ၾကားသိရသမွ်

မကြာသေးမီက အိမ်ကိုဖောက်ထွင်းခံခဲ့ရပေမယ့် ပြင်ဦးလွင်မှာ ခြံဝယ်ခဲ့လို့ ဝေဖန်ခံနေရတဲ့အပေါ် live လွှင့်ပြီး ရှင်းပြလာတဲ့ ဖူးပွင့်သခင်

အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ ခြံတစ်ခြံဝယ်နိုင်သွားပြီဆိုပြီးပြစ်တင်ဝေဖန်ကြသူတွေကို ရှင်းပြလာခဲ့တဲ့ ဖူးပွင့်သခင်အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ ခြံတစ်ခြံဝယ်နိုင်သွားပြီဆိုပြီးပြစ်တင်ဝေဖန်ကြသူတွေကို ရှင်းပြလာခဲ့တဲ့ ဖူးပွင့်သခင်

သရုပ်ဆောင်ဖူးပွင့်သခင်ကတော့ ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ နေအိမ်ကို ယုံကြည်လို့အပ်ထားရာမှ ဖောက်ထွင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ဖူးပွင့်သခင်ရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး ဖူးပွင့်သခင်ကလည်း သူမရဲ့ပစ္စည်းဥစ္စာတွေကို တော်တော်များများ ပြန်မရပဲ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ ဖူးပွင့်သခင်က အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ ခြံတစ်ခြံဝယ်နိုင်သွားပြီဆိုပြီးပြစ်တင်ဝေဖန်ကြသူတွေကို Live လွှင့်ပြီး ရှင်းပြလာတာကိုတွေ့ရပါတယ်။

ဖူးပွင့်သခင်က ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြင်ဦးလွင်မြို့မှာ ခြံတစ်ခြံဝယ်ယူခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မျှဝေခဲ့ရာ ပရိသတ်အချို့က အိမ်ဖောက်ထွင်းခံရတာတောင်မကြာသေးပဲ ပြင်ဦးလွင်လိုမြို့ကြီးမှာတောင် ခြံဝယ်သွားနိုင်ပြီဆိုပြီး ဝေဖန်ခဲ့ရာ

ဖူးပွင့်သခင်က အဆိုပါခြံဟာ သူမရဲ့မွေးစားမိခင်ပိုင်ဆိုင်တဲ့ခြံမြေကွက်တွေရောင်းချပေးခဲ့တာကြောင့် အနုပညာကြေးအနေနဲ့ ရရှိခဲ့တာလို့ Live လွှင့်ပြီး ဖြေရှင်းခဲ့ပါတယ်။

ဖူးပွင့်သခင်ရရှိခဲ့တဲ့ ခြံဟာလည်း သိန်း (၂၀) ပတ်ဝန်းကျင်သာရှိပြီး အနုပညာကြေးအနေနဲ့သာ လက်ခံရရှိခဲ့ကြောင်းကို ပြောလာပါတယ်။ ပရိသတ်ကြီးလည်း ဖူးပွင့်သခင်ခြံဝယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းမှန်ကို သိရှိနားလည်သွားကြမယ်ထင်ပါတယ်နော်။

Source: Phoo Pwint Tha Khin ‘s fb

Zawgyi

အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ ျခံတစ္ျခံဝယ္ႏိုင္သြားၿပီဆိုၿပီးျပစ္တင္ေဝဖန္ၾကသူေတြကို ႐ွင္းျပလာခဲ့တဲ့ ဖူးပြင့္သခင္အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ ျခံတစ္ျခံဝယ္ႏိုင္သြားၿပီဆိုၿပီးျပစ္တင္ေဝဖန္ၾကသူေတြကို ႐ွင္းျပလာခဲ့တဲ့ ဖူးပြင့္သခင္

သ႐ုပ္ေဆာင္ဖူးပြင့္သခင္ကေတာ့ ၿပီးခဲ့တဲ့လပိုင္းက သူမရဲ႕ ေနအိမ္ကို ယုံၾကည္လို႔အပ္ထားရာမွ ေဖာက္ထြင္းခံခဲ့ရတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက ဖူးပြင့္သခင္ရဲ႕ ဆုံး႐ႈံးမႈအတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကၿပီး ဖူးပြင့္သခင္ကလည္း သူမရဲ႕ပစၥည္းဥစၥာေတြကို ေတာ္ေတာ္မ်ားမ်ား ျပန္မရပဲ ဆုံး႐ႈံးခဲ့ရတာပဲျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေန႔မွာေတာ့ ဖူးပြင့္သခင္က အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ ျခံတစ္ျခံဝယ္ႏိုင္သြားၿပီဆိုၿပီးျပစ္တင္ေဝဖန္ၾကသူေတြကို Live လႊင့္ၿပီး ႐ွင္းျပလာတာကိုေတြ႕ရပါတယ္။

ဖူးပြင့္သခင္က ၿပီးခဲ့တဲ့ရက္သတၱပတ္က ျပင္ဦးလြင္ၿမိဳ႕မွာ ျခံတစ္ျခံဝယ္ယူခဲ့တယ္ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွ်ေဝခဲ့ရာ ပရိသတ္အခ်ိဳ႕က အိမ္ေဖာက္ထြင္းခံရတာေတာင္မၾကာေသးပဲ ျပင္ဦးလြင္လိုၿမိဳ႕ႀကီးမွာေတာင္ ျခံဝယ္သြားႏိုင္ၿပီဆိုၿပီး ေဝဖန္ခဲ့ရာ

ဖူးပြင့္သခင္က အဆိုပါျခံဟာ သူမရဲ႕ေမြးစားမိခင္ပိုင္ဆိုင္တဲ့ျခံေျမကြက္ေတြေရာင္းခ်ေပးခဲ့တာေၾကာင့္ အႏုပညာေၾကးအေနနဲ႔ ရ႐ွိခဲ့တာလို႔ Live လႊင့္ၿပီး ေျဖ႐ွင္းခဲ့ပါတယ္။

ဖူးပြင့္သခင္ရ႐ွိခဲ့တဲ့ ျခံဟာလည္း သိန္း (၂၀) ပတ္ဝန္းက်င္သာ႐ွိၿပီး အႏုပညာေၾကးအေနနဲ႔သာ လက္ခံရ႐ွိခဲ့ေၾကာင္းကို ေျပာလာပါတယ္။ ပရိသတ္ႀကီးလည္း ဖူးပြင့္သခင္ျခံဝယ္ခဲ့တယ္ဆိုတဲ့ အေၾကာင္းအရင္းမွန္ကို သိ႐ွိနားလည္သြားၾကမယ္ထင္ပါတယ္ေနာ္။

Source: Phoo Pwint Tha Khin ‘s fb