အခ်စ္ေရး

ချစ်သူကိုလမ်းခွဲတော့မယ်ဆို ဒါလေးတွေအရင်ဖြေပါ

အခ်စ္ေရးမွာ အေျပာင္းအလဲေတြကေတာ့ စုံတြဲတိုင္း ႀကဳံရတတ္ၾကတယ္။ အေျပာင္းအလဲေတြထဲမွာမွ အခ်စ္ေရးကို စိတ္မဝင္စားေတာ့လို႔ Relationship အျဖစ္ကို ရပ္နားလိုက္ေတာ့မယ္၊ ခ်စ္သူနဲ႔ လမ္းခြဲေတာ့မယ္ဆိုရင္ ဒီေမးခြန္းေလးေတြ အရင္ေျဖၾကည့္ပါဦး။

၁။ ဘာေၾကာင့္ အခုမွျပတ္ခ်င္တာလဲ

ၿပီးခဲ့တဲ့လတည္းက ျပတ္ခ်င္ေနခဲ့တာလား၊ ဒါမွမဟုတ္ လြန္ခဲ့တဲ့ ၆ လေလာက္တည္းက ျပတ္ခ်င္ေနခဲ့တာလား။ အရင္တည္းက အခ်စ္ေရးကိုစိတ္ကုန္ေနခဲ့တာဆိုရင္ေတာ့ ခုခ်ိန္မွာ သည္းမခံခ်င္ေတာ့ေလာက္ေအာင္ ျဖစ္လာလို႔ေနပါလိမ့္မယ္။ ေရွ႕ဆက္တြဲလို႔လည္း အဆင္ေျပမွာမဟုတ္ဘူး။ ဒီလိုမမဟုတ္ဘဲ မေန႔တစ္ေန႔ကမွ ျဖတ္ခ်င္စိတ္ ႐ုတ္တရက္ေပၚလာရင္ေတာ့ ျပန္စဥ္းစားပါဦးလို႔ပဲ ေျပာပါရေစ။ ခဏတာခံစားခ်က္ေၾကာင့္ ေနာင္တမရေစခ်င္ပါဘူး။

၂။ ေျပာင္းလဲဖို႔အလားအလာရွိလား

RS တစ္ခု တည္ေဆာက္ဖို႔က မလြယ္ပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ နားလည္ေပးရတာေတြ၊ ညႇိႏႈိင္းရတာေတြ အမ်ားႀကီးရွိတယ္။ ႏွစ္ေယာက္အတူ ေရွ႕ဆက္ဖို႔ ကိုယ့္ဘက္က ဘာေတြေျပာင္းလဲႏိုင္မလဲဆိုတာလည္း ေတြးၾကည့္ပါ။ ႏွစ္ေယာက္လုံးက လက္ရွိအေျခအေနအေပၚ ေျပာင္းလဲလိုစိတ္မရွိဘူးဆိုမွ ျပတ္ဖို႔ဆက္စဥ္းစားပါ။

၃။ ျဖစ္ခ်င္တာကဘာလဲ၊ ဘာေၾကာင့္တစ္ေယာက္တည္းလုပ္ခ်င္ရတာလဲ

ခ်စ္သူကို လမ္းခြဲၿပီး တစ္ေယာက္တည္းေနခ်င္စိတ္ေပၚေနတာ ဘာေၾကာင့္လဲ။ ဘာေတြမ်ား ျဖစ္ခ်င္ေနလို႔လဲ။ အဲ့ဒါကို တစ္ေယာက္တည္းလုပ္မွ ျဖစ္မွာလား။ ခ်စ္သူရွိေနလ်က္နဲ႔ လုပ္လို႔မရဘူးလား။ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ အမွီအခိုကင္းကင္း ေရွ႕ဆက္ခ်င္စိတ္ေၾကာင့္ပဲ ခ်စ္သူနဲ႔လမ္းခြဲခ်င္ေနတာလားဆိုတာ ကြဲကြဲျပားျပားသိပါေစ။

၄။ အရင္ခ်စ္သူနဲ႔တုန္းကေရာဒီလိုျဖစ္ခဲ့လား

ကိုယ့္အက်င့္ကိုက လူတစ္ေယာက္ကို ၾကာၾကာမတြဲတတ္သူလား။ အရင္ရည္းစားေတြတုန္းကေရာ ဒီလိုပဲ ၿငီးေငြ႕လာလို႔ လမ္းခြဲခဲ့တာလားဆိုတာ ကိုယ္တိုင္အသိဆုံးျဖစ္မွာပါ။ ဒီလိုပဲ ခဏတြဲလိုက္ ျပတ္လိုက္ ေနာက္လူအသစ္ထပ္ရလိုက္ဆိုရင္ေတာ့ သင့္ရဲ႕ဘဝႀကီးက မွားယြင္းေနတာပါပဲ။ RS စစ္စစ္တစ္ခုရဖို႔ကို ေသေသခ်ာခ်ာ သုံးသပ္ၿပီးမွ တည္ေဆာက္ပါ။ လြယ္လြယ္နဲ႔ ၿပိဳကြဲမခံသင့္ဘူး။

