Uncategorized

သင့် ချစ်သူနဲ့ လက်မထပ်ခင်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ

သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ပျော်ရွှင်ရတဲ့ အချိန်လည်း ရှိသလို စိတ်တို ဒေါသထွက် ဝမ်းနည်းရတဲ့ အချိန်တွေလည်း ရှိပါတယ်။ လက်ထပ်ပြီးသွားတဲ့စုံတွဲတိုင်းကတော့ အိမ်ထောင်ရေးခရီးလမ်းက ပန်းခင်းလမ်းလို အမြဲတမ်း ဖြောင့်ဖြူးနေတာမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့အချိန်လည်း ရှိတတ်တယ်လို့ ပြောထားကြပါတယ်။

သင့်အနေနဲ့ သင့်ချစ်သူနဲ့ ရွှေလက်တွဲပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ လက်မထပ်ခင်မှာ ဒီအချက်တွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။

ချစ်ကြည်နူးကာလက တစ်နှစ်ပဲ ခံပါတယ်

လက်ထပ်ပြီးခါစအချိန်က အပျော်ရွှင်ရဆုံးက ခံစားနေရပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာနဲ့ ဂရုစိုက်တတ်ကြတဲ့ ဟန်းနီးမွန်းအချိန်လေးပေါ့။ စိတ်မကောင်းစွာနဲ့ပဲ ထိုအချိန်ကာလက တစ်နှစ်ပဲ ခံပါတယ်။ တချို့စုံတွဲတွေဆို လပိုင်းလောက်ပဲ ခံပါတယ်။


တစ်ယောက်နှင့် တစ်ယောက် လေးစား တန်ဖိုးထားပါ

သင်က သင့်အိမ်ထောင်ဖက်ကို လေးစားတန်ဖိုးထားမယ်ဆိုရင် သင့်ချစ်သူကလည်း သင့်အပေါ် ထိုနည်းတူ ပြုကျင့်ပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မပြောကြဘဲ နေ့စဉ်နေ့တိုင်း ချီးမွမ်းဖို့လိုပါတယ်။ ဒိုင်နာရီစာအုပ်လေးထဲမှာ သင့်ချစ်သူရဲ့ကောင်းတဲ့အချက်လေးတွေကို ရေးမှတ်ထားပေးလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက သင့်တို့ရဲ့အချစ်ခရီးလမ်းကို သာယာဖြောင့်ဖြူးစေပါတယ်။

အသက် ၂၃ နှစ် နောက်ပိုင်းမှ အိမ်ထောင်ပြုပါ

လေ့လာချက်များအရ အသက် ၂၃ နှစ်မတိုင်မှီ အိမ်ထောင်ပြုကြသူများက ကွာရှင်းမှုနှုန်း ပိုများကြတယ်လို့ တွေ့ရှိရပါတယ်။ အသက် ၁၈၊ ၂၀ အချိန်ဆိုတာ ဘွဲ့ရပြီးခါစ အလုပ်စလုပ်တဲ့အချိန်ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်မှုလည်း မရှိသေးတာကြောင့် အမှန်တကယ်ရင့်ကျက်ပြီး ငွေအတန်အသင့် ရှာဖွေပြီးခါမှ လက်ထပ်သင့်ပါတယ်။

စည်းစိမ်းဥစ္စာများကို မမက်မောပါက ပိုပြီးပျော်ရွှင်ရပါတယ်
couple sitting together under money rain

သင်တို့နှစ်ယောက်စလုံးက ငွေရေးကြေးရေး၊ စည်းစိမ်ဥစ္စာများကို မမက်မောဘဲ မိမိမှာရှိတဲ့အရာများနဲ့ ကျေနပ်တင်းတင်းပါက သင်တို့ရဲ့အိမ်ထောင်ရေးက ပျော်ရွှင်ရပါလိမ့်မယ်။ ဒီအချက်ကတော့ လက်ထပ်ပြီးသော စုံတွဲပေါင်း ၁၃၂၀ တွဲကို လေ့လာပြီးမှ ကောက်ချက်ချထားတဲ့အချက်ပဲဖြစ်ပါတယ်။

သင်တို့နှစ်ယောက်က မတူညီကြပါဘူး

ချစ်သူနှစ်ယောက် တစ်အိုးတစ်အိမ်ထူထောင်ပြီး တစ်အိမ်တည်း အတူတူနေကြတဲ့အခါ သင်တို့နှစ်ယောက်ကြား ခြားနားချက်များကို ကွက်ကွက်ကွင်းကွင်း မြင်လာပါလိမ့်မယ်။ ထိုကဲ့သို့ မတူညီချက်များကို မြင်လာတဲ့အခါ စိတ်ရှုပ်မသွားဘဲ တစ်ယောက်ပေါ်တစ်ယောက် ဆက်လက်အလေးထားပေးမယ်ဆိုရင် ပျော်ရွှင်ခြင်းက သင်တို့အတွက်ပါပဲ။

Source: Mountainhouseestate.com