က်မၼာေရး ဗဟုသုတ

၃ လသာ ခံတော့မယ့်အနေအထားမှ လွတ်မြောက်ခဲ့တဲ့ ကင်ဆာရောဂါသည်ရဲ့ ဆေးစွမ်းကောင်း

ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင် ဓါတ်ပုံမရှိတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဓါတ်ပုံ ရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန်ဘူးလေ။ တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့မသိ။

ယနေ့တော့ ပဋ္ဌာန်း သင်တန်းသူ တစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာ ဖြစ်နေတယ်လို့ သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။အသဲကင်ဆာ ဆိုရင် ဆေးနည်း ရှိတယ်လို့ ပြောလိုက်မိတယ်။ သူကအပူတပြင်းတောင်းတယ်လေ။ ခုလာယူရမလားတဲ့။ဆေးမရှိပါ။ ဆေးနည်း သာ သိထားတာပါ။ ဆေးကုတဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။

ဒါကြောင့် ဒီ ဆေးနည်းကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင် တိုက်တွန်းပေး လို့လဲ ကျေးဇူးတင်ရပါတယ်။ ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်း တန်ဖိုး မထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။

ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။

မြစ်ကြီးနားမြို့၊ ဝန်သိုစာသင်တိုက်က ဆရာတော်ကြီး က သက်တော် ၉၀ ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးပါ။ အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိပ်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။

ဆရာတော်ကြီး မှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့ နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။ ဆေးရုံမှ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ မြန်မာပြည်မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။

အသက်ရှိနေတုန်း ပြန်ပို့တဲ့သဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင် အောင်လို့ မူလကျောင်းအထိ ပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။ သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကျွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။

တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊ တပည့်ဒါယကာ ဒါယိကာမတွေလည်း အားရအောင် ဖူးမျှော်ရအောင်ပေါ့။ ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေချာသလောက်ပါ။ ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်းကို မှီဝဲသုံးဆောင်တော်မူပါတယ်။ တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။

မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကိုစောင့်နေခဲ့တယ်။ သုံးလပြည့်တော့လည်း လန်လန်းဆန်ဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။ သုံးလကျော် လေးလစွန်းတော့ အခြေအနေ သိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။

အဖြေက- အသဲကင်ဆာ မရှိတော့ပါဘူးတဲ့။

သုံးလ ဆရာတော်ကြီး ဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင့်ြ့ပည့်ပါတော့မယ်။ ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ဝန်သိုလ်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။ (လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာ ကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။)

ဆရာတော်ကြီး ကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက တိပိဋကဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူးမျော်နေသည့် ဓါတ်ပုံပါ ပူးတွဲပြလိုက်ပါတယ်။ (မြင်းခြံတိပိဋက ဆရာတော် ဦးဂန္ဓမာလာ၏ FB မှ ကူးယူထားတာပါ။)

ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ –

(၁} နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)၎င်းအရည် တစ်ဖန်ခွက် တိုက်ပါတယ်။

(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး တစ်ဖန်ခွက် တိုက်ပါတယ်။

(၃) ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့် ကြို။ ရေခဲသေတ္တာ မှာသိမ်းပါက အဆင်ပြေတယ်။ မကြိုက မှိုတက်တယ်။)ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။

ဆရာတော်ကြီး ၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြ ထားပါတယ်။)အသဲကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည် သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။

ဆေးနည်းကုသိုလ်ကြောင့် မအို မနာ မသေရာ “အမတ” ကို အမြန်ရ ရပါလို၏။

Myat Pahtan:အရှင်ဧသက (မြတ်ပဋ္ဌာန်း)

Unicode

ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေး လိုက်ပါတယ်။ အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။ ရန်ကုန်ဆေးရုံ တောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ဝန်သိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။