Unicode,
ဖီချူးလက်ပတ်လေးတေ ဝတ်ဆင်တော့မယ်ဆိုရင် ဒီအချက်လေးတေသိထားဖို့လိုတယ်နော်
ငွေဝင်ကြမ်းတဲ့ ဖီချူးလက်ကောက်လေးတခုရှိရင်နည်းမှန်လမ်းမှန် ဘယ်လိုဝတ်ဆင်သင့်လဲ❓ ဆိုတာ သိဖို့လိုမဲ့ ဗဟုသုတလေးကို shareပေးချင်ပါတယ်။
ဖီချူးကို ဘယ်ဘက်လက်မှာဝတ်ဆင်ခြင်းဟာ လာဘ်ဝင်စေတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးပါတယ်
ဝတ်ဆင်တဲ့အခါမှာ ဖီချူးရဲ့ခေါင်းကို ကိုယ့်ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကို မျက်နှာမူပြီးဝတ်ဆင်ရပါမယ်။(ဖီချူးသည် လက်သန်းဘက်ခေါင်းလှည့်ထားရပါမယ်ရှင်)
ဖီချူးလေးကို သူ့ပိုင်ရှင်ဘယ်သူလဲဆိုတာသိအောင် အမြဲတမ်းလက်လေးနဲ့ ပွတ်ပေးပါ။
ကိုယ်ဝန်ဆောင်မိခင်တွေ ဝတ်ဆင်ဖို့ တော့ မသင့်တော်ပါဘူးတဲ့။
ညာဘက်လက်မှာဝတ်ဆင်ခြင်းကတော့ ကိုယ့်ရဲ့ပစ္စည်းစည်းစိမ်းတွေကို တစ်ခြားလူတွေဆီကို ပေးတဲ့ သဘောကို ဆောင်ပါတယ်တဲ့နော်
ကိုယ့်ခန္ဓာကိုယ်ဘက်ကို မျက်နှာမူပြီး မဝတ်ဆင်ရပါ။
ကိုယ့်ရဲ့ဖီချူးလေးကို တခြားလူတစ်ယောက်ကထိမိ၊ ကိုင်မိလိုက်တယ်ဆိုရင်တော့ ရေလေးနဲ့ပြန်ဆေးပေးလိုက်ပါနော်။
အားလုံးပဲ ဖီချူးလေးတွေ ဝတ်ဆင်ပြီး စီးပွားလာဘ်လာဘတွေတိုးပွါးပြီး သူဌေးကြီးတွေ ဖြစ်ကြပါစေ။