ပစိဖိတ်သမုဒ္ဒရာအတွင်း (ဖိလစ်ပိုင်နိုင်ငံအနီး) ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ဆာဂေး (Typhoon Surigae) ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ တောင်ပိုင်းဒေသများမှာ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အပူပိုင်း တိုင်ဖွန်းမုန်တိုင်းများဟာ အခုလို ဆောင်းအကုန် နွေအကူးရာသီမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းအဖြစ်များကြပြီး အိန္ဒိယသမုဒ္ဒရာမှာလည်း မေလ-ဇွန်လများမှာ အပူပိုင်း ဆိုင်ကလုံးများ (နှစ်စဉ်နှစ်တိုင်း) ဖြစ်ပေါ်တတ်ပါတယ်။
အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းများဟာ နာရီလက်တံ ပြောင်းပြန်လည်ပတ်သလို (Counterclockwise ) တိုက်ခတ်ကြပြီး..၊ အီကွေတာရဲ့ တောင်ဘက်ခြမ်းမှာတော့ နာရီလက်တံအတိုင်း (Clockwise ) တိုက်ခတ်ကြပါတယ်။ ဒါဟာ ကမ္ဘာလည်ခြင်းမှာ ဖြစ်ပေါ်လာတဲ့ ကိုရိုးလစ် အား (Coriolis Force) သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ (ပုံ)
လက်ရှိ မုန်တိုင်းကြောင့် ရမယ့် မိုးဟာ အရှေ့ဘက်က လာမှာဖြစ်လို့ မြန်မာနိုင်ငံမှာ ရရှိနေကျ အနောက်တောင်မုတ်သုံမိုးလိုမျိုး ကြာရှည်မည့်မိုးမျိုး မဟုတ်ပါ။ တောင်သူဦးကြီးများအတွက် နွေစပါးစိုက်ပျိုးရနိုင်လောက်မယ့် မိုးမျိုးသာဖြစ်ပါတယ်။ မေလ၊ ဇွန်လလောက်မှာတော့ အနောက်တောင် မုန်သုံလေကို ခေါ်ဆောင်လာမယ့် မုန်တိုင်းမျိုးတွေ တိုက်ခတ်လာဖို့ မျှော်လင့်ရပါတယ်။
မုန်တိုင်းဆိုတာ သဘာဝတရားကြီးက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ အကျိုးရှိစွာ အသုံးချတန်ဖို့နဲ့.. အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ထားကြဖို့ လိုပါတယ်။ ကျနော်ချစ်ရတဲ့ မြန်မာနိုင်ငံကြီး နှင့် မြန်မာပြည်သူများ အခက်အခဲများစွာမှ အမြန်ဆုံး လွန်မြောက်အောင်မြင်ပါစေလို့.. ဆန္ဒပြုလျက်…
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
——————–
ပစိဖိတ္သမုဒၵရာအတြင္း (ဖိလစ္ပိုင္ႏိုင္ငံအနီး) ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း ဆာေဂး (Typhoon Surigae) ရဲ႕ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ အေရွ႕ပိုင္း နဲ႔ ေတာင္ပိုင္းေဒသမ်ားမွာ မိုး႐ြာသြန္းျခင္းမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။
အပူပိုင္း တိုင္ဖြန္းမုန္တိုင္းမ်ားဟာ အခုလို ေဆာင္းအကုန္ ေႏြအကူးရာသီမွာ ပစိဖိတ္သမုဒၵရာအတြင္းအျဖစ္မ်ားၾကၿပီး အိႏၵိယသမုဒၵရာမွာလည္း ေမလ-ဇြန္လမ်ားမွာ အပူပိုင္း ဆိုင္ကလုံးမ်ား (ႏွစ္စဥ္ႏွစ္တိုင္း) ျဖစ္ေပၚတတ္ပါတယ္။
အီေကြတာရဲ႕ ေျမာက္ဘက္ျခမ္းမွာ ျဖစ္ေပၚတဲ့ မုန္တိုင္းမ်ားဟာ နာရီလက္တံ ေျပာင္းျပန္လည္ပတ္သလို (Counterclockwise ) တိုက္ခတ္ၾကၿပီး..၊ အီေကြတာရဲ႕ ေတာင္ဘက္ျခမ္းမွာေတာ့ နာရီလက္တံအတိုင္း (Clockwise ) တိုက္ခတ္ၾကပါတယ္။ ဒါဟာ ကမာၻလည္ျခင္းမွာ ျဖစ္ေပၚလာတဲ့ ကို႐ိုးလစ္ အား (Coriolis Force) သက္ေရာက္မႈေၾကာင့္ ျဖစ္ပါတယ္။ (ပုံ)
လက္ရွိ မုန္တိုင္းေၾကာင့္ ရမယ့္ မိုးဟာ အေရွ႕ဘက္က လာမွာျဖစ္လို႔ ျမန္မာႏိုင္ငံမွာ ရရွိေနက် အေနာက္ေတာင္မုတ္သုံမိုးလိုမ်ိဳး ၾကာရွည္မည့္မိုးမ်ိဳး မဟုတ္ပါ။ ေတာင္သူဦးႀကီးမ်ားအတြက္ ေႏြစပါးစိုက္ပ်ိဳးရႏိုင္ေလာက္မယ့္ မိုးမ်ိဳးသာျဖစ္ပါတယ္။ ေမလ၊ ဇြန္လေလာက္မွာေတာ့ အေနာက္ေတာင္ မုန္သုံေလကို ေခၚေဆာင္လာမယ့္ မုန္တိုင္းမ်ိဳးေတြ တိုက္ခတ္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။
မုန္တိုင္းဆိုတာ သဘာဝတရားႀကီးက ေပးတဲ့ လက္ေဆာင္တစ္ခုပါ။ အက်ိဳးရွိစြာ အသုံးခ်တန္ဖို႔နဲ႔.. အႏၲရာယ္မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားၾကဖို႔ လိုပါတယ္။ က်ေနာ္ခ်စ္ရတဲ့ ျမန္မာႏိုင္ငံႀကီး ႏွင့္ ျမန္မာျပည္သူမ်ား အခက္အခဲမ်ားစြာမွ အျမန္ဆုံး လြန္ေျမာက္ေအာင္ျမင္ပါေစလို႔.. ဆႏၵျပဳလ်က္…
အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)