ၾကားသိရသမွ်

ကျန်းမာရေးဗဟုသုတမရှိတော့ ငှက်ပျောသီးကြောင့် ကလေးအသက်ဆုံးရှုံးရပြီ

ကျန်းမာရေးဗဟုသုတမရှိတော့ ငှက်ပျောသီးကြောင့် ကလေးအသက်ဆုံးရှုံးရပြီ

ဌက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် စီ ၊ B2တို့ပါဝင်ပြီး လူသားကျန်းမာရေးအတွက် အသုံးဝင်တဲ့ အသီးပါ။ ကလေးတွေစားရင်လည်း သူတို့လေးတွေရဲ့ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ကလေးတွေကျွေးတဲ့အခါ ဘယ်အရွယ်မှ ကျွေးသင့်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

အဖြစ်ပျက်ဟာ အင်ဒိုနီးရှားမှာ ဖြစ်ပျက်ခဲ့တာပါ။ ခုမှမွေးတဲ့ကလေးလေးကို အဘွားဖြစ်သူက ကျန်းမာရေးဗဟုသုတမရှိတော့ ဌက်ပျောသီးကျွေးမိခဲ့တယ်။ ကလေးကို ကျန်းမာရေးကောင်းစေချင်လို့ ကျွေးကာမှ မထင်မှတ်ထားတဲ့ အဖြစ်ပျက်တွေကြုံရတော့တယ်။

ကလေးလေးဟာ ရက်ပိုင်းအတွင်း ကိုယ်အလေးချိန်တွေကျလာတယ်ဆိုပြီး အဘွားဖြစ်သူက စိတ်ပူကာ ဌက်ပျောသီးကို ထောင်ချေပြီးကျွေးလိုက်ပါတယ်။

ဒါပေမယ့် ကလေးရဲ့အစာခြေဖျက်စနစ်ဟာ သိပ်မလုပ်နိုင်သေးတဲ့အတွက် သွေးတွေ အန်ပါလာတော့တယ်။ ချက်ချင်း ဆေးရုံပို့တော့ ကလေးမှာ ကျင်ကြီးအိမ် သွေးထွက်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်

အရေးပေါ်အခြေအနေမှာ ကလေးရဲ့နှာခေါင်း ၊ ပါးစပ်နဲ့ စအိုဝကနေ သွေးတွေထွက်လာပါတယ်။ ဆရာဝန်တွေလည်း အကောင်းဆုံးလုပ်ဆောင်ပါတယ်။

၁နာရီလောက် ကလေးကိုအသည်းသန်ကယ်တင်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ အသက်ဆုံးရှုံးလိုက်ရပါတယ်။ ဒီကလေးရဲ့ဖြစ်ရပ်ကို ဥပမာယူပြီး အခြားမိဘတွေလည်း ကလေးကိုအစာကျွေးတဲ့အခါ ကျန်းမာရေးဗဟုသုတရှိဖို့လိုအပ်ပါတယ်။

Credit

Zawgyi

က်န္းမာေရးဗဟုသုတမရွိေတာ့ ငွက္ေပ်ာသီးေၾကာင့္ ကေလးအသက္ဆုံးရႈံးရၿပီ

ဌက္ေပ်ာသီးမွာ ပိုတက္ဆီယမ္၊ ဗီတာမင္ စီ ၊ B2တို႔ပါဝင္ၿပီး လူသားက်န္းမာေရးအတြက္ အသုံးဝင္တဲ့ အသီးပါ။ ကေလးေတြစားရင္လည္း သူတို႔ေလးေတြရဲ႕ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ဒါေပမယ့္ ကေလးေတြေကြၽးတဲ့အခါ ဘယ္အ႐ြယ္မွ ေကြၽးသင့္တယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။

အျဖစ္ပ်က္ဟာ အင္ဒိုနီးရွားမွာ ျဖစ္ပ်က္ခဲ့တာပါ။ ခုမွေမြးတဲ့ကေလးေလးကို အဘြားျဖစ္သူက က်န္းမာေရးဗဟုသုတမရွိေတာ့ ဌက္ေပ်ာသီးေကြၽးမိခဲ့တယ္။ ကေလးကို က်န္းမာေရးေကာင္းေစခ်င္လို႔ ေကြၽးကာမွ မထင္မွတ္ထားတဲ့ အျဖစ္ပ်က္ေတြႀကဳံရေတာ့တယ္။

ကေလးေလးဟာ ရက္ပိုင္းအတြင္း ကိုယ္အေလးခ်ိန္ေတြက်လာတယ္ဆိုၿပီး အဘြားျဖစ္သူက စိတ္ပူကာ ဌက္ေပ်ာသီးကို ေထာင္ေခ်ၿပီးေကြၽးလိုက္ပါတယ္။

ဒါေပမယ့္ ကေလးရဲ႕အစာေျခဖ်က္စနစ္ဟာ သိပ္မလုပ္ႏိုင္ေသးတဲ့အတြက္ ေသြးေတြ အန္ပါလာေတာ့တယ္။ ခ်က္ခ်င္း ေဆး႐ုံပို႔ေတာ့ ကေလးမွာ က်င္ႀကီးအိမ္ ေသြးထြက္ေနတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္

အေရးေပၚအေျခအေနမွာ ကေလးရဲ႕ႏွာေခါင္း ၊ ပါးစပ္နဲ႔ စအိုဝကေန ေသြးေတြထြက္လာပါတယ္။ ဆရာဝန္ေတြလည္း အေကာင္းဆုံးလုပ္ေဆာင္ပါတယ္။

၁နာရီေလာက္ ကေလးကိုအသည္းသန္ကယ္တင္ခဲ့ေပမယ့္ စိတ္မေကာင္းစြာနဲ႔ အသက္ဆုံးရႈံးလိုက္ရပါတယ္။ ဒီကေလးရဲ႕ျဖစ္ရပ္ကို ဥပမာယူၿပီး အျခားမိဘေတြလည္း ကေလးကိုအစာေကြၽးတဲ့အခါ က်န္းမာေရးဗဟုသုတရွိဖို႔လိုအပ္ပါတယ္။

Credit