မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက်
ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေတက်ပြောရတယ်…
ရွာကလဲ အရေးအကြောင်းဆိုဒီနေရာလေး အထိ လာပြောရတာပဲ
ဖုန်းလိုင်းမမိ ၊ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ရွာကလေး တခုကိုရောက်ခဲ့ချိန် အိမ်ရှင် အမ က ကျွန်မ ဖုန်းသုံးဖို့ နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့ စကားလေးပါ…
ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်…..
သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။
တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့ ဘာလို့လဲ ဆိုတော့ သူအသက် ၁၀ နှစ်သမီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်…
တော်တော်ပင်ပန်းတဲ့ ဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်။ စစ်ဘေးရှောင်ရတဲ့အချိန်တုန်းက မိသားစုစားဖို့ ရိက္ခာသယ်သွားရတဲ့အခါ ဆန်အိတ်ကိုခေါင်းပေါ်ရွက် လို့ မတ်တပ်အိပ်ရတဲ့အခါတွေတောင် ရှိခဲ့တယ်တဲ့…
ဆန်အိတ်ချပြီးနားရင် ပြန်ပြီး မ , တင်ဖို့ မနိုင်လို့တဲ့… ရွာပြန်ရောက်တဲ့ အခါ လဲ နေစရာအိမ်က ပြာ ကျအောင် မီးတိုက်ခံထားရသလို အိမ်မွေးတိရစ္ဆာန်တွေ ကိုလဲ စိတ်ကြိုက် ယူဆောင် သွားကြသေးသတဲ့ …
ပြီးတော့ ဗမာစစ်သားတွေက ကရင်တိုင်းရင်းသားတွေကို ရွာလုံးကျွတ်သ တ်ဖြတ်တာတွေ ၊ သ တ်တဲ့အခါလဲ ချက်ချင်း မသ တ်ပဲ ရက်ရက်စက်စက် နားရွက်ကိုဖြ တ် ၊ မျက်လုံးတွေဖော က်ထုတ်နဲ့ သ တ်တာတွေ ကြုံခဲ့ရတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ် …
ဒါကြောင့် ဗမာတွေဆို သိပ်မုန်းတာ… ဗမာစကားကို လုံးဝမတတ်ချင် မပြောချင်ဘူး… မသင်ချင်ဘူး …ဗမာတွေနဲ့ စကားပြောနေရမှာစိုးလို့တဲ့…
အဲ့လိုစကားတွေ နားထောင်နေရတဲ့အချိန် ကျွန်မအင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်… ကျွန်မမျက်နှာဘယ်နားထားရမှန်း မသိအောင် အားနာပြီး မျက်နှာတွေ ပူနေမိတယ်
အရင်က ဒီလိုနာကြည်းစိတ်တွေရှိတဲ့ အမ က အခု သူတခါမှ မမြင်ဖူးတဲ့ ကျွန်မကို မေတ္တာပြ ဆက်ဆံပေးပြီး ကျွန်မတို့စားဖို့အတွက် ညစာအဖြစ် ကြက်ဥကြော်ပြီး လာပို့ပေးခဲ့တယ်…..
သူတို့ရဲ့ နွေးထွေးမှု ၊ သဘောထားကြီးမှု ၊ ခံစားချက် နဲ့ အိမ်ရှင် ဝတ္တရား ခွဲခြားထားနိုင်မှု ၊ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်မ သိပ်ကျေးဇူးတင်မိပါတယ်…
သူတို့နေရာလေး ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းလိုင်းမိဖို့ ကျွန်မနိုင်ရာ ဆောင်ရွက်ပါဦးမယ်…
ဗမာတိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်းသား လူမျိုးတိုင်း ဟာ အနည်းအများသာကွာချင် ကွာမယ်… စစ်အာဏာရှင်ကြောင့် ဒုက္ခ ရောက်ရတာချင်း အတူတူ ဖြစ်တဲ့အကြောင်း အခွင့်ရတဲ့ တနေ့ကျရင် ကျွန်မ ပြန်သွားပြီး ကရင်ဘာသာနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ဦးမယ် ထင်ပါတယ်…
ရှုခင်းတွေက ဓါတ်ပုံရိုက်ဖို့ ရူးချင်စရာ ကောင်းလောက်အောင် လှတဲ့ ပတ်ဝန်းကျင် ဖြစ်နေတာကလဲပြန်သွားချင်စရာကြီးကိုး….
နွေးထွေးမှုအတွက် ကျေးဇူးပါ အမတို့ရေ…
ထားထက်ထက်
3 October 2021