၅။ သူ႔ကိုဆုံးရႈံးလိုက္ရတာ အဆင္ေျပပါ့မလား

စိတ္ကိုအလိုလိုက္ၿပီး ခဏတာ သာယာမႈေတြေၾကာင့္ တန္ဖိုးရွိတဲ့အခ်စ္ကို ဆုံးရႈံးမခံလိုက္ပါနဲ႔။ သူမရွိဘဲနဲ႔ ကိုယ္ တကယ္ေနႏိုင္ပါ့မလား။ အဆင္ေျပပါ့မလား။ ေနာက္မွ ေနာင္တရေနမယ့္အျဖစ္မ်ိဳးေတြ မႀကဳံခ်င္ရင္ ဒီေမးခြန္းကို ေျဖႏိုင္မွ လမ္းခြဲသင့္တယ္။

၆။ ေသဘာတူညီမႈ

အေပၚကေမးခြန္းေတြအားလုံးရဲ႕အေျဖေတြက Yes ဆိုရင္ေတာင္ လမ္းခြဲဖို႔ ယတိျပတ္မဆုံးျဖတ္ပါဦး။ လုံးဝ လမ္းခြဲလိုက္တာမဟုတ္ဘဲ ခဏေလာက္ အဆက္ျဖတ္တာမ်ိဳးကို စဥ္းစားၾကည့္ပါ။ ဥပမာ တစ္လျဖစ္ေစ သုံးလျဖစ္ေစေပါ့။ အဲ့ဒီအတြက္ေတာ့ ႏွစ္ဦးသား သေဘာတူညီမႈရွိဖို႔လိုတယ္။ သူ႔ဘက္က နားလည္ေပးႏိုင္ရင္ေတာ့ ခဏေလာက္ တစ္ကိုယ္တည္းေနၾကည့္လိုက္ပါ။ အခ်ိန္ေစ့တဲ့အခါ ျပန္အဆင္ေျပသြားတာလည္း ျဖစ္ႏိုင္သလို လုံးဝစိတ္ကုန္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ တစ္ခုခုဆိုရင္ လက္လြတ္စပယ္ မဆုံးျဖတ္လိုက္ဖို႔ပဲ အႀကံေပးပါရေစ။

Credit: Duwun

Unicode

အချစ်ရေးမှာ အပြောင်းအလဲတွေကတော့ စုံတွဲတိုင်း ကြုံရတတ်ကြတယ်။ အပြောင်းအလဲတွေထဲမှာမှ အချစ်ရေးကို စိတ်မဝင်စားတော့လို့ Relationship အဖြစ်ကို ရပ်နားလိုက်တော့မယ်၊ ချစ်သူနဲ့ လမ်းခွဲတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေ အရင်ဖြေကြည့်ပါဦး။

၁။ ဘာကြောင့် အခုမှပြတ်ချင်တာလဲ

ပြီးခဲ့တဲ့လတည်းက ပြတ်ချင်နေခဲ့တာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၆ လလောက်တည်းက ပြတ်ချင်နေခဲ့တာလား။ အရင်တည်းက အချစ်ရေးကိုစိတ်ကုန်နေခဲ့တာဆိုရင်တော့ ခုချိန်မှာ သည်းမခံချင်တော့လောက်အောင် ဖြစ်လာလို့နေပါလိမ့်မယ်။ ရှေ့ဆက်တွဲလို့လည်း အဆင်ပြေမှာမဟုတ်ဘူး။ ဒီလိုမမဟုတ်ဘဲ မနေ့တစ်နေ့ကမှ ဖြတ်ချင်စိတ် ရုတ်တရက်ပေါ်လာရင်တော့ ပြန်စဉ်းစားပါဦးလို့ပဲ ပြောပါရစေ။ ခဏတာခံစားချက်ကြောင့် နောင်တမရစေချင်ပါဘူး။

