ၾကားသိရသမွ်

အင်ဒိုနီးရှားနိင်ငံမှာ မွေးမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူရော၊ သင်္ဘောရော ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)

မိခင်ကိုစော်ကား၍ ကျောက်ရုပ်ဖြစ်သွားသူ (တကယ့်ဖြစ်ရပ်မှန်)

အင်ဒိုနီးရှားနိင်ငံမှာ မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူကော သင်္ဘောကော ပစ္စည်းများအပါအဝင်

ကျောက်ခဲဖြစ်သွားခဲ့တဲ့(ဖြစ်ရပ်မှန်)လေးကို လေ့လာဖတ်ရှုပြီးသကာလ သံဝေဂညာဏ် ရယူနိုင်ပါရန်ရည်ရွယ်ကာ တင်ပေးလိုက်ပါ၏ ။

ဒီအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်ကျော်ကဖြစ်ရပ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်က Padang ဆိပ်ကမ်းနဲ့သိပ်မဝေးတဲ့နေရာမှာ ခုထိရှိနေဦးမယ့် လေ့လာစရာနေရာတစ်ခုပါ။

ဒီလူနာမည်ကိုတော့ Marlin Kundang လို့ သိရပါတယ်။Kundang ကိုဘယ်မှာမွေးဖွားတယ်ဆိုတာတော့အတိအကျမသိပေမယ့်၊ငယ်စဉ်တည်းကမိခင်နဲ့သားအမိ နှစ်ယောက်သာရှိခဲ့ပါတယ်၊

ဖခင်ဆုံးပါးပြီးနောက်မှာ လူမမယ် kundang ကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့ရပါတယ်။

မိခင် က ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အခါ အရပ်တကာလှည့်ရင်း kundang ကိုလက်ဆွဲခေါ်သွားရပါတယ်။

ဖတဆိုးသားကို ချစ်လွန်းလို့ မဆူရက်မပြောရက်နဲ့။ ဒီလိုနဲ့ kundang အရွယ်ရောက်လာတဲ့အခါမှာ တနယ်တကျေးမှာ အလုပ်သွားလုပ်ဖို့ မိခင်ကို ပြစ်ထားပြီး တရပ်တကျေးကို ထွက်ခွာခဲ့ပါတယ်။

တရပ်တကျေးမအလုပ်လုပ်နေပေမယ့်၊မိခင်ကို အကြောင်းမကြား မထောက်ပံ့ပဲအစဖျောက်နေထိုင် လာခဲ့ရာက သဘေ်ာပိုင်ရှင်က

သဘောကျ တော့ကုန်သွယ်လုပ်ငန်းမှာ သဘေ်ာကို ဦးစီးပြီး လုပ်လာနိုင်တဲ့ ကုန်တင်လှေကြီးရဲ့မာလိန်မှုးတစ်ဦးဖြစ်လာခဲ့ပါတယ်၊

သူဌေးဖြစ်သူရဲ့ သမီးနဲ့ အိမ်ထောင်ကျကာ၊ ကုန်တင်လှေကြီးကို ဦးစီးလုပ်နိုင်ခဲ့ပေမယ့်မိခင်ကြီးကိုတော့ဖြင့် သတိကင်းမဲ့စွာပစ်ထားခဲ့ပါတယ်။

မိခင်ကြီးကတော့ အရပ်တကာနည်လှည့်ပြီးသားရှာပုံတော် ဖွင့်ခဲ့ရာက တစ်နေ့ ဒီအရပ် ဒီနေရာ မှာ၊ ပျောက်ခြင်းမလှ ပျောက်နေတဲ့သားကို အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။

Kundang ကလည်း padang မှာ ကုန်တင်ပြီးရင်လှေကြီးထွက်တော့မှာမို့ ဝယ်စရာခြမ်းစရာအတွက် ဈေးဝယ်ထွက်ရင်း၊ အမေကြီးနဲ့လမ်းမှာဆုံမိကြပါတယ်။

မိခင်ကြီးက ဝမ်းသာအားရ အပြေးအလွှားနှုတ်ဆက်ရင်း သူရှာနေတာကြာပြီဖြစ်တဲ့အကြောင်း၊ ပြန်တွေ့ရလို့ ဝမ်းသာကြောင်းနှုတ်ဆက်ပေမယ့်၊ kundang ကတော့

“ခင်ဗျား ဘယ်သူလဲ၊ကျုပ်ခင်ဗျားကိုမသိဘူး၊ခင်ဗျားတောင်းစားရင်လည်း အေးဆေးတောင်းစား၊လာမလိမ်နဲ့” ဆိုပြီးခါးခါးသီးသီးငြင်းလွှတ်ပါတယ်။

မိခင်ကြီးက ရှက်လည်းရှက် ဒေါသကလည်းထွက် နာကျည်းစိတ်ကလည်းဖြစ်နဲ့ “မိခင်အရင်းကိုတောင် စော်ကားတဲ့ကောင်၊နင်ဟာ

