ၾကားသိရသမွ်

ရွှေနှင့်အိမ်ခြံမြေ ရောင်းဝယ်မှု ဘဏ်စနစ်အသုံးပြုပြီး ပေးချေစေဖို့ ဗဟိုဘဏ် စီစဉ်နေ

လတ်တလော ကြုံတွေ့နေကြရတဲ့ ငွေသားရှားပါးမှုပြဿနာပြေလည်နိုင်စေဖို့ ဗဟိုဘဏ်က ရွှေနဲ့ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အများဆုံး ပေးချေနိုင်တဲ့ငွေသားပမာဏသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရွှေ၊ အိမ်ခြံမြေ ဝယ်ရောင်းလုပ်ငန်းတွေမှာ အများဆုံး ပေးချေနိုင်တဲ့ ငွေသားပမာဏ သတ်မှတ်ထားပြီး သတ်မှတ်ပမာဏ ကျော်လွန်ပါက ဘဏ်စနစ်အသုံးပြုပြီးပေးချေစေဖို့ပါ ဆွေးနွေးပွဲတစ်ရပ်လုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ပြည်တွင်းအခွန်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အပါအဝင် ရွှေလုပ်ငန်းရှင်များအသင်း၊အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ဘဏ်အသင်း၊ ကုန်သည်စက်မှုအသင်းချုပ်နဲ့ ဗဟိုဘဏ် ဒုဥက္ကဌဒေါ်သန်းသန်းဆွေတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘယ်လောက်ပမာဏသတ်မှတ်ထားရှိမလဲဆိုတာ ဆွေးနွေးကြဆဲဖြစ်ပြီး တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ YGEA အသင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဘာမှ ပီပီပြင်ပြင်ပြောလို့ မရသေးဘူး။ဆွေးနွေးနေဆဲအဆင့်မှာပဲရှိသေးတယ်။အစည်းအဝေးတွေမပြတ်သေးဘူး။သက်ဆိုင်ရာအသင်းအဖွဲ့များနဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့တွေ့ဆုံပြီးဗဟိုဘဏ်ကို ပြန်လည်တင်ပြရဦးမှာဖြစ်တာကြောင့် ချက်ခြင်းသတ်မှတ်ဖို့မဖြစ်နိုင်သေးကြောင်’’ ပြောဆိုထားပါတယ်။

စည်းရုံးရေးကာလနဲ့သွားနေတာဆိုတော့ဝုန်းဒိုင်းထလုပ်လိုက်ရင် ဈေးနှုန်းတည်ငြိမ်နေတာတွေ ကမောက်ကမဖြစ်သွားမှာလည်း စိုးရိမ်တယ်လေ။ဒါကြောင့်ချက်ချင်းတော့လုပ်မှာ မဟုတ်သေးဘူး’’လို့ပြောပါတယ်။

Zawgyi

ေ႐ႊႏွင့္အိမ္ၿခံေျမ ေရာင္းဝယ္မႈတြင္ သတ္မွတ္ ေငြသားပမာဏေက်ာ္လြန္ပါက ဘဏ္စနစ္အသုံးျပဳၿပီး ေပးေခ်ေစဖို႔ ဗဟိုဘဏ္ စီစဥ္ေန

လတ္တေလာ ႀကဳံေတြ႕ေနၾကရတဲ့ ေငြသားရွားပါးမႈျပႆနာေျပလည္ႏိုင္ေစဖို႔ ဗဟိုဘဏ္က ေ႐ႊနဲ႔ အိမ္ၿခံေျမ အေရာင္းအဝယ္ျပဳလုပ္ရာတြင္ အမ်ားဆုံး ေပးေခ်ႏိုင္တဲ့ေငြသားပမာဏသတ္မွတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ေ႐ႊ၊ အိမ္ၿခံေျမ ဝယ္ေရာင္းလုပ္ငန္းေတြမွာ အမ်ားဆုံး ေပးေခ်ႏိုင္တဲ့ ေငြသားပမာဏ သတ္မွတ္ထားၿပီး သတ္မွတ္ပမာဏ ေက်ာ္လြန္ပါက ဘဏ္စနစ္အသုံးျပဳၿပီးေပးေခ်ေစဖို႔ပါ ေဆြးေႏြးပြဲတစ္ရပ္လုပ္ခဲ့တယ္လို႔သိရပါတယ္။

အဆိုပါေဆြးေႏြးပြဲမွာ ျပည္တြင္းအခြန္၊ ေငြေၾကးဆိုင္ရာစုံစမ္းေထာက္လွမ္းေရးအဖြဲ႕အပါအဝင္ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၊အိမ္ၿခံေျမ၀န္ေဆာင္မႈအသင္း၊ဘဏ္အသင္း၊ ကုန္သည္စက္မႈအသင္းခ်ဳပ္နဲ႔ ဗဟိုဘဏ္ ဒုဥကၠဌေဒၚသန္းသန္းေဆြတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

လက္ရွိမွာ ဘယ္ေလာက္ပမာဏသတ္မွတ္ထားရွိမလဲဆိုတာ ေဆြးေႏြးၾကဆဲျဖစ္ၿပီး တရားဝင္အတည္ျပဳႏိုင္ျခင္းမရွိေသးဘူးလို႔ YGEA အသင္းတာဝန္ရွိသူတစ္ဦးကဆိုပါတယ္။

ဘာမွ ပီပီျပင္ျပင္ေျပာလို႔ မရေသးဘူး။ေဆြးေႏြးေနဆဲအဆင့္မွာပဲရွိေသးတယ္။အစည္းအေဝးေတြမျပတ္ေသးဘူး။သက္ဆိုင္ရာအသင္းအဖြဲ႕မ်ားနဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္တို႔ေတြ႕ဆုံၿပီးဗဟိုဘဏ္ကို ျပန္လည္တင္ျပရဦးမွာျဖစ္တာေၾကာင့္ ခ်က္ျခင္းသတ္မွတ္ဖို႔မျဖစ္ႏိုင္ေသးေၾကာင္’’ ေျပာဆိုထားပါတယ္။

စည္း႐ုံးေရးကာလနဲ႔သြားေနတာဆိုေတာ့ဝုန္းဒိုင္းထလုပ္လိုက္ရင္ ေဈးႏႈန္းတည္ၿငိမ္ေနတာေတြ ကေမာက္ကမျဖစ္သြားမွာလည္း စိုးရိမ္တယ္ေလ။ဒါေၾကာင့္ခ်က္ခ်င္းေတာ့လုပ္မွာ မဟုတ္ေသးဘူး’’လို႔ေျပာပါတယ္။