၂။ ပြောင်းလဲဖို့အလားအလာရှိလား

RS တစ်ခု တည်ဆောက်ဖို့က မလွယ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ပေးရတာတွေ၊ ညှိနှိုင်းရတာတွေ အများကြီးရှိတယ်။ နှစ်ယောက်အတူ ရှေ့ဆက်ဖို့ ကိုယ့်ဘက်က ဘာတွေပြောင်းလဲနိုင်မလဲဆိုတာလည်း တွေးကြည့်ပါ။ နှစ်ယောက်လုံးက လက်ရှိအခြေအနေအပေါ် ပြောင်းလဲလိုစိတ်မရှိဘူးဆိုမှ ပြတ်ဖို့ဆက်စဉ်းစားပါ။

၃။ ဖြစ်ချင်တာကဘာလဲ၊ ဘာကြောင့်တစ်ယောက်တည်းလုပ်ချင်ရတာလဲ

ချစ်သူကို လမ်းခွဲပြီး တစ်ယောက်တည်းနေချင်စိတ်ပေါ်နေတာ ဘာကြောင့်လဲ။ ဘာတွေများ ဖြစ်ချင်နေလို့လဲ။ အဲ့ဒါကို တစ်ယောက်တည်းလုပ်မှ ဖြစ်မှာလား။ ချစ်သူရှိနေလျက်နဲ့ လုပ်လို့မရဘူးလား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အမှီအခိုကင်းကင်း ရှေ့ဆက်ချင်စိတ်ကြောင့်ပဲ ချစ်သူနဲ့လမ်းခွဲချင်နေတာလားဆိုတာ ကွဲကွဲပြားပြားသိပါစေ။

၄။ အရင်ချစ်သူနဲ့တုန်းကရောဒီလိုဖြစ်ခဲ့လား

ကိုယ့်အကျင့်ကိုက လူတစ်ယောက်ကို ကြာကြာမတွဲတတ်သူလား။ အရင်ရည်းစားတွေတုန်းကရော ဒီလိုပဲ ငြီးငွေ့လာလို့ လမ်းခွဲခဲ့တာလားဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ဒီလိုပဲ ခဏတွဲလိုက် ပြတ်လိုက် နောက်လူအသစ်ထပ်ရလိုက်ဆိုရင်တော့ သင့်ရဲ့ဘဝကြီးက မှားယွင်းနေတာပါပဲ။ RS စစ်စစ်တစ်ခုရဖို့ကို သေသေချာချာ သုံးသပ်ပြီးမှ တည်ဆောက်ပါ။ လွယ်လွယ်နဲ့ ပြိုကွဲမခံသင့်ဘူး။

၅။ သူ့ကိုဆုံးရှုံးလိုက်ရတာ အဆင်ပြေပါ့မလား

စိတ်ကိုအလိုလိုက်ပြီး ခဏတာ သာယာမှုတွေကြောင့် တန်ဖိုးရှိတဲ့အချစ်ကို ဆုံးရှုံးမခံလိုက်ပါနဲ့။ သူမရှိဘဲနဲ့ ကိုယ် တကယ်နေနိုင်ပါ့မလား။ အဆင်ပြေပါ့မလား။ နောက်မှ နောင်တရနေမယ့်အဖြစ်မျိုးတွေ မကြုံချင်ရင် ဒီမေးခွန်းကို ဖြေနိုင်မှ လမ်းခွဲသင့်တယ်။

၆။ သေဘာတူညီမႈ

အပေါ်ကမေးခွန်းတွေအားလုံးရဲ့အဖြေတွေက Yes ဆိုရင်တောင် လမ်းခွဲဖို့ ယတိပြတ်မဆုံးဖြတ်ပါဦး။ လုံးဝ လမ်းခွဲလိုက်တာမဟုတ်ဘဲ ခဏလောက် အဆက်ဖြတ်တာမျိုးကို စဉ်းစားကြည့်ပါ။ ဥပမာ တစ်လဖြစ်စေ သုံးလဖြစ်စေပေါ့။ အဲ့ဒီအတွက်တော့ နှစ်ဦးသား သဘောတူညီမှုရှိဖို့လိုတယ်။ သူ့ဘက်က နားလည်ပေးနိုင်ရင်တော့ ခဏလောက် တစ်ကိုယ်တည်းနေကြည့်လိုက်ပါ။ အချိန်စေ့တဲ့အခါ ပြန်အဆင်ပြေသွားတာလည်း ဖြစ်နိုင်သလို လုံးဝစိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုခုဆိုရင် လက်လွတ်စပယ် မဆုံးဖြတ်လိုက်ဖို့ပဲ အကြံပေးပါရစေ။

Credit: Duwun