဟာ ကဘူးလ်လေဆိပ်က ထွက်ခွာမယ့် C-17 လေ ယာဉ်ကို လိုက်ပါဖိုအတွက် ကြိုးစားရင်းကနေ သေဆုံးခဲ့တယ်လို East2West သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Zaki Anwari သေဆုံးခဲ့ကြောင်းကိုလည်း သတင်းထောက်တစ်ဦးဖြစ်သူ Babak Taghvaee က တွစ်တာမှာရေးသားကာ အတည်ပြုခဲ့ပါတယ်။…
“အာဖဂန်လူငယ်ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က USAF C-17A လေယဉ်ရဲ့ Landing Gear အတွင်းမှာ သေဆုံးခဲ့တာကို ကြားခဲ့ရလို အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” လို သူက ရေးသားခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကို ဘီးအတွင်းမှာ တွေ့ရှိခဲ့ကြောင်းလည်း အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖိုအတွက် ကာတာကို လမ်းကြောင်းပြောင်းခဲ့ရတယ်လို သိရပါတယ်။…
Zaki ဟာ ကဘူးလ်မှာနေထိုင်သူဖြစ်ပြီး အထက်တန်း ကျောင်းသားတစ်ဦးအဖြစ်သာ ရှိနေသူလည်းဖြစ်ပါတယ်။ သူ့အသက် ၁၆ နှစ်အရွယ်မှာ လူငယ်အသင်းအတွက် ဘောလုံးကစားပေးခဲ့သူဖြစ်ပြီး သူ့သတင်းကို သူငယ်ချင်းဖြစ်သူတွေကလည်း အတည်ပြုခဲ့ကြပါတယ်။ မူလကတော့ ဘီးအတွင်းမှာ အာဖဂန်အမျိုး သားတစ်ဦးသေဆုံးခဲ့တယ်လို သတင်းတွေထွက်နေခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကို ယခုမှသာ သိရှိရတာလည်းဖြစပါတယ်။…
တာလီဘန်တိုထိန်းချုပ်ခဲ့ပြီးနောက် လွတ်မြောက်ဖိုအတွက် အာဖဂန်နိုင်ငံသားအများအပြားဟာ လေဆိပ်မှာ စုပြုံတိုးဝှေ့ကာ အလုအယက်ဖြစ်နေခဲ့ကြပါတယ်။ လေဆိပ်ကထွက်ခွာမယ့် လေယာဉ်တွေပေါ်ကို လိုက်ပါခွင့်ရဖို တောင်းဆိုနေခဲ့ကြသလို ဖက်တွယ်လိုက်ပါဖို မိုက်ရူးရဲဆန်စွာပြုလုပ်ခဲ့ကြပြီး ပြု တ် ကျ သေဆုံးမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။…
The River News
Zawgyi
အေမရိကန္သယ္ပိုေလယာဥ္ဘီးအတြင္း ေသဆုံးခဲ့သူမွာ အာဖဂန္လူငယ္ေဘာလုံသမားတစ္ဦးျဖစ္ေန
အာဖဂန္လူငယ္ေဘာလုံးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္သူဟာ ကဘူးလ္ေလဆိပ္က ထြက္ခြာခဲ့တဲ့ အေမရိကန္ေလတပ္ဖြဲရဲ႕ သယ္ပိုေလယာဥ္က Landing Gear အတြင္းမွာ ေသဆုံးခဲ့တယ္လို သိရပါတယ္။တာလီဘန္တို ထိန္းခ်ဳပ္ခဲ့တဲ့ အာဖဂန္ကေန ထြက္ေျပးဖိုအတြက္ ႀကိဳးစားရင္းကေန ေသဆုံးခဲ့ရတာျဖစ္တယ္လိုလည္း New York Post က ေဖာ္ျပခဲ့ပါတယ္။…
အသက္ ၁၉ ႏွစ္အ႐ြယ္ Zaki Anwari ဆိုသူျဖစ္ၿပီး သူဟာ ကဘူးလ္ေလဆိပ္က ထြက္ခြာမယ့္ C-17 ေလ ယာဥ္ကို လိုက္ပါဖိုအတြက္ ႀကိဳးစားရင္းကေန ေသဆုံးခဲ့တယ္လို East2West သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ Zaki Anwari ေသဆုံးခဲ့ေၾကာင္းကိုလည္း သတင္းေထာက္တစ္ဦးျဖစ္သူ Babak Taghvaee က တြစ္တာမွာေရးသားကာ အတည္ျပဳခဲ့ပါတယ္။…
“အာဖဂန္လူငယ္ေဘာလုံးအသင္းရဲ႕ ကစားသမားတစ္ဦးဟာ ၿပီးခဲ့တဲ့ရက္အနည္းငယ္က USAF C-17A ေလယဥ္ရဲ႕ Landing Gear အတြင္းမွာ ေသဆုံးခဲ့တာကို ၾကားခဲ့ရလို အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္” လို သူက ေရးသားခဲ့ပါတယ္။သူ႔ရဲ႕ခႏၶာကိုယ္ကို ဘီးအတြင္းမွာ ေတြ႕ရွိခဲ့ေၾကာင္းလည္း အတည္ျပဳႏိုင္ခဲ့ၿပီး ေလယာဥ္ကို အေရးေပၚဆင္းသက္ဖိုအတြက္ ကာတာကို လမ္းေၾကာင္းေျပာင္းခဲ့ရတယ္လို သိရပါတယ္။…
Zaki ဟာ ကဘူးလ္မွာေနထိုင္သူျဖစ္ၿပီး အထက္တန္း ေက်ာင္းသားတစ္ဦးအျဖစ္သာ ရွိေနသူလည္းျဖစ္ပါတယ္။ သူ႔အသက္ ၁၆ ႏွစ္အ႐ြယ္မွာ လူငယ္အသင္းအတြက္ ေဘာလုံးကစားေပးခဲ့သူျဖစ္ၿပီး သူ႔သတင္းကို သူငယ္ခ်င္းျဖစ္သူေတြကလည္း အတည္ျပဳခဲ့ၾကပါတယ္။ မူလကေတာ့ ဘီးအတြင္းမွာ အာဖဂန္အမ်ိဳး သားတစ္ဦးေသဆုံးခဲ့တယ္လို သတင္းေတြထြက္ေနခဲ့ၿပီး ဘယ္သူဘယ္ဝါဆိုတာကို ယခုမွသာ သိရွိရတာလည္းျဖစပါတယ္။…
တာလီဘန္တိုထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ လြတ္ေျမာက္ဖိုအတြက္ အာဖဂန္ႏိုင္ငံသားအမ်ားအျပားဟာ ေလဆိပ္မွာ စုၿပဳံတိုးေဝွ႔ကာ အလုအယက္ျဖစ္ေနခဲ့ၾကပါတယ္။ ေလဆိပ္ကထြက္ခြာမယ့္ ေလယာဥ္ေတြေပၚကို လိုက္ပါခြင့္ရဖို ေတာင္းဆိုေနခဲ့ၾကသလို ဖက္တြယ္လိုက္ပါဖို မိုက္႐ူးရဲဆန္စြာျပဳလုပ္ခဲ့ၾကၿပီး ျပဳ တ္ က် ေသဆုံးမႈေတြလည္းျဖစ္ပြားခဲ့ပါတယ္။…
The River News