ၾကားသိရသမွ်

မင်္ဂလာခန်းမထဲကို ဝီးရှဲလုံးဝမစီးဘဲ အပျော်ရွှင်ဆုံး ဝင်ရောက်လာခဲ့တဲ့ မသန်စွမ်းသတို့သမီးလေး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ ၊ Cebu မြို့မှာနေထိုင်လျက်ရှိတဲ့ မွေးကတည်းက ခြေနှစ်ဖက်မပါရှိတဲ့ မသန်စွမ်း မိန်းကလေးဟာ သူမရဲ့မင်္ဂလာပွဲနေ့မှာတော့ ပွဲကျင်းပရာဘုရားကျောင်းထဲသို့ ဝီးရှဲလုံးဝမစီးဘဲ ကိုယ်တိုင်ဝင်ရောက်လာခဲ့ပါတယ် ။ Rosie Babor အမည်ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့တနလာၤနေ့က သူမနဲ့ 3နှစ်တာလက်တွဲခဲ့တဲ့ ချစ်သူ Mario Perez နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၊ သူမရဲ့ညာဖက်လက်က တင်ပါးတွေ ဟန်ချက်ညီအောင် ထိန်းငြိပေးရင် သူမရဲ့ဘယ်ဖက်လက်မှာတော့ ပန်းစည်းကိုကိုင်ပြီး အနီးရောင်ကော်ဇောပေါ် ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လာနေခဲ့တာပါ ။ Babor ကတော့ ‘ ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ အရာရာတိုင်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံစေချင်ခဲ့တာပါ ၊ အဲ့ကြောင့် ကျွန်မဘုရားကျောင်းထဲကို ဝီးရှဲမစီးဘဲ ကိုယ်တိုင်ဝင်ရောက်လာခဲ့တာပါ ၊ အနည်းငယ်ခက်ခဲခဲ့ပေမဲ့လည်း အဲ့နေ့က အကောင်းဆုံးဖြစ်ခဲ့ပါတယ် ‘ ဆိုပြီးပြောပြခဲ့ပါတယ် ။

သူမတို့စုံတွဲရဲ့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲvideo ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီး နောက်ဆုံးနှစ်ယောက်လုံးပေါင်းဖက်နိုင်ကြပြီဖြစ်လို့ ဝမ်းသားကြောင်း ရေးသားခဲ့ပါသေးတယ် ။ ကူးစက်ရောဂါအခြေအနေတွေကြောင့် သူမတို့ရဲ့မင်္ဂလာပွဲကို မကြာခဏရက်ရွေ့နေခဲ့ရတာဖြစ်ပြီး ၊ အခုချိန်မှာမှ လက်ထပ်ပွဲကျင်းပနိုင်ခဲ့တာဖြစ်ပါတယ် ။ Babor နဲ့ Perez တို့ဟာ မင်္ဂလာပွဲကို လူအကန့်အသတ်နဲ့သာ ဖိတ်ကြားခွင့်ရလို့ နှစ်ဖက်မိသားစု နှင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ ဖိတ်ကြားခွင့်ရခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Unicode