unicode
ကြက်တူရွေး ရေသောက်ဆင်းပြီ။
ဧရာဝတီမြစ်ရစတက်ပါတယ်…..မြစ်ရေဝင်ဒေသများ သတင်းနားထောင်ပါ….
မကြာမှီ ရုတ်တရက်စိုးရိမ် ရေအမှတ် ရောက်လာနိုင်တယ် / ကြိုတင်ပြင်ဆင်ထားကြပါ….
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ မုန်တိုင်း အငယ်စားများ
၂၇ ရက် ဇွန်လ က တကြိမ် ဖြစ်ခဲ့ပြီး ၁၃ ရက် ဇူလိုင် မှာ တကြိမ် ဖြစ်လာကာ….
မုတ်သုန်ရေငွေ့ ထုတ်လုပ်မှုကို အလွန့် အလွန် များစေပါတယ် ….
သမရိုးကျ သတိပေးချက်က ဧရာဝတီမြစ်ရေကို ကြက်တူရွေး ရေသောက်ဆင်းပြီဆိုတော့ ….
မြစ်ရဲ့ Down stream ရေဝင်ရပ်မှာရှိတဲ့ပြည်သူများအနေနဲ့ အထူးသတိပြုပြီးလုပ်ဆောင်သင့်သည်များ ကြိုတင်ပြင်ဆင်သင့်ပါပြီ…။
ကြက်တူရွေးရေသောက်ဆင်းတယ်ဆိုတာ မြန်မာပြည်ရဲ့ ဒုတိယ မြစ်ကျဉ်း ရွှေကူနဲ့ ကသာကြားမှာရှိတဲ့….
ကြက်တူရွေးနှုတ်သီးပုံစံကျောက်အစွန်းကိုကြည့်ပြီး ဒေသခံတွေ မြစ်ရေအတက်ကျခန့်မှန်းကြတဲ့နေရာပါ။
U Htay Tint (06-Jul-2020) / Photo-Maung Maung Oo / @Ashin Sanda Zawti