ကရင္နီျပည္နယ္တြင္ စစ္တပ္က လက္နက္ႀကီးမ်ားျဖင့္ ေန႔စဥ္ ပစ္ခတ္ေနျခင္းေၾကာင့္ မိသားစုအခ်ိဳ႕ ေနအိမ္အလုံးလိုက္သယ္ေဆာင္ၿပီး ထြက္ေျပးေနရ (႐ုပ္/သံ)
ရန္ကုန္၊ ဧၿပီ ၃၀
ကရင္နီျပည္နယ္တြင္ အၾကမ္းဖက္ စစ္တပ္က ျပည္သူမ်ား ေနထိုင္ေသာ ၿမိဳ႕မ်ား၊ ေက်းရြာမ်ားႏွင့္ စစ္ေရွာင္စခန္းမ်ားသို႔
လက္နက္ႀကီးမ်ားျဖင့္ ခ်ိန္ရြယ္ပစ္ခတ္ေနျခင္းမ်ားေၾကာင့္
ေနအိမ္ကို အလုံးလိုက္ ကားေပၚတင္ေဆာင္ကာ ထြက္ေျပးတိမ္းေရွာင္ေနရေသာ စစ္ေဘးေရွာင္မိသားစုတစုကို
ယေန႔ ဧၿပီလ ၃၀ ရက္ေန႔တြင္ ကရင္နီျပည္နယ္ ဒီးေမာဆိုၿမိဳ႕နယ္၌ ေတြ႕ျမင္ရသည္။
အဆိုပါ ေနအိမ္သည္ ေဒါငံခါးေက်းရြာမွ မိသားစုတစုက စစ္ေဘးေရွာင္ရင္း ေဆာင္ဒူလာေက်းရြာႏွင့္
ယင္ခူရြာၾကားတြင္ အသစ္ေဆာက္လုပ္ထားျခင္းျဖစ္ၿပီး လက္ရွိ အနီးဝန္းက်င္သို႔ လက္နက္ႀကီးက်ည္မ်ား
ထပ္မံက်ေရာက္ေပါက္ကြဲလာ၍ ေနာက္တႀကိမ္ ေနရာထပ္ေရႊ႕ေနရျခင္းျဖစ္သည္ဟု သိရွိရသည္။
“ျဖစ္တာကအရင္ အိမ္ထားခဲ့ၿပီး ေျပးၾကရတာ။ အခု စစ္ေခြးေတြမရွိတဲ့အခ်ိန္ေရာက္မွ သူတို႔အိမ္ေလးေတြကို
အခုလို ေရႊ႕ေျပာင္းမႈလုပ္ၾကရတာပါ” ဟု မ်က္ျမင္ေတြ႕ရွိသူ ေဒသခံတစ္ဦးက ေျပာသည္။
credit,
Unicode,
ကရင်နီပြည်နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေခြင်းကြောင့် မိသားစုအချို့ နေအိမ်အလုံးလိုက်သယ်ဆောင်ပြီး ထွက်ပြေးနေရ (ရုပ်/သံ)
ရန်ကုန်၊ ဧပြီ ၃၀
ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သော မြို့များ၊ ကျေးရွာများနှင့် စစ်ရှောင်စခန်းများသို့
လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နေခြင်းများကြောင့်
နေအိမ်ကို အလုံးလိုက် ကားပေါ်တင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်မိသားစုတစုကို
ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ကရင်နီပြည်နယ် ဒီးမောဆိုမြို့နယ်၌ တွေ့မြင်ရသည်။
အဆိုပါ နေအိမ်သည် ဒေါငံခါးကျေးရွာမှ မိသားစုတစုက စစ်ဘေးရှောင်ရင်း ဆောင်ဒူလာကျေးရွာနှင့်
ယင်ခူရွာကြားတွင် အသစ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိ အနီးဝန်းကျင်သို့ လက်နက်ကြီးကျည်များ
ထပ်မံကျရောက်ပေါက်ကွဲလာ၍ နောက်တကြိမ် နေရာထပ်ရွှေ့နေရခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဖြစ်တာကအရင် အိမ်ထားခဲ့ပြီး ပြေးကြရတာ။ အခု စစ်ခွေးတွေမရှိတဲ့အချိန်ရောက်မှ သူတို့အိမ်လေးတွေကို
အခုလို ရွှေ့ပြောင်းမှုလုပ်ကြရတာပါ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

Video Player
00:00
01:03
credit,