လေ ကျောက်တုံးကျောက်ခဲဖြစ်မယ့်ကောင်၊နင်ရော နင့်လှေပါကျောက်ဖြစ်ပါစေ” လို့ကျိန်စာတိုက်ခဲ့ပါတယ်။

ဒါနဲ့ kundang ဟာ မိခင်ကို ပြစ်ထားခဲ့ပြီးလှေကြီးဆီပြန်လာ၊ပြင်ဆင်စရာတွေပြင်ပြီးလှေထွက်ဖို့ပြင်ကြပါတယ်၊။

လှေ အဆင်သင့်ဖြစ်လို့ ထွက်ခါနီးမှာ လေတွေပြင်းထန်စွာတိုက် မိုးတွေရွာကျ လျှပ်စီးတွေလက်ပြီး သင်္‌ေဘာထွက်

ဖို့ လုပ်ပေမယ့်၊လှေကတဖြည်းဖြည်း ငြိမ်နေရင်း လှေပေါ်ပါ ပစ္စည်းတွေရော၊လူပါ ကျောက်သားပကတိဖြစ်လာပါပြီ၊

ရသမျှ အားနဲ့ အမေ့အပေါ်စော်ကားမိသမျှတောင်းပန်နေရင်းက သူ့တကိုယ်လုံးပါ ပုံပါအတိုင်း ကျောက်သားစစ်စစ်ဖြစ်သွားရပါတယ်။

ကျနော်လည်း ပြောပြသူ ကိုစိတ်ဝင်စားတာနဲ့၊ ငါ့ကို လိုက်ပြမလားဆိုတော့ လိုက်ပို့မယ်ဆိုပြီး သူ့ရဲ့ငှက်လှေနဲ့လိုက်ပြပေးခဲ့လို့ kundang ရဲ့နေရာကိုရောက်ရှိ မှတ်တမ်းတင်ထားခဲ့ပါတယ်၊

သူ့နေရာက ကျောက်သားတွေဟာပကတိထွင်းထုထားခြင်းမရှိတဲ့ အစစ်တွေဖြစ်နေတာအံ့ဩစရာပါပဲ၊ကြိုးခွေတွေကအစစည်ပိုင်းတွေပါ ကျောက်ဖြစ်နေတာတွေ့ခဲ့ရပါတယ်။

လှေဦးကတော့ အကျယ် ၁၃ပေလောက်ရှိပေမယ့် မြေပေါ်ကို တစ်ပေသာသာလောက်ပဲပေါ်နေပါတော့တယ်။လူသားနဲ့တူတဲ့ ပုံပါ သူကိုတော့ kundang လို့ပဲ သတ်မှတ်ထားကြပါတယ်။

အဲ့မှာ သူ့ဘဝအကြောင်းကို စာအုပ်ရောင်းနေပေမယ့် အင်ဒိုဘာသာနဲ့ရေးထားတော့အများကြီးလည်းနားမလည်တာနဲ့ မဝယ်ဖြစ်ခဲ့ဘူး၊ ဓာတ်ပုံတွေ ဝယ်ခဲ့ရမှာ မဝယ်ခဲ့မိတာခုမှနောင်တ ရမဆုံးတော့ပါဘူး။

တကယ်လို့ သွားချင်လေ့လာချင်ရင်တော့ Jakarta ကိုလေယာဉ်စီး အဲဒီကနေ စူမားတြားကို padang ထိရောက်အောင်ဆက်သွားရမယ်။

Jakarta က Jawa ကျွန်းဖြစ်ပြီး padang ကတော့စူမားတြားဖြစ်လို့ selat sunda လို့ခေါ်တဲ့ Sunda ရေလက်ကြားကို ferry နဲ့ဖြတ်ရပါမယ်၊ အဲဒီကနေ padangကိုကားစီးသွားလို့ ရပါတယ်၊

ကျနော် ကတော့ သဘေ်ာကုန်ချရင်း ၂၀၀၉ ခုနှစ်က ရောက်ခဲ့တာမို့ ကုန်းလမ်းကိုတော့ သိပ်မကျွမ်းကျင်ပါဘူး နေရာကတော့Padang port(ဆိပ်ကမ်း)ရောက်တာနဲ့ သိပ်မဝေးလှပါဘူး။

ပေးချင်တဲ့message ကတော့၊ ဘယ်လူမျိုးဘယ်ဘာသာဝင်မှာမဆို အမိအဖ ကိုစော်ကားရင် ချက်ချင်းလက်ငင်း ပြန်အကျိုးပေးတတ်တယ်ဆိုတာ သိစေချင်လို့ပါပဲ။

အောက်ပါဓာတ်ပုံနဲ့ အထက်ဖော်ပြပါနေရာတွေကို ကျနော်ကိုယ်တိုင် ရောက်ရှိမှတ်တမ်းတင်ခဲ့တယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။

